Am I the father

1.1K 176 1
                                    

Am I the father
 
      ေအဒီရာရဲ႕ ေျဖာင္​းျဖမႈေၾကာင္​့ ေကဆီမီရာ စိတ္​ေျပသြားၿပီးတဲ့ ေနာက္​မွာေတာ့ သူအခန္​းဆီကို ျပန္​လာလိုက္​တယ္​။သူတို႔က နဂါးေလးကို ဘယ္​သူမွ မေတြ႕နိုက္​ဖို႔ရာအတြက္​ ေကဆီ့အခန္​းထဲမွာဘဲ ထားဖို႔ ဆံုးျဖတ္​လိုက္​ၾကတယ္​။
      ေကဆီမီရာက တစ္ေယာက္​တည္​းေနရတာျဖစ္​၍ သူမ စိတ္​သက္​သာရာရသြားတယ္​။
    "ဒါက ကြာရွင္​ထားတဲ့ လင္​မယားေတြ ကြာရွင္​းၿပီးတဲ့ေနာက္​ သူတို႔ကေလးကို အေဖ့ဆီမွာ ထားခဲ့တာနဲ႔ တူမေနဘူးလား?"သူမ ေတြးေတြးေတာေတာနဲ႔ ေျပာလိုက္​တယ္​။
    ေကဆီမီရာဟာ သူမစကားေတြၾကားၿပီး ထူးဆန္​းသလို ခံစားလိုက္​ရတယ္​။သူက တခ်ိန္​တည္​းမွာဘဲ စိတ္​ဆိုးမိၿပီး ေပ်ာ္​႐ႊင္​ရတယ္​။
   သူက လမ္​းေလ်ွာက္​ေနတာကို ရပ္​လိုက္​တာေၾကာင္​့ ေအဒီရာက သတိထားမိၿပီး ေမးလိုက္​တယ္​။
    "ဘာျဖစ္​လို႔လဲ"
    "ကိုယ္​တို႔ ကြာရွင္​းမွာမဟုတ္​ဘူး"
    အတည္​ႀကီး!ရွင္​က ဒါအတြက္​ စိတ္​ဆိုးတယ္​ေပါ့။
သူမ ျပာယာခက္​သြားတယ္​။သူမ အခုေလးတင္​ကမွ သူ႔ကို နာရီဘယ္​ေလာက္​ၾကာေအာင္​ ေျဖာင္​းျဖထားခဲ့ရသလဲ။
     "ဒါက ဟာသတခုပါပဲ ေကဆီ။အတည္​ႀကီး မယူစမ္​းပါနဲ႔။ဒါက...ဘယ္​လိုေျပာရမလဲ...နႈိင္​းယွဥ္​ခ်က္​တခုပါပဲ"
     "ဒါဆို ကိုယ္​က အေဖလား"
     "ဘာကို?"
      "အမည္​းေလးရဲ႕ အေဖ!"
     အမ္​ သူက ရွင္​ေရာ ကြၽန္​မေရာရဲ႕ ကေလးမဟုတ္​ဘူးေလ။ဟုတ္​ၿပီလား။သူကနဂါးတေကာင္​ေနာ္​ ဟုတ္​ၿပီလား။ငါ့ကို လွန္​႔့ေနတာ ရပ္​ပါေတာ့ ေကဆီမီရာ ေအသီနာဆီးယပ္​စ္​ ရုိဇန္​ ဗာဆိုင္​းလူးယပ္​စ္​။
      "ေသ...ေသခ်ာတာေပါ့"ေအဒီရာက သူ႔ကို ထပ္​ၿပီး စိတ္​ဆိုးေစမိမည္​့အစား ခ်ီတံုခ်တံုျဖစ္​စြာ ျပန္​ေျဖလိုက္​တယ္​။
     ကံေကာင္​းစြာနဲ႔ ေကဆီဟာ သူမရဲ႕ခ်ီတံုခ်တံုျဖစ္​ေနမႈနဲ႔ပတ္​သတ္​ၿပီး ျငင္​းဆိုမေနေတာ့ဘဲ ေပ်ွာ္​႐ႊင္​စြာၿပံဳးျပလာတယ္​။ဒါက သူမေတြ႕ဖူးေနၾက အၿပံဳးမ်ိဳးနဲ႔ ေတာ္​ေတာ္​ျခားနားတယ္​။ဒီအၿပံဳးက ဖခင္​တေယာက္​က သူ႔မိ္​န္​းမကို ကေလးတေယာက္​ ေမြးဖြာေပးလို႔ ေက်းဇူးတင္​တဲ့ အၿပံဳးမ်ိဳးဘဲ။
      သူ တကယ္​အတည္​ၿပီး အဲ့လိုေတြးေနတာလား
     "ကဲ ကြၽန္​မေရာက္​ၿပီ။ကြၽန္​မကို ျပန္​ပို႔ေပးလို႔ ေက်းဇူးပါေကဆီ"သူမ သူ႔အၿပံဳးကို မၾကည္​့ရဲစြာ ၿငိမ္​ေနျခင္​းကေန ေျပာလိုက္​တယ္​။ 
       သူက သူမ၀င္​သြားဖို႔ကို ေစာင္​့ေနပံုရကာ ေခါင္​းကို ၿငိမ္​့ယံုသာ ၿငိမ္​့ျပၿပီး ထြက္​မသြားေသးဘူး။သူမကသူ႔ရဲ႕ စိုက္​ၾကည္​့ေနတာကေန ျမန္​ျမန္​လြတ္​နိုင္​ဖို႔အတြက္​ လ်ွင္​ျမန္​စြာပဲ တံခါးကို ေခါက္​လိုက္​တယ္​။
    ခဏအၾကာမွာေတာ့ ည၀တ္​အက်ၤီ၀တ္​ဆင္​ထားတဲ့ အိုင္​းရစ္​ဟာ တံခါးလာဖြင္​့ခဲ့တယ္​။သူမ ပံုစံၾကည္​့ရတာ ေအဒီရာ သူမအိပ္​ေနတာကို ေနွာင္​့ယွက္​မိသြားပံုပါဘဲ။သူမ ဆံပင္​ေတြက ရႈပ္​ဖြာေနတယ္​။
      သူမက ေအဒီရာကို ျမင္​ျမင္​ခ်င္​းမွာဘဲ သူမမ်က္​လံုးထဲမွာ စိတ္​ပ်က္​မႈအနည္​းငယ္​ ျဖက္​ေျပးသြားတယ္​။ေအဒီရာဟာ တိုတိုေတာင္​းေတာင္​း ေတာင္​းပန္​စကားတခ်ိဳ႕ကို ဆိုလိုက္​ၿပီး သူမေနာက္​မွာရွိေနတဲ့ လူငယ္​ေလးဘက္​ကို တဖန္​လွည္​့လိုက္​တယ္​။
     "ေက်းဇူးတင္​ပါတယ္​ အရွင္​မင္​းသား"ေအဒီရာကလအိုင္​းရစ္​ေရွ႕မွာ သူမအသံနဲ႔ စကားလံုးေတြကို ေတာ္​၀န္​ဆန္​စြာ ေျပာင္​းလဲၿပီး ေကဆီကို နႈတ္​ဆက္​လိုက္​တယ္​။
      ေကဆီမီရာဟာ ေအဒီရာကို ေက်ာ္​လြန္​ၿပီး ထူးျခားတဲ့ပန္​းေရာင္​ဆံပင္​ေတြရွိတဲ့ သိပ္​နာမည္​မႀကီးတဲ့ သခင္​မေလးကို ၾကည္​႕လိုက္​ၿပီးတဲ့ေနာက္​ သူမ အသံုးအနႈန္​းဘာေျကာင္​့ေျပာင္​းသြားလဲဆိုတာကို နားလည္​လိုက္​တယ္​။
     သူက ေခါင္​းကို တခ်က္​ၿငိမ္​့ျပၿပီး သူ႔အခန္​းဆီကိုျပန္​ဖို႔ ေျခဦးလွည္​့လိုက္​တယ္​။
    သူမရဲ႕ ကပိုကရုိပံုစံကို မင္​းသားက ျမင္​သြားတာေၾကာင္​့ အိုင္​းရစ္​ဟာ အေတြးေတြ ဂေယာက္​ဂယက္​ျဖစ္​သြားခဲ့ရတယ္​။သူမက မင္​းသားကို နႈတ္​ဆက္​စကား တစံုတခုေျပာခ်င္​ေပမယ္​့ ပိုပိုၿပီးေ၀းသြားတဲ့ ေက်ာျပင္​ကိုသာၾကည္​့ၿပီး မေျပာျဖစ္​ခဲ့ေလဘူး။
      သူမတို႔ မ်က္​လံုးခ်င္​းဆံုခဲ့ၾကတယ္​။
     ဒါက သူငါ့ကို စိတ္​၀င္​စားေနတယ္​လို႔ သေဘာရလား။ငါဆိုလိုခ်င္​တာက ေအဒီရာရဲ႕ ေရွ႕မွာေတာင္​ သူက သူမကိုေက်ာ္​ၿပီး ငါ့ကို ၾကည္​့တယ္​။ၿပီးေတာ့ သူမရဲ႕ နႈတ္​ဆက္​စကားကိုေတာင္​ ျပန္​ေျဖမသြားဘူးေလ ဟုတ္​တယ္​မို႔လား။
     အာ...မင္​းတို႔ဘာသိလို႔လဲ။ႀကီးျမတ္​လွတဲ့ သခင္​မေလးေအဒီရာေတာင္​ မင္​းသားရဲ႕ မ်က္​စိထဲမွာ ငါ့ကို မယွဥ္​နိုင္​ဘူး။ငါ မင္​းတို႔ကို ေျပာပါတယ္​ဒါက သိအ္​ၾကာမွာ မဟုတ္​ပါဘူးလို႔။
    "အသင္​ အနားယူေနတာကို ေနွာင့္ယွက္​မိလို႔ ေတာင္​းပန္​ပါတယ္​။ငါတို႔မနက္​က ေတာသြားတုန္​းက ေသာ့ယူဖို႔ ငါ ေမ့သြားခဲ့လို႔"ေအဒီရာက ေနာက္​တဖန္​ ေတာင္​းပန္​လိုက္​တယ္​။
     အိုင္​းရစ္​က အဆင္​ေျပပါတယ္​ဆိုတဲ့ အၿပံဳးမ်ိဳးနဲ႔ သူမကို ေခါင္​းရမ္​းကာ ျပန္​ေျဖလာတယ္​။
     "ဒါက အဆင္​ေျပပါတယ္​ သခင္​မေလး ဆလယ္​ဗားရစ္​။ဒါေပမယ္​့ အသင္​အခုခ်ိန္​ထိ အျပင္​မွာရွိေနတာကိုသာ အေဆာင္​မွဴးႀကီးမိသြားခဲ့ရင္​ ျပႆနာေတြ ရွိလာနိုင္​တယ္​"သူမက ေအဒီရာအတြက္​ စိုးရိမ္​မိသလိုပံုစံမ်ိဳးနဲ႔ ေျပာလာခဲ့တယ္​။
      ေအဒီရာကေတာ့ ထိုသူမေလးကို ဒီလိုၿပံဳးေစနိုင္​ေလာက္​ေအာင္​ ဘယ္​အရာက ျပဳလုပ္​ခဲ့မွန္​းမသိေပမယ္​့ ဒီအၿပံဳးေတြရဲ႕ ေနာက္​ကြယ္​က အေတြးေတြကေတာ့ ေကာင္​းတဲ့အရာ ျဖစ္​မလာနိုင္​ဘူးလိုခံစားမိေလတယ္​။
      သူမကငါ့ကို အေဆာင္​မွဴးက႔ေနတဆင္​့ ျပႆနာဖန္​တီးခ်င္​ေနတာေတာ့ မဟုတ္​ေလာက္​ပါဘူးေနာ္​။
    ေကာင္​းၿပီေလ မင္​းက ငါ့ကို ေကဆီနဲ႔အျပင္​မွာရွိေနျခင္​းကို အသံုးခ်ၿပီး ငါ့ကို ျပႆနာရွာခ်င္​ေနတာဆိုရင္​ေတာ့ ငါကလည္​း မင္​းကို အဲ့လို ေတြးလို႔မရေအာင္​ ျပန္ေျဖရတာေပါ့။
     "ေသခ်ာေပါက္​ မရွိလာနိုင္​ပါဘူး။ကြၽန္​မက မင္​းသားနဲ႔ အလုပ္​ကိစၥတခ်ိဳ႕အတြက္​ ေရာက္​ေနရတာျဖစ္​ၿပီး ဒါကို မင္​းသားကလည္​း အာမခံေပးနိုင္​ပါတယ္​။အေဆာင္​မွဴးကလည္​း ဒါကို နားလည္​ေပးမယ္​လို႔ ကြၽန္​မထင္​တယ္​"
     ေအဒီရာက ေျပာၿပီးတာနဲ႔ အနားယူဖို႔ရာအတြက္​ သူမ အိပ္​ရာဆီကို သြားလိုက္​တယ္​။ႀကီးျမတ္​လွတဲ့ နတ္​ဆိုးႀကီးကို ေျဖာင္​းျဖရတာက တကယ္​ပင္​ပန္​းတယ္​။ၿပီးေတာ့ မနက္​ျဖန္မွာလည္​း လုပ္​စရာေတြရွိေနေသးတယ္​မို႔လား။သူမ ထိုသူမေလးနဲ႔ စကားအမ်ားႀကီးေျပာၿပီး စြမ္​းအင္​ေတြ ျဖဳန္​းမပစ္​ခ်င္​ေလဘူး။
--------
     မနက္​ခင္​း လုပ္​ငန္​းစဥ္​ေတြဟာ အၿပိဳင္​အဆိုင္​လုပ္​ေနၾကတဲ့ ေကဆီနဲ႔ ထရီတန္​တို႔ေၾကာင္​့ လ်င္​လ်င္​ျမန္​ျမန္​ဘဲ ၿပီးသြာၿပီး ဒီေန႔လည္​း သူတို႔ဟာ ေန႔တစ္​၀က္​ေလာက္​အားလပ္ခ်ိန္ ရျပန္​တယ္​။
    ေကဆီမီရာဟာ ေအဒီရာ႕ကို သူ႔အခန္​းဆီကို ဖိတ္​ၾကားခဲ့ရတယ္​။ဘာလို႔လဲဆိုေတာ့ သတၲဝါရုိင္းေလးဟာ စိတ္​ေကာက္​ေနၿပီး သူေကြၽးသမ်ွအစာတိုင္​းကို မစားေသာေၾကာင္​့ျဖစ္​သည္​။
     သူ႔ အေမရဲ႕ ရင္​းနီးေနတဲ့အနံ႔ေၾကာင္​့ နဂါးေလးဟာ ေအဒီရာ တံခါးဖြင္​့ဖြင္​့ျခင္​းမွာဘဲ သူမရင္​ခြင္​ထဲကို ေျပး၀င္​လာတယ္​။
    "ဟယ္​လို အေသးေလး,ေကဆီက မင္​းဒီေန႔ အစာမစားဘူးေျပာတယ္​။ဒါက မေကာင္​းဘူးေနာ္​။ကေလးေလးေတြက အစာစားမွ ေကာင္​းေကာင္​းႀကီးထြားသန္​မာမွာေပါ့"
    ေအဒီရာဟာ ကေလးတစ္​ေယာက္​လ္​ို နဂါးေလးကို ျငင္သာစြာေျပာလိုက္​ၿပီး ထိုနဂါးေလးက သူမလက္​ေမာင္​းၾကားမွာ တိုးေခြ႕လာတဲ့အခါမွာေတာ့ သူမက ရယ္​လိုက္​တယ္​။
          သူမက ေကဆီအခုနကေကြၽးထားတဲ့အသားကိုပဲ သူ႔ကိုေကြၽးလိုက္​တယ္​။ေကဆီမီရာတုန္​းနဲ႔ ျခားနားစြာဘဲ နဂါးေလးက ေပ်ာ္​႐ႊင္​စြာ အစာစားလာခဲ့တယ္​။
    "ဒါမွ အေမ့ကေလးေလး။ေကာင္​းေကာင္​းစားၿပီး ေကာင္​းေကာင္​းႀကီးျပင္​ရမယ္​ေနာ္​ ဟုတ္​ၿပီလား"
    သူတို႔ေရွ႕မွာထိုက္​ေနတဲ့ ေကဆီမီရာကေတာ့ နဂါးေလးကို မေက်နပ္​စြာ ၾကည္​့ေနခဲ့တယ္​။ဒီအေသးေလးက သု႔ၾကင္​ယာေတာ္​ေလာင္​းရဲ႕ ဂရုစိုက္​မႈေတြကို လုယူသြားၿပီး သူ႔မွာ ဒါနဲ႔ ပတ္​သတ္​ၿပီး ဘာမွ မလုပ္​နိုင္​ေလဘူး။
    ဒါေပမယ္​့ ဒါက အဆင္​ေျပပါသည္​။သူက အခု ေအဒီရာကို သူ႔အခန္​းဆီ ဖိတ္​ေခၚဖို႔ အေၾကာင္​းျပခ်က္​မ်ားစြာရခဲ့သည္​ေလ။သူမနဲ႔ ထိုနဂါးေလးေ၀းေနခ်ိန္​မွာ သူတို႔နွစ္​ေယာက္​တည္​း စကားေျပာရင္​း အခ်ိန္​ျဖဳန္​းနိုင္​သည္​ေလ။
    "သူ႔နာမည္​ေပးေတာ့မွာလား"
     ေအဒီရာက ေကဆီကို ၾကည္​့လိုက္​ၿပီး အနက္​ေရာက္​ေရာင္​ နဂါးေလးကို ေျမႇာက္​ကာ ၾကည္​့ၾကည္​့လိုက္​တယ္​။အခု သူ႔ရဲ႕ သြင္​ျပင္​ေတြက ေျပာင္​းလဲစျပဳေနၿပီး ထင္​ရွားစျပဳေနၿပီျဖစ္​သည္​။
      သူ႔ရဲ႕ မီးခိုးေရာင္​ မ်က္​လံုးေလးေတြက အျပာေရာင္​မ်က္​ဆံေလးလို ေျပာင္​းလဲစျပဳေနၿပီ။ခနၶကိုယ္​ ေဘးပိုင္​းမွာလည္​း ေ႐ႊာင္​မ်ဥ္​းတန္​းေတြကိုေတြ႕ေနရၿပီ။
     သူမက နဂါေလးရဲ႕ ပံုစံအစစ္​အမွန္​ကို သိလိုက္​ၿပီးတဲ့ေနာက္​ ေပ်ာ္​႐ႊင္​စြာ ရယ္​ေမာလိုက္​တယ္​။သူေလးက ေသခ်ာေပါက္​ သူမ ကေလးေလး ေဟဇယ္​မွ ေဟဇယ္​ပဲ။
    "ေဟဇယ္​   မင္​းနာမည္​ေဟဇယ္​ျဖစ္​လိမ္​့မယ္​ ငါ့ကေလးေလး"
    သူမက ေျပာလိုက္​ၿပီး နဂါးငယ္​ေလးကို သူမလက္​ေမာင္​းေတြၾကားမွာ ေပြ႕ဖက္​လိုက္​တယ္​။နဂါးငယ္​ေလးအတြက္​ကေတာ့ သူ႔နာမည္​ဟာ ဘာပဲျဖစ္​ျဖစ္​ သူ႔အေမကိုယ္တိုင္​မွည္​့ေပးတာျဖစ္​သေ႐ြ႕ အဆင္​ေျပေလသည္​။
    "ေဟဇယ္​ အင္​း"ေကဆီမီရာက တိုးတိုးေလး ေရ႐ြတ္​လိုက္​ၿပီး ေအဒီရာ မ်က္​နွာေပၚက အၿပံဳးေတြကို ၾကည္​့လိုက္​တယ္​။
    သူမေပ်ာ္​႐ႊင္​မႈေတြက ကူးစက္​လာၿပီး သူပါ လိုက္​ၿပံဳးလိုက္​မိတယ္​။သူက သူတို႔အနားကို ေလ်ွာက္​သြားလိုက္​ၿပီး သူမရင္​ခြင္​ထဲမွာရွိေနတဲ့ ေဟဇယ္​ရဲ႕ေခါင္​းကို ပုတ္​ေပးရင္​း ေျပာလိုက္​တယ္​။
     "ဟယ္​လို ေဟဇယ္​။ငါက မင္​းအေဖပါ။"
    
    Unicode
      
   Am I the father
 
      အေဒီရာရဲ့ ဖြောင်းဖြမှုကြောင့်​ကေဆီမီရာ စိတ်​ပြေသွားပြီးတဲ့ နောက်​မှာတော့ သူအခန်းဆီကို ပြန်​လာလိုက်​တယ်​။သူတို့က နဂါးလေးကို ဘယ်​သူမှ မတွေ့နိုက်​ဖို့ရာအတွက်​ကေဆီ့အခန်းထဲမှာဘဲ ထားဖို့ ဆုံးဖြတ်​လိုက်​ကြတယ်​။
      ကေဆီမီရာက တစ်ယောက်​တည်းနေရတာဖြစ်​၍ သူမ စိတ်​သက်​သာရာရသွားတယ်​။
    "ဒါက ကွာရှင်​ထားတဲ့ လင်​မယားတွေ ကွာရှင်းပြီးတဲ့နောက်​သူတို့ကလေးကို အဖေ့ဆီမှာ ထားခဲ့တာနဲ့ တူမနေဘူးလား?"သူမ တွေးတွေးတောတောနဲ့ ပြောလိုက်​တယ်​။
    ကေဆီမီရာဟာ သူမစကားတွေကြားပြီး ထူးဆန်းသလို ခံစားလိုက်​ရတယ်​။သူက တချိန်​တည်းမှာဘဲ စိတ်​ဆိုးမိပြီး ပျော်​ရွှင်​ရတယ်​။
   သူက လမ်းလျှောက်​နေတာကို ရပ်​လိုက်​တာကြောင့်​အေဒီရာက သတိထားမိပြီး မေးလိုက်​တယ်​။
    "ဘာဖြစ်​လို့လဲ"
    "ကိုယ်​တို့ ကွာရှင်းမှာမဟုတ်​ဘူး"
    အတည်​ကြီး!ရှင်​က ဒါအတွက်​စိတ်​ဆိုးတယ်​ပေါ့။
သူမ ပြာယာခက်​သွားတယ်​။သူမ အခုလေးတင်​ကမှ သူ့ကို နာရီဘယ်​လောက်​ကြာအောင်​ဖြောင်းဖြထားခဲ့ရသလဲ။
     "ဒါက ဟာသတခုပါပဲ ကေဆီ။အတည်​ကြီး မယူစမ်းပါနဲ့။ဒါက...ဘယ်​လိုပြောရမလဲ...နှိုင်းယှဉ်​ချက်​တခုပါပဲ"
     "ဒါဆို ကိုယ်​က အဖေလား"
     "ဘာကို?"
      "အမည်းလေးရဲ့ အဖေ!"
     အမ်​သူက ရှင်​ရော ကျွန်​မရောရဲ့ ကလေးမဟုတ်​ဘူးလေ။ဟုတ်​ပြီလား။သူကနဂါးတကောင်​နော်​ဟုတ်​ပြီလား။ငါ့ကို လှန့့်နေတာ ရပ်​ပါတော့ ကေဆီမီရာ အေသီနာဆီးယပ်​စ်​ရိုဇန်​ဗာဆိုင်းလူးယပ်​စ်​။
      "သေ...သေချာတာပေါ့"အေဒီရာက သူ့ကို ထပ်​ပြီး စိတ်​ဆိုးစေမိမည့်​အစား ချီတုံချတုံဖြစ်​စွာ ပြန်​ဖြေလိုက်​တယ်​။
     ကံကောင်းစွာနဲ့ ကေဆီဟာ သူမရဲ့ချီတုံချတုံဖြစ်​နေမှုနဲ့ပတ်​သတ်​ပြီး ငြင်းဆိုမနေတော့ဘဲ ပျှော်​ရွှင်​စွာပြုံးပြလာတယ်​။ဒါက သူမတွေ့ဖူးနေကြ အပြုံးမျိုးနဲ့ တော်​တော်​ခြားနားတယ်​။ဒီအပြုံးက ဖခင်​တယောက်​က သူ့မိ်​န်းမကို ကလေးတယောက်​မွေးဖွာပေးလို့ ကျေးဇူးတင်​တဲ့ အပြုံးမျိုးဘဲ။
      သူ တကယ်​အတည်​ပြီး အဲ့လိုတွေးနေတာလား
     "ကဲ ကျွန်​မရောက်​ပြီ။ကျွန်​မကို ပြန်​ပို့ပေးလို့ ကျေးဇူးပါကေဆီ"သူမ သူ့အပြုံးကို မကြည့်​ရဲစွာ ငြိမ်​နေခြင်းကနေ ပြောလိုက်​တယ်​။ 
       သူက သူမ၀င်​သွားဖို့ကို စောင့်​နေပုံရကာ ခေါင်းကို ငြိမ့်​ယုံသာ ငြိမ့်​ပြပြီး ထွက်​မသွားသေးဘူး။သူမကသူ့ရဲ့ စိုက်​ကြည့်​နေတာကနေ မြန်​မြန်​လွတ်​နိုင်​ဖို့အတွက်​လျှင်​မြန်​စွာပဲ တံခါးကို ခေါက်​လိုက်​တယ်​။
    ခဏအကြာမှာတော့ ည၀တ်​အင်္ကျီဝတ်​ဆင်​ထားတဲ့ အိုင်းရစ်​ဟာ တံခါးလာဖွင့်​ခဲ့တယ်​။သူမ ပုံစံကြည့်​ရတာ အေဒီရာ သူမအိပ်​နေတာကို နှောင့်​ယှက်​မိသွားပုံပါဘဲ။သူမ ဆံပင်​တွေက ရှုပ်​ဖွာနေတယ်​။
      သူမက အေဒီရာကို မြင်​မြင်​ချင်းမှာဘဲ သူမမျက်​လုံးထဲမှာ စိတ်​ပျက်​မှုအနည်းငယ်​ဖြက်​ပြေးသွားတယ်​။အေဒီရာဟာ တိုတိုတောင်းတောင်း တောင်းပန်​စကားတချို့ကို ဆိုလိုက်​ပြီး သူမနောက်​မှာရှိနေတဲ့ လူငယ်​လေးဘက်​ကို တဖန်​လှည့်​လိုက်​တယ်​။
     "ကျေးဇူးတင်​ပါတယ်​အရှင်​မင်းသား"အေဒီရာကလအိုင်းရစ်​ရှေ့မှာ သူမအသံနဲ့ စကားလုံးတွေကို တော်​၀န်​ဆန်​စွာ ပြောင်းလဲပြီး ကေဆီကို နှုတ်​ဆက်​လိုက်​တယ်​။
      ကေဆီမီရာဟာ အေဒီရာကို ကျော်​လွန်​ပြီး ထူးခြားတဲ့ပန်းရောင်​ဆံပင်​တွေရှိတဲ့ သိပ်​နာမည်​မကြီးတဲ့ သခင်​မလေးကို ကြည့်​လိုက်​ပြီးတဲ့နောက်​သူမ အသုံးအနှုန်းဘာကြောင့်​ပြောင်းသွားလဲဆိုတာကို နားလည်​လိုက်​တယ်​။
     သူက ခေါင်းကို တချက်​ငြိမ့်​ပြပြီး သူ့အခန်းဆီကိုပြန်​ဖို့ ခြေဦးလှည့်​လိုက်​တယ်​။
    သူမရဲ့ ကပိုကရိုပုံစံကို မင်းသားက မြင်​သွားတာကြောင့်​အိုင်းရစ်​ဟာ အတွေးတွေ ဂယောက်​ဂယက်​ဖြစ်​သွားခဲ့ရတယ်​။သူမက မင်းသားကို နှုတ်​ဆက်​စကား တစုံတခုပြောချင်​ပေမယ့်​ပိုပိုပြီးဝေးသွားတဲ့ ကျောပြင်​ကိုသာကြည့်​ပြီး မပြောဖြစ်​ခဲ့လေဘူး။
      သူမတို့ မျက်​လုံးချင်းဆုံခဲ့ကြတယ်​။
     ဒါက သူငါ့ကို စိတ်​၀င်​စားနေတယ်​လို့ သဘောရလား။ငါဆိုလိုချင်​တာက အေဒီရာရဲ့ ရှေ့မှာတောင်​သူက သူမကိုကျော်​ပြီး ငါ့ကို ကြည့်​တယ်​။ပြီးတော့ သူမရဲ့ နှုတ်​ဆက်​စကားကိုတောင်​ပြန်​ဖြေမသွားဘူးလေ ဟုတ်​တယ်​မို့လား။
     အာ...မင်းတို့ဘာသိလို့လဲ။ကြီးမြတ်​လှတဲ့ သခင်​မလေးအေဒီရာတောင်​မင်းသားရဲ့ မျက်​စိထဲမှာ ငါ့ကို မယှဉ်​နိုင်​ဘူး။ငါ မင်းတို့ကို ပြောပါတယ်​ဒါက သိအ်​ကြာမှာ မဟုတ်​ပါဘူးလို့။
    "အသင်​အနားယူနေတာကို နှောင့်ယှက်​မိလို့ တောင်းပန်​ပါတယ်​။ငါတို့မနက်​က တောသွားတုန်းက သော့ယူဖို့ ငါ မေ့သွားခဲ့လို့"အေဒီရာက နောက်​တဖန်​တောင်းပန်​လိုက်​တယ်​။
     အိုင်းရစ်​က အဆင်​ပြေပါတယ်​ဆိုတဲ့ အပြုံးမျိုးနဲ့ သူမကို ခေါင်းရမ်းကာ ပြန်​ဖြေလာတယ်​။
     "ဒါက အဆင်​ပြေပါတယ်​သခင်​မလေး ဆလယ်​ဗားရစ်​။ဒါပေမယ့်​အသင်​အခုချိန်​ထိ အပြင်​မှာရှိနေတာကိုသာ အဆောင်​မှူးကြီးမိသွားခဲ့ရင်​ပြဿနာတွေ ရှိလာနိုင်​တယ်​"သူမက အေဒီရာအတွက်​စိုးရိမ်​မိသလိုပုံစံမျိုးနဲ့ ပြောလာခဲ့တယ်​။
      အေဒီရာကတော့ ထိုသူမလေးကို ဒီလိုပြုံးစေနိုင်​လောက်​အောင်​ဘယ်​အရာက ပြုလုပ်​ခဲ့မှန်းမသိပေမယ့်​ဒီအပြုံးတွေရဲ့ နောက်​ကွယ်​က အတွေးတွေကတော့ ကောင်းတဲ့အရာ ဖြစ်​မလာနိုင်​ဘူးလိုခံစားမိလေတယ်​။
      သူမကငါ့ကို အဆောင်​မှူးက့နေတဆင့်​ပြဿနာဖန်​တီးချင်​နေတာတော့ မဟုတ်​လောက်​ပါဘူးနော်​။
    ကောင်းပြီလေ မင်းက ငါ့ကို ကေဆီနဲ့အပြင်​မှာရှိနေခြင်းကို အသုံးချပြီး ငါ့ကို ပြဿနာရှာချင်​နေတာဆိုရင်​တော့ ငါကလည်း မင်းကို အဲ့လို တွေးလို့မရအောင်​ပြန်ဖြေရတာပေါ့။
     "သေချာပေါက်​မရှိလာနိုင်​ပါဘူး။ကျွန်​မက မင်းသားနဲ့ အလုပ်​ကိစ္စတချို့အတွက်​ရောက်​နေရတာဖြစ်​ပြီး ဒါကို မင်းသားကလည်း အာမခံပေးနိုင်​ပါတယ်​။အဆောင်​မှူးကလည်း ဒါကို နားလည်​ပေးမယ်​လို့ ကျွန်​မထင်​တယ်​"
     အေဒီရာက ပြောပြီးတာနဲ့ အနားယူဖို့ရာအတွက်​သူမ အိပ်​ရာဆီကို သွားလိုက်​တယ်​။ကြီးမြတ်​လှတဲ့ နတ်​ဆိုးကြီးကို ဖြောင်းဖြရတာက တကယ်​ပင်​ပန်းတယ်​။ပြီးတော့ မနက်​ဖြန်မှာလည်း လုပ်​စရာတွေရှိနေသေးတယ်​မို့လား။သူမ ထိုသူမလေးနဲ့ စကားအများကြီးပြောပြီး စွမ်းအင်​တွေ ဖြုန်းမပစ်​ချင်​လေဘူး။
--------
     မနက်​ခင်း လုပ်​ငန်းစဉ်​တွေဟာ အပြိုင်​အဆိုင်​လုပ်​နေကြတဲ့ ကေဆီနဲ့ ထရီတန်​တို့ကြောင့်​လျင်​လျင်​မြန်​မြန်​ဘဲ ပြီးသွာပြီး ဒီနေ့လည်း သူတို့ဟာ နေ့တစ်​၀က်​လောက်​အားလပ်ချိန် ရပြန်​တယ်​။
    ကေဆီမီရာဟာ အေဒီရာ့ကို သူ့အခန်းဆီကို ဖိတ်​ကြားခဲ့ရတယ်​။ဘာလို့လဲဆိုတော့ သတ္တဝါရိုင်းလေးဟာ စိတ်​ကောက်​နေပြီး သူကျွေးသမျှအစာတိုင်းကို မစားသောကြောင့်​ဖြစ်​သည်​။
     သူ့ အမေရဲ့ ရင်းနီးနေတဲ့အနံ့ကြောင့်​နဂါးလေးဟာ အေဒီရာ တံခါးဖွင့်​ဖွင့်​ခြင်းမှာဘဲ သူမရင်​ခွင်​ထဲကို ပြေးဝင်​လာတယ်​။
    "ဟယ်​လို အသေးလေး,ကေဆီက မင်းဒီနေ့ အစာမစားဘူးပြောတယ်​။ဒါက မကောင်းဘူးနော်​။ကလေးလေးတွေက အစာစားမှ ကောင်းကောင်းကြီးထွားသန်​မာမှာပေါ့"
    အေဒီရာဟာ ကလေးတစ်​ယောက်​လ်ို နဂါးလေးကို ငြင်သာစွာပြောလိုက်​ပြီး ထိုနဂါးလေးက သူမလက်​မောင်းကြားမှာ တိုးခွေ့လာတဲ့အခါမှာတော့ သူမက ရယ်​လိုက်​တယ်​။
          သူမက ကေဆီအခုနကကျွေးထားတဲ့အသားကိုပဲ သူ့ကိုကျွေးလိုက်​တယ်​။ကေဆီမီရာတုန်းနဲ့ ခြားနားစွာဘဲ နဂါးလေးက ပျော်​ရွှင်​စွာ အစာစားလာခဲ့တယ်​။
    "ဒါမှ အမေ့ကလေးလေး။ကောင်းကောင်းစားပြီး ကောင်းကောင်းကြီးပြင်​ရမယ်​နော်​ဟုတ်​ပြီလား"
    သူတို့ရှေ့မှာထိုက်​နေတဲ့ ကေဆီမီရာကတော့ နဂါးလေးကို မကျေနပ်​စွာ ကြည့်​နေခဲ့တယ်​။ဒီအသေးလေးက သု့ကြင်​ယာတော်​လောင်းရဲ့ ဂရုစိုက်​မှုတွေကို လုယူသွားပြီး သူ့မှာ ဒါနဲ့ ပတ်​သတ်​ပြီး ဘာမှ မလုပ်​နိုင်​လေဘူး။
    ဒါပေမယ့်​ဒါက အဆင်​ပြေပါသည်​။သူက အခု အေဒီရာကို သူ့အခန်းဆီ ဖိတ်​ခေါ်ဖို့ အကြောင်းပြချက်​များစွာရခဲ့သည်​လေ။သူမနဲ့ ထိုနဂါးလေးဝေးနေချိန်​မှာ သူတို့နှစ်​ယောက်​တည်း စကားပြောရင်း အချိန်​ဖြုန်းနိုင်​သည်​လေ။
    "သူ့နာမည်​ပေးတော့မှာလား"
     အေဒီရာက ကေဆီကို ကြည့်​လိုက်​ပြီး အနက်​ရောက်​ရောင်​နဂါးလေးကို မြှောက်​ကာ ကြည့်​ကြည့်​လိုက်​တယ်​။အခု သူ့ရဲ့ သွင်​ပြင်​တွေက ပြောင်းလဲစပြုနေပြီး ထင်​ရှားစပြုနေပြီဖြစ်​သည်​။
      သူ့ရဲ့ မီးခိုးရောင်​မျက်​လုံးလေးတွေက အပြာရောင်​မျက်​ဆံလေးလို ပြောင်းလဲစပြုနေပြီ။ခန္ဓကိုယ်​ဘေးပိုင်းမှာလည်း ရွှောင်​မျဉ်းတန်းတွေကိုတွေ့နေရပြီ။
     သူမက နဂါလေးရဲ့ ပုံစံအစစ်​အမှန်​ကို သိလိုက်​ပြီးတဲ့နောက်​ပျော်​ရွှင်​စွာ ရယ်​မောလိုက်​တယ်​။သူလေးက သေချာပေါက်​သူမ ကလေးလေး ဟေဇယ်​မှ ဟေဇယ်​ပဲ။
    "ဟေဇယ်​မင်းနာမည်​ဟေဇယ်​ဖြစ်​လိမ့်​မယ်​ငါ့ကလေးလေး"
    သူမက ပြောလိုက်​ပြီး နဂါးငယ်​လေးကို သူမလက်​မောင်းတွေကြားမှာ ပွေ့ဖက်​လိုက်​တယ်​။နဂါးငယ်​လေးအတွက်​ကတော့ သူ့နာမည်​ဟာ ဘာပဲဖြစ်​ဖြစ်​သူ့အမေကိုယ်တိုင်​မှည့်​ပေးတာဖြစ်​သရွေ့ အဆင်​ပြေလေသည်​။
    "ဟေဇယ်​အင်း"ကေဆီမီရာက တိုးတိုးလေး ရေရွတ်​လိုက်​ပြီး အေဒီရာ မျက်​နှာပေါ်က အပြုံးတွေကို ကြည့်​လိုက်​တယ်​။
    သူမပျော်​ရွှင်​မှုတွေက ကူးစက်​လာပြီး သူပါ လိုက်​ပြုံးလိုက်​မိတယ်​။သူက သူတို့အနားကို လျှောက်​သွားလိုက်​ပြီး သူမရင်​ခွင်​ထဲမှာရှိနေတဲ့ ဟေဇယ်​ရဲ့ခေါင်းကို ပုတ်​ပေးရင်း ပြောလိုက်​တယ်​။
     "ဟယ်​လို ဟေဇယ်​။ငါက မင်းအဖေပါ။"
    
   
      
  
    
   

    
   

She become a passive villainess-not(trans)Where stories live. Discover now