Not Anymore

524 48 2
                                    

       
           Not anymore

     ကေဆီမီရာက ချက်ခြင်းပဲ အေဒီရာရဲ့နှုတ်ခမ်းတွေကို နမ်းရှိုက်လိုက်ချင်ပေမယ့် ဒီကြည်နူးစရာမြင်ကွင်းကို ခံစားရမယ့်သူဟာ အိုင်းရစ်ဖြစ်နေတာကို တွေးလိုက်မိတာကြောင့် သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး အေဒီရာလက်ကိုသာ ဆုပ်ကိုင်လိုက်ပြီး စိတ်အေးစေလိုက်တယ်၊၊
      အိုင်းရစ်ဟာ ထိုမြင်ကွင်းကို သည်းမခံနိုင်တော့စွာဘဲ အမုန်းတရားတွေ ပိုကြီးမားလာပြီး ငိုကြွေးဆောင့်အောင့်ပြီး အခန်းထဲကနေ ထွက်သွားခဲ့တယ်၊၊
       အေဒီရာက သူမနှလုံးသားထဲက လေးလံမှုကြီး  လျော့ပါးသွားတာနဲ့အညီ သက်ပြင်းကြီးကြီး ချလိုက်မိတော့မယ်၊၊ဒါက သူမဘဝရဲ့ သတ္တိအရှိဆုံး အခိုက်အတန့်ပဲ၊၊သူမကို တခါ စိတ်အနှောက်အယှက်ဖြစ်စေခဲ့ပြီး သူမရဲ့ ခေါင်းကို သတ်ခဲ့ဖူးတဲ့ မိန်းမကို ရင်ဆိုင်ရတာက လေ....

           'သူမကို ခုလို လုပ်လိုက်တာက ငါ့ရဲ့ သေခြင်းတရားကို ကြိုစောပြီး ဖိတ်ခေါ်လိုက်မိတာမျိုးလည်း ဖြစ်နေနိုင်တယ်...'

      အေဒီရာက အိုင်းရစ်ကို ရင်ဆိုင်တုန်းက နာကျင်သလို ဖြစ်နေတဲ့ သူမလက်မောင်းတစ်ဖက်ကို ခပ်ဖွဖွထိလိုက်ရင်းက တွေးလိုက်မိတယ်၊၊သူမ အရင်ဘဝတုန်းက ခံရခဲ့ဖူးသလိုမျိုး ပေါ့၊၊
     
      ဒါပေမယ့် ခုချိန်ထိ သူမ ဘာတစ်ခုအတွက်မှ နောင်တမရမိလေဘူး၊၊သူမအနေနဲ့ အိုင်းရစ်ကို ကိုယ့်နေရာကို သိစေချင်တယ်၊၊သူမအနေနဲ့ အိုင်းရစ်ကို ဘယ်တွေပဲဖြစ်လာလာ သူမဆီကနေ ကေဆီမီရာကို လုယူသွားဖို့ မဖြစ်နိုင်ဘူးဆိုတာ နားလည်သွား‌စေချင်တယ်၊၊
    
        ဘယ်တော့မှပဲပေါ့....

     သူမက ပျော်ရွှင်နေတဲ့ အရိပ်အယောင်တွေနဲ့ တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ ကေဆီမီရာဘက်ကို လည့်လိုက်ပြီး တောင်းပန်လိုက်တယ်၊၊

         'ဒါနဲ့ ဘယ်အချိန်ကစ သူ့မျက်လုံးတွေက ခုလို တောက်ပနေတာလဲ..'

            "မတောင်းပန်ပါနဲ့ ၊၊ကိုယ် ပျော်နေတာမို့..... ပျော်နေတာမို့....ကိုယ့်ကို ဒီလို ပျော်ရွှင်စေတဲ့ အရာတစ်ခုအတွက် မတောင်းပန်ပါနဲ့ "

She become a passive villainess-not(trans)Onde histórias criam vida. Descubra agora