မှင်သက်သွားသော ဘဲစုတ်လေး

1.9K 248 2
                                    

   မကျယ်လွန်း မတိုးလွန်းသော တံခါးခေါက်သံတွေဟာ ငွေရောင်ခြယ် အခန်းထဲမှာ အဆက်မပြတ် ထွက်ပေါ်လာနေတယ်။နေအတော်မြင့်နေပြီဖြစ်ကာ သခင်မငယ်လေးသည် ယခုအချိန်ထိ အခန်းထဲက ထွက်မလာသောကြောင့် တံခါးခေါက်နေသည်မှာ တစ်နာရီခန့် ကြာနေပြီဖြစ်သည်။
   နောက်ဆုံးမှာတော့ သူမဘာဖြစ်နေသည်ကို စိုးရိမ်မှုရော မစောင့်နိုင်တော့တာရောကြောင့် လီဖာဟာ တံခါးကို ဖြေးညင်းစွာဖွင့်ရင်း အသံပြုလိုက်တယ်။''သခင်မလေး ကျွန်မ ဝင်လာပြီနော်''သူမဟာ ပထမဆုံး လိုက်ကာတွေကို တင်လိုက်ပြီး မှုန်မှိုင်းနေတဲ့ အခန်းထဲကို နေရောင်ခြည်ဝင်စေလိုက်တယ်။ ပြီးတော့သူမဟာ သခင်မလေးကို နှိုးဖို့ ကုတင်ဘေးကို သွားလိုက်တယ်။နောက်တော့ သူမ ထိတ်လန့်စွာ အကျယ်ကြီး အော်လိုက်တယ်။
  7နာရီခန့် ဖီးအက် ပလာဇာနား တဝိုက်မှာတော့
      ရိုးရိုးရှင်းရှင်း သာမန်ခေါင်းစွပ် အင်္ကျီကို ဝတ်ဆင်ထားသော ပုံရိပ်လေးဟာ ပစ္စည်း အမျိုးမျိုးကို ရောင်းချ လဲလှယ်နေသော ဈေးဆိုင်တွေကို လျှောက်ကြည့်နေလေတယ်။
မုန့်အချိုတွေကို ရောင်းတဲ့ ဈေးတန်းဘက်ကို ရောက်တဲ့ ခါမှတော့ သူမက တံတွေးမြိုချမိတယ်။အဲ့အချိန် ဆလယ်ဗားရစ် အိမ်တော်ဝန်းမှာတော့ သခင်ကြီးရဲ့ အမိန့်ကြောင့် အိမ်တော် တစ်ခုလုံး ယောက်ယက်ခက်နေတာကိုတော့ သူမ မသိနေခဲ့ပါဘူး။  
   သူမဟာ လမ်းပေါ်မှာ လျှောက်သွားရင်းနဲ့ အဓိက ပြသာနာတစ်ခုကို သတိရသွားတယ်။
  ငါ ပိုက်ဆံ ယူမလာခဲ့ဘူး။
  "အာ..ဘယ်လောက်တောင် တုံးအလိုက်တဲ့ ငါလဲ''သူမက ရေရွတ်လိုက်တယ်။သူမရဲ့ ဗိုက်ကလည်း ဆာလောင်မှုကြောင့် အော်မြည်နေပြီဖြစ်တယ်။ သူမဗိုက်ရဲ့ အော်မြည်နေသံကို ပေါင်မုန့်ဆိုင်က လူကြီးကြားလိုက်တဲ့ခါမှတော့ သူမရဲ့ မျက်နှာဟာ ရှက်စိတ်ကြောင့်နီရဲလာတယ်။
    "ကလေးမလေး  မင်းဘာမှ မစားရသေးဘူးလား''သူဟာ ကလေးမလေး ကြောက်မသွားစေဖို့ရာ အတွက် အသံကို အနူးညံ့ဆုံးထားပြီး မေးလိုက်တယ်။ သူ့ရဲ့ ကြီးမာသော ခန္ဓာကိုယ်နဲ့ ကြမ်းတမ်းတဲ့ သွင်ပြင်ကြောင့် ကလေးတော်တော်များများဟာ သူ့ကိုမြင်လျှင် ကြောက်သွားတတ်ကြသည်။ဒါဟာ သူ့အားနည်းချက် ဖြစ်သည်။
  အေဒီရာဟာ ရှက်ရွံစွာနဲ့ သူမခေါင်းကို ခါလိုက်တယ်။သူမပုံစံဟာ တိရစ္ဆာန်ငယ်လေးတွေ လူနဲ့ တွေ့တဲ့အခါ ရှက်နေသလိုမျိုးလေး ဖြစ်နေတယ်။
    ပေါင်မုန့်ဖုတ်တဲ့ လူကြီးဟာ သူမရဲ့ ချစ်စရာကောင်းမှုကြောင့် သူ့ရင်ဘက်တခုလုံး အရည်ပျော်သွားသလို ခံစားလိုက်ရတယ်။
   "ထူးဆန်းတာပဲ ။ဒီလမ်းမှာ သူတောင်းစားရှိခဲပါတယ်။ပြီးတော့ သာမန် ဝတ်စုံ ဝတ်ဆင်ထားတယ်။မင်းက သူတို့ထဲက မဖြစ်နိုင်ဘူး''
"သူတောင်စား ရှိခဲတယ်။ဘာလို့လဲဟင်'' သူမဟာ ချစ်စရာကောင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး မေးလိုက်တယ်။
   သူက သူမခေါင်းကို အသာပုတ်ပေးရင်း ပြုံးလိုက်တယ်။ပြီးတော့ သူမကိုပြောပြတယ်။''မင်းက ဒီက မဟုတ်ဘူးထင်တယ်။ဒါကြောင့် မြို့စားမင်းက တို့တွေကို ဘယ်လိုစီမံပေးလဲဆိုတာ မသိတာပဲဖြစ်မယ်။''နောက်ပြီးသူဟာ အေဒီရာကို ဆက်ပြီးရှင်းပြနေခဲ့တယ်။မြိုစားမင်းဟာ သူတောင်းစားတွေ အတွက် သူတို့နဲ့ သင့်တော်သော အလုပ်တွေကို စီမံလုပ်ကိုင်စေကြောင်း အစမှာတော့ လက်မခံသူတွေရှိသော်လည်း အခုတော့ အားလုံးက နားလည်လက်ခံလာကြကြောင်းတွေပေါ့။''ငါတို့ဟာ မြို့စားမင်းအပေါ် ကျေးဇူးရှိကြတဲ့ သူတွေပါပဲ။မြို့စားမင်းက စိတ်ရင်းစေတနာ အလွန်ကောင်းတယ်။''သူမ မျက်လုံးထဲမှာတော့ သူမအဖျားတက်စဉ်အခါက စိုးရိမ်တကြီးနဲ့ ရောက်ရောက်လာတတ်သော ပုံရိပ်တွေကို မြင်ယောင်လာမိတယ်။ ဘယ်လောက်တောင်မှ ချစ်ဖို့ကောင်း လေးစားဖို့ ကောင်းလိုက်တဲ့ ဖခင်လဲ။
    "သူက အရမ်းကောင်းတယ်။ မင်းမနက်စာ စားပြီးသွားတဲ့ခါ ငါမင်းကို သူ့ဆီခေါ်သွားမယ်လေ။မင်းအတွက် သူတစ်ခုခု လုပ်ပေးမှာပါ။မင်းက အချိန်ကိုက်ရောက်လာတာပဲ။ဒီနေ့ ငါ့မိန်းမက သူရဲ့ အထူးဟင်းချက်ထားတယ်။မင်းကြိုက်ပါလိမ့်မယ်''ပေါင်မုန့်ဖုတ်တဲ့ လူကြီးဟာ သူ့မိန်းမရဲ့ ဟင်းချက်လက်ရာကို ချီးမွမ်းရင်း အေဒီရာကို အထဲခေါ်လိုက်တယ်။အေဒီရာဟာ သူ့ရဲ့ သူစိမ်းတွေအပေါ် အလွန်ယုံကြည်တတ်မှုကြောင့် အံသြသွားရတယ်။ နောက်ပြီး သူမဟာ သူ့ကို အလွန်ကျေးဇူးမိတယ်။သူသာ သူမကို မဖိတ်ခေါ်ခဲ့ဘူးဆိုရင် သူမဟာ ဗိုက်ဟောင်းလောင်းနဲ့ အိမ်တော်ကို ပြန်ရလိမ့်မယ်။
     လှပတဲ့ မျက်နာနဲ့ ဆံပင်အရှည်အနက်ရောင်တွေရှိသော မိန်းမငယ်လေးဟာ သူတို့ကိုကြည့်လိုက်ပြီး ပါလာတဲ့ ဧည့်သည်ငယ်လေးကို ကြိုဆိုလိုက်တယ်။
   "ဟယ်လို ကလေးလေး မင်းလမ်းပျောက်နေတာလား။ဒီလူဆိုးကြီးက မင်းကို ခြောက်လှန့်သေးလား။မကြောက်နဲ့ မမကိုပြောနော်။မမက သန်မာပါတယ်''သူမဟာ အေဒီရာကို မျက်စိတဖက် မှိတ်ပြပြီး ဆိုလာလေတယ်။
     "မင်္ဂလာပါ မမ။ဒီအကိုကြီးက ကျွန်ုပ်ကို လုံးဝမခြောက်လှန့်ပါဘူး။ကျွန်မရဲ့ ဆာလောင်မှုကြောင့် သူဟာ ကူညီပေးတာပါ။ကျွန်မပြောတာကို ယုံစေချင်ပါတယ်။''သူမဟာ ကျင့်သားရနေတဲ့အတိုင်း သတိလက်လွတ် တော်ဝင်ဆန်စွာ ပြောမိသွားတယ်။
    သူမရဲ့ တော်ဝင်ဆန်တဲ့ အသုံးအနှုန်းကြောင့် ပေါင်မုန့်ဖုတ်တဲ့ လင်မယားဟာ သူမကို နွေးထွေးစွာ ပြုံးပြလာကြတယ်။
   "မင်းက တော်ဝင် မိသားစုတွေကို သဘောကျတာလား။မင်းရဲ့ ပြောဆိုပုံကို ကြည့်ပြီး မင်းဟာ သူတိုထဲက တယောက်လို့တောင် ထင်မိသွားတယ်။''မိန်းမငယ်လေးဟာ အေဒီရာရဲ့ ခေါင်းကို ပုတ်ပြီး ပြောလိုက်တယ်။
ငါလည်း တကယ်ပဲ သူတို့ထဲက တစ်ယောက်ပဲလေ။
လင်မယားနှစ်ယောက်ဟာ ဘယ်တော်ဝင်ကလေးမျိုးကမှ သာမန်ဝတ်ဆုံကို ဝတ်ပြီး ဈေးထဲမှာ လျှောက်သွားနေမည်ဟု မတွေးမိတာကြောင့် ဖြစ်ပေလိမ့်မည်။ ဘယ်တော်ဝင် မိသားစုကမှ ဒီလိုလုပ်ဖို့ စိတ်ကူးမည် မဟုတ်ပေဘူး။
  နောက်ပြီး သူတို့ကြားထားသည်မှာ သခင်မလေးဆလယ်ဗားရစ်ဟာ အတော်ဆိုးသွမ်းသည်ဟုပင်။သူတို့ရှေ့က နတ်သမီးငယ်လေးဟာ ထိုသူမလေး မဖြစ်နိုင်ဘူးမို့လား။
       "ဒီလူဆိုးကြီးက မင်းမိဘတွေကို ရှာမပေးသေးခင် ငါတို့နဲ့ အတူ လာစားမလား''
       "ဟေး ဟွာ  ,လူဆိုကြီးဆိုတဲ့ ဟာကို မသုံးစမ်းပါနဲ့။ ကြာလာရင် သူမ တကယ်ကြောက်သွားလိမ့်မယ်''
    "ဟ..ဟ ဟုတ်ပါပြီ အချစ်ရယ် အခုတော့ ဟင်းတွေအေးမကုန်ခင်  စားလိုက်ကြရအောင်လား''ဟွာဆင်ဟာ စားပွဲပြင်နေရင်းပဲ အေဒီရာနဲ့ ယောက်ျားဖြစ်သူဘက်ကို လှည့်ပြောလိုက်တယ်။
     ထမင်းဝိုင်းအတွင်းမှာ အေဒီရာဟာ.သူတို့အကြောင်းအနည်းငယ်သိခဲ့ရတယ်။သူတို့ဟာ ကြင်စဦး ဇနီးမောင်နှံတွေဖြစ်ပြီး ကလေးမရကြသေးဘူး။ သူတို့ဟာ အေဒီရာလို ကလေးမျိုးလိုချင်ကြတယ်။ ဖြစ်နိုင်လို့ အေဒီရာသာ ဆန္ဒရှိမယ်ဆိုရင် သူတို့ဟာ သူမကို မိသားစုဝင် တစ်ယောက်အဖြစ် မွေးစားဖို့ အသင့်ဖြစ်နေကြတယ်။
     သူတို့ ထမင်းဝိုင်းသိမ်းပြီး မိနစ်အနည်းငယ်အကြာမှာ အေဒီရာဟာ အပြင်ဘက်က အသံတချို့ကို ကြားလိုက်ရတယ်။အေဒီရာ အတွေးနဲ့ ထပ်တူကျစွာပဲ ဟွာဆင်ဟာ အသံပြုလိုက်တယ်။
    "ဘာတွေ ဖြစ်နေပါလိမ့်။မနက်ခင်းတခုနဲ့ မလိုက်အောင် ဘာလို့ ဆူညံနေတာပါလိမ့်''
    "ငါတို့အပြင်ထွက်အြီး တစ်ယောက်ယောက်ကို မေးကြည့်ရအောင်''ပီတာဟာ ပြောပြီးအပြင်ထွက်သွားတယ်။ ဟွာဆင်နဲ့ အေဒီရာလည်း ထပြီး ထွက်လာလိုက်တယ်။
     ငွေရောင်သံချပ်ကာတွေနဲ့ စစ်သည်တွေဟာ တစုံတခုကို အပူတပြင်းရှာဖွေနေကြတယ်။သူတို့ရဲ့ အပြုအမူတွေကြောင့် မြို့သားတွေဟာ စိုးရိမ်လာကြတယ်။
      "ဘာဖြစ်တာလဲ ဘာကြောင့် စစ်သည်တွေဒီမှာ ရောက်နေတာလဲ''
    "ငါလည်းမသိဘူး။သူတို့က တစုံတစ်ယောက်ကို ရှာနေတာ ထင်တယ်''
    "သူလျိုများလား''
    "ဘုရားရေ ဒါဆို ငါတို့ အန္တရာယ်ရှိနေပြီလား''
   လူအုပ်ကြီးဟာ သူတို့ ထင်မြင်ချက်တွေကို ဆွေးနွေးနေကြတယ်။ အေဒီရာဟာ သူမ ဖြစ်တည်မှုကို အတတ်နိုင်ဆုံးဖုံးပြီး လူအုပ်ကြီးထဲကနေ ထွက်လိုက်တယ်။
    "ကလေးငယ်လေး..ငါတို့် မြို့စားမင်းဆီသွားဖို့် ခဏရပ်ထာ......?သူမ ဘယ်ရောက်သွားတာလဲ''ပီတာဟာ သူ့မိန်းမကိုမေးလိုက်တယ်။ဟွာဆင်က မျက်လုံးပေကလက်ပေကလက်   နဲ့ ခေါင်းယမ်းပြလိုက်တယ်။ထို့နောက်မှာတော့ သူတို့မျက်နှာဟာ စိုးရိမ်းမှုတွေနဲ့ ပြည့်နှက်လာလေတယ်။
     အေဒီရာဟာ ပြေးပြီးရင်းပြေးတယ်။သူမဟာ အရှိန်တင်ပြီးပြေးတယ်။အိမ်တော်ကို အမြန်ဆုံးပြန်ရောက်ရန် လမ်းကြားတွေကို ဖြတ်ပြီး အမြန်ပြေးနေတယ်။
    ဘုရားရေ.  ငါဒီလောက်ထိ ရှုပ်ထွေးသွားစေမယ်မှန်း မသိဘူး။ငါ့မိသားစုက အဖြူရောင်စစ်သည်တွေကိုတောင် စေလွှတ်လိုက်တယ်။
    ငါ့အမှားပဲ။ ငါတော့သေပြီ! သေပြီ !ငါတော့ သေပြီ!
   လမ်းချိုးတခုကို ဖြတ်ပြီးတဲ့ ခါမှာတော့ တစ်စုံတယောက်ကို တိုက်မိသွားတယ်။သူမရဲ့ သေးသွယ်တဲ့ ခန္ဒာကိုယ်နဲ့ ပြေးလာတဲ့ အရှိန်ကြောင့် သူမခေါင်းစွပ်ဟာ လျှောကျသွားပြီး ဖင်ထိုင်ရက်လဲသွားတယ်။
    အေဒီရာဟာ နာကျင်မှုကြောင့် ခဏတာ ညီးညူလိုက်ပြီး သူမမျက်လုံးကို ဖွင့်လိုက်တယ်။ငွေအဖြူရောင် ဆံနွယ်တွေ ရှိတဲ့ ချောမောလှတဲ့ ကောင်ငယ်လေးဟာ သူမကို စိုးရိမ်နေပုံနဲ့ လက်ကမ်းပြီး မေးလာခဲ့တယ်။''အဆင်ပြေရဲ့လား။ တောင်းပန်ပါတယ် ငါသေချာလမ်းမကြည့်လိုက်မိဘူး''
      အေဒီရာဟာ ထိုင်လိုက်သားကနေပဲ ချောမောလှတဲ့ ကောင်ငယ်လေးရှေ့မှာ ဘဲစုတ်လေးလို ဖြစ်နေတဲ့ သူမပုံစံကြောင့် နေရခက်သွားပြီး ဘာပြောလို့ ပြောရမယ် မသိဘူးဖြစ်သွားတယ်။
    သူ့ရဲ့ချောမောမှုဟာ သူမကိုဆွဲ့အသွားစေတယ်။သူ့ရဲ့ မျက်လုံးတွေဟာ ကျောက်မျက်ရတနာတစ်ခုလို တလက်လက်တောက်ပနေတယ်။အို ပြီးတော့ သူ့ရဲ့ ချယ်ရီရောင် နှုတ်ခမ်းလေးတွေ
     အေဒီရာ သတိထားစမ်း သူက ကလေးတယောက်နော်
   "အာ..အမ်..''ထူးဆန်းတဲ့ စကားလုံးတွေဟာ သူမ ပါးစပ်ကနေထွက်လာတယ်။
   သူမရဲ့ ခေါင်းထဲမှာ ဒီချောမောလှတဲ့ ကောင်လေးရဲ့ ပုံစံတွေနဲ့ ပြည့်နှက်နေတယ်။နေဦး..ငါဘာလို့ အရင်ဘဝမှာ သူ့ကို မတွေ့ဖူးရတာလဲ။ဒီလောက်ချောတဲ့သူကို ဘာလို့ မတွေ့ဖူးတာပါလိမ့်။ ဘယ်လောက်တောင် နစ်နာလိုက်သလဲ။
     "သင်....သင်က ဒီက မဟုတ်ဘူး..မို့လား''

She become a passive villainess-not(trans)Where stories live. Discover now