Just a tour guide

736 100 1
                                    

      Just a tour guide

          "ကေဆီမီရာ မင်းက ဒီအင်ပါယာရဲ့ အိမ်ရှေ့မင်းသား။ဒါက ဧည့်လမ်းညွှန်ပေးရုံပဲဟာ။အေဒီရာက ဒါအတွက် စိတ်မရှိလောက်ပါဘူး"
     ဘုရင်ကြီးက စိတ်ဆိုးအောင်ပြောလိုက်သော်လည်း ကေဆီမီရာဟာ ထူးထူးဆန်းဆန်းတုံ့ပြန်မလာဘဲ ထိုအစား ပြုံးလာခဲ့တယ်။ 
           "ဒါပေမယ့် သူမက စိတ်ဆိုးလိမ့်မယ်။မိန်းကလေးတွေ သဝန်တိုရင် ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ အဖေလည်းသိရဲ့သားနဲ့။ အမေတုန်းကဆို အဖေ့ကို ငရဲပို့တော့မလိုဖြစ်သွားတာ ကျွန်တော်မှတ်မိပါသေးတယ်"
     အခုကေဆီမီရာရဲ့အမေဖြစ်သူ  အင်ပါယာရဲ့ဘုရင်မဟောင်းဟာ နတ်သမီးတိုင်းပြည်ရဲ့ ဘုရင်မတစ်ဦးဖြစ်ခဲ့တယ်။သူတို့ရဲ့ မျိုးနွယ်ဟာ ဘယ်ကဆင်းသက်လာမှန်းမသိအောင် တချို့ဆို သူတို့တည်ရှိသည်ကို မသိရလောက်အောင် လှို့ဝှက်နေထိုင်ခဲ့ကြတယ်။
      သူ့အမေဖြစ်သူ ကေလီရာဟာ သေမျိုးတစ်ယောက်ကဲ့သို့အယောင်ဆောင်ထားသည့်တိုင် သေမျိုးတွေထက် လှပခဲ့တယ်။သူမရဲ့အလှဟာ ရှားပါးတဲ့ နတ်သမီးတွေ နတ်သူငယ်တွေ တွေရဲ့အလှတွေထက်ပိုလှပပြီးဘယ်သူမှမယှဉ်နိုင်သည့် ထိပ်တန်းအလှမျိုးဖြစ်သည်။ပြီးတော့ သူမဟာ သေမျိုးတွေထဲကမှ လူသားတွေကို သူတို့ရဲ့ အကြင်နာမဲ့မှု ရက်စက်ဆိုးယုတ်မှုစသည့်စရိုက်ကြောင့် မုန်းတီးခဲ့သူဖြစ်သည်။
      သို့ပေမယ့်လည်း သူမက လူသားတယောက်နဲ့ ချစ်ခဲ့တာပါပဲ။သူမ မိမစစ်ဖမစစ်လေးလို့ ခေါ်ခဲ့တဲ့သူနဲ့ပေါ့။
      ကေဆီမီရာက ကေလီရာနဲ့အသွင်တူဆုံးဖြစ်သည်။သူက ကေလီရာဟာ ယောက်ျားလေးဖြစ်ခဲ့ရင် ဖြစ်လာမည့်ရုပ်သွင်နဲ့ အတူညီဆုံးဖြစ်သည်။
      ဒါပေမယ့် ကေလီရာမှာ ငွေရောင်ဆံနွယ်တွေမရှိလေဘူး။သူမက တခြားသူတွေမနာလိုလောက်အောင် ပိုးသားလိုနူးညံ့ချောမွေ့ပြီး ကျောပြင်ဘက်မှာ ရေတံခွန်တခုလို ဖြာကျနေတဲ့ အလှဆုံးသော ရွှေဖြူရောင်ဆံနွယ်တွေကိုသာ ပိုင်ဆိုင်ထားတယ်။
      သူမက သူမအပေါ်ကို အကြည့်ရောက်တဲ့ယောက်ျားသားတိုင်းကို စွဲလမ်းမိစေနိုင်သော အေးစက်တည်ကြည်သော အလှနတ်ဘုရားမဖြစ်ခဲ့တယ်။ ကေဆီမီရာအနေနဲ့ကတော့  ညမှာသူ့ကိုသီချင်းဆိုပြပြီး ပွေ့ဖက်ဖူးသော သူမရဲ့နွေးထွေးမှုတွေကို အမှတ်တရရှိနေဆဲဖြစ်သည်။
           "ဟုတ်တယ် မင်းအမေက အင်ပါယာတခုလုံးစွတ်စွတ်ဖြူအောင်လုပ်တဲ့ နှင်းမုန်တိုင်းလိုပဲ အေးစက်ပြီး တကယ်ကို ရက်စက်ကြမ်းကြုပ်ခဲ့တာ"
      အေသနာဆီးယပ်စ်ရဲ့မျက်နှာပေါ်၌ ယခင်က သူ့ရဲ့မိန်းမဖြစ်သူဟာ သူမသဝန်တိုလာတိုင်း မီးတောင်တခုလိုပေါက်ကွဲတတ်တာကို မြင်ယောင်မိပြီး အပြုံးသေးသေးတခုပေါ်လာလေတယ်။
      အဲဒီဒေါသဟာ ကြောက်စရာကောင်းတာထက်ကို ပိုပြီးကြောက်စရာကောင်းတယ်။အဲဒါက ငရဲပြည်ရောက်သလိုကို ကြောက်စရာအများကြီး ကောင်းခဲ့တာ။
     ဒါက ကေဆီမီရာ နောက်ထပ်ပြောဖို့လိုမယ့် ပုံပြင်တစ်ပုဒ်ဖြစ်သည်။
          "အေဒီရာက နားလည်မှာပါ ငါ့သား။အဖေသူ့ကို ပြောလိုက်မယ်"
          "မပြောပါနဲ့။ကျွန်တော်ကပဲ ကျွန်တော်မိန်းမကို ပြောပြလိုက်ပါ့မယ်"
      ကေဆီမီရာဟာ အရှက်မရှိ သူမအား သူ့မိန်းမအဖြစ် ဂုဏ်ယူဝံ့ကြွားစွာဆိုလိုက်ပြီး အရိုအသေးပေးကာ ထွက်လာခဲ့လိုက်တယ်။
       'ဒါက ဧည့်လမ်းညွှန်လုပ်ပေးရုံပဲဟာ ။ဘာက မှားယွင်းနိုင်မှာလဲ။ဟုတ်တယ်မို့လား။'
............
             "မင်းသမီးကိုကြိုဆိုမယ့်သူအဖြစ်ဟုတ်လား။ရှင်ကျွန်မကိုနောက်နေတာလား။ကျွန်မက အေးအေးဆေးဆေးလေးနဲ့ အိုကေ လို့ပြောရမှာလား။ကျွန်မ သူတော်စင်မဟုတ်ဘူး ကေဆီမီရာ!"
     အေဒီရာဟာ ဒေါသတကြီးအခန်းထဲမှာလျှောက်သွားရင်းက စိတ်ဆိုးစွာပြောလာလေတယ်။
     ဟေဇယ်ဟာလည်း သူ့မိခင်ဖြစ်သူကို ဒေါသဖြစ်စေတဲ့ ဖခင်ဖြစ်သူကို ဒေါသတကြီးဟိန်းဟောက်လိုက်တယ်။သူ့အတွက်တော့ ကျိုးကြောင့်သင့်သည် မသင့်သည်ဖြစ်စေ မှားမှားမှန်မှန် သူ့အမေဘက်ကပဲဖြစ်သည်။
     နောက်ပြီး သူ့အမေကို ဒေါသဖြစ်စေသူဟာ သူ့အတွက်ရန်သူပဲဖြစ်သည်။အဲဒါက ဘယ်သူပဲဖြစ်နေနေပေါ့။
           "အေဒီရာ ကိုယ်က သူမကို လျှောက်ပြပေးရုံပါပဲ။မင်းလည်း လာချင်ရင် အတူလိုက်ခဲ့လို့ရပါတယ်"
           "ပြီးတော့ ဘာလဲ။ကျွန်မက မင်းသားကို မယုံကြည်လို့  နှစ်ဆယ့်လေးနာရီ သူ့ကိုစောင့်ကြည့်နေတယ်လို လူတိုင်းသိအောင်ပြရမှာလား။ပြီးတော့ အဲ့မင်းသမီးက လှတယ်"
           "မင်းက ပိုလှပါတယ်"
           "ပြီးတော့ သူမက မင်းသမီးတပါး"
           "မင်းက ကိုယ့်အပိုင်လေ"
           "ကေဆီ တကယ်လို့ သူမက ရှင့်အပေါ် ကြွေသွားခဲ့ပြီး ရှင်ကလည်း သူမကို ကြွေသွားခဲ့ရင်ကော။ကျွန်မက ဘယ်လိုလုပ်ရမလဲ"
      ကေဆီမီရာအနေနဲ့ အေဒီရာရဲ့နှလုံးသားကလွဲပြီး ဘာကိုမှ လိုချင်ခဲ့တာမဟုတ်ဘူး။သူ့တဘဝလုံးမှာ ဒါက သူလိုချင်သော တခုတည်းသော အရာဖြစ်တယ်။သူ့အနေနဲ့ သူ့အတွက် အရေးမပါတဲ့အရာအတွက် ဒါကို ပြောင်းလဲဖို့ထိ မမိုက်ရူးသေးဘူး။
      ဆိုလိုတာက သူ့အနေနဲ့ ဘာလို့ သူမလေးကို သူနဲ့ချည်နှောင်ဖို့ရာအတွက် သူလုပ်ခဲ့တဲ့အရာတွေ အချိန်တွေ စိတ်ရှည်ခြင်းတွေ ကြိုးစားခဲ့ရတာတွေရဲ့ တအောင်စကိုတောင် တစုံတခုအတွက် မစွန့်လွှတ်နိုင်လေဘူး။
     သူက သူမကို သူ့ရင်ခွင်ထဲပွေ့ဖက်လိုက်ပြီး သူမခေါင်းပေါ်ကို အနမ်းတပွင့်ပေးလိုက်တယ်။သူတို့ဟာ ဒီအတိုင်းပဲ အေဒီရာဟာ စိတ်သက်သာရာရပြီး သူမလက်မောင်းတွေနဲ့ ပြန်လည်ပွေ့ဖက်မလာခင်အထိ တိတ်တိတ်လေးဘဲ အချိန်ခဏကြာ နေခဲ့တယ်။
        'ကိုယ်က ဒီလိုအရာတွေကို ဘာလို့ တစ်စုံတခုအတွက် လဲမှာလဲ။ကိုယ့်မှာ ကိုယ်အလိုရှိတဲ့ တစ်ယောက်တည်းသော အကောင်းဆုံးမိန်းကလေး ရှိနေပြီးသားပဲ။ကိုယ့်မှာ အကောင်းဆုံးရှိနေရဲ့နဲ့ ကိုယ်က ဘာကိုထပ်လိုချင်ရမှာလဲ'
            "ကိုယ့်မှာ မင်းကိုချစ်လွန်းလို့ ကျသွားခဲ့တဲ့မင်းရဲ့ဆွဲဆောင်မှုတွင်းထဲကနေ တက်လာဖို့တောင် ပျင်းနေတာ။ဒါကြောင့် ကိုယ်ဒါကို ကျော်ဖြတ်နိုင်ပါတယ်"
     အေဒီရာရဲ့မြင့်တက်လာတဲ့အပူချိန်ဟာ ကေဆီမီရာကို တင်းကျပ်ပွေ့ဖက်ထားရင်းက လျော့ကျသွားခဲ့တယ်။သူမက ခြိမ်းခြောက်ခံရသလိုခံစားလိုက်ရပြီး လုံးဝ ထိတ်လန့်ပြာသွားခဲ့ရတာဖြစ်သည်။ဒီအကြောင်းက ရုတ်တရက်သိလိုက်ရပြီး ဗုံးတစ်ခုလို ခံစားလိုက်ရတယ်။
      ဒါပေမယ့် သူမရဲ့ကြောက်ရွံ့ခြင်းက အကြောင်းမဲ့ သဝန်တိုခြင်းတော့ မဟုတ်လေဘူး။
     သူမရဲ့ အရင်ဘဝမှာကလည်း ဒီမင်းသမီးက လာခဲ့ပြီး သူမက အင်ပါယာရဲ့ ပထမမင်းသားနဲ့ စေ့စပ်ကြောင်းလမ်းခဲ့ဖူးတယ်။
      ဗားဆိုင်းလူးယပ်စ်အင်ပါယာ၏ မြောက်ဘက်ပိုင်းမှ အယ်လ်လန်သီတိုင်ပြည်ရဲ့ ပထမမင်းသမီးဖြစ်သူ သီရာ ရိုဇယ်ဗာ ဘေရာ အယ်လ်လန်သီ ဟာ လှပပြီး ကြင်နာတတ်သောကြောင့်သုမကို ဆောင်းရဲ့နှင်းဆီပန်းပွင့်ဟု လူသိများတယ်။
       သူမကပုံပြင်တစ်ပုဒ်ရဲ့ အဓိကဇာတ်ကောင်မင်းသမီးလို့ သတ်မှတ်ရလောက်အောင် ကြင်နာသူဖြစ်သည်။
     သူမတို့ရဲ့တိုင်းပြည်ဟာ တချိန်လုံး နှင်းတွေဖုံးလွမ်းနေပြီး ရာသီဥတုမမျှတသည့်တိုင် အလွန်ပြီးပွားချမ်းသာပြီး အင်အားကြီးသန်မာလေတယ်။
       အေဒီရာဟာ အချိန်ကိုမမှတ်မိပေမယ့် ထိုမင်းသမီးဟာ ပထမမင်းသား ကေဆီမီရာကို ချစ်ကျွမ်းဝင်ပြီး သူတို့စေ့စပ်ခဲ့ကြတယ်။ဒီအကြောင်းဟာ ပြောကြလွန်းလို့ အေဒီရာဂရုမစိုက်ခဲ့ပေမယ့် သူမနားထဲအထိရောက်ခဲ့တယ်။
      မင်းသမီးဟာ ချီးကျူးဂုဏ်ပြုခြင်းအတွက်အပြင် လက်ထက်ပွဲကနေတဆင့် သူမတို့တိုင်းပြည်ရဲ့အင်အားပိုမိုတောင့်တင်းလာစေဖို့ရာ လာခဲ့တယ်လို့ သတင်းတွေတောင် ထွက်ခဲ့သေးသည်။နောက်ပြီး ဂရုမစိုက်တတ် မတုန်မလှုပ်မင်းသားကလည်း ဘာမှငြင်းဆိုခြင်းမရှိဘဲ ကြောင်းလမ်းခြင်းကို လက်ခံခဲ့သည်။
     သူက သူတို့ကို သူ့ကံကြမ္မာအား ဆုံးဖြတ်စေခဲ့တယ်။
     သူ့ရဲ့အေးစက်တဲ့ပုံစံကပဲ မင်းသမီးနှလုံးသားထဲဝင်ရောက်သွားပြီး သူမဟာ သူ့ကို ထက်ထက်သန်သန်လိုက်ခဲ့တယ်။သူတို့ စေ့စပ်ကြသည်အထိပေါ့။
     အဲဒီအရာအားလုံးက ပထမမင်းသားဟာ မင်းသမီးကို ကြိုဆိုလမ်းညွှန်ဖို့လက်ခံလိုက်တဲ့အချိန်ကစခဲ့တာဖြစ်တယ်။
       'သူမက တကယ်ပဲ လာတော့မှာပေါ့လေ။ငါတကယ် ကေဆီမီရာနဲ့ငါနဲ့ကြောင်းလမ်းပြီးသွားပြီးဖြစ်တော့ တခြားတိုင်းပြည်တခုနဲ့ လက်ထက်စကားပြောဖို့မလိုဘဲ သူမ မလာဖို့ကို တတ်တိတ်လေး ဆုတောင်းနေခဲ့ရတာ။
        ငါက ဒီလိုအလှက ဆောင်းရဲ့နှင်းဆီပန်းလိုသူမအလှကို ကျော်နိုင်မှာတဲ့လား။နောက်ပြီး ကျက်သရေရှိမှုမှာရောပေါ့။တခြားသူတွေက သူမက ကေဆီကိုငါ့ဆီကနေ ခိုးယူမသွားနိုင်အောင် ငါအခုပဲ သူ့ကို လက်ထပ်လိုက်ရမလား။ငါ လုပ်လိုက်ရမလား'
        
          "အေဒီရာ?မင်း ဘာတွေတွေးနေတာလဲ"
     ကေဆီမီရာဟာ သူမရဲ့တဖြည်းဖြည်းကြုံ့လာတဲ့မျက်ခုံးတွေကြောင့် မေးလာတဲ့အခါမှာတော့ သူမရဲ့ ရူးကြောင်ကြောင်အတွေးတွေဟာ လွင့်ထွက်သွားလေတယ်။သူမ သူ့ရင်ခွင်မှာ ပွတ်သီးပွတ်သပ်လုပ်ရင်းက ချွဲနွဲ့ဆိုလိုက်တယ်။
          "ကေဆီက တခြားလှပတဲ့မင်းသမီးတစ်ယောက်ဆီ ခိုးယူခံရတော့မယ့်အပြင် ကျွန်မကတော့ သူ့ကို သူမဆီပေးဖို့ခွင့်ပြုဖို့စဉ်းစားနေရတယ်။ကျွန်မ သေလုနီးပါးခံစားနေတာ ဟုတ်ပြီလား။gosh!"
          "မင်းဘာလို့ အမည်တောင်မသိတဲ့မင်းသမီးတစ်ယောက်ကို ကြောက်လန့်နေရတာလဲ"
         "ဘာလို့လဲဆိုတော့ သူမကလှလို့ပေါ့ ကေဆီရဲ့။ကျွန်မသေချာပေါက်ပြောနိုင်တယ်။သူမက တောင်ကမ်းပါးစွန်းမှာ ပေါက်နေတဲ့ သူမမှ မထိနိုင် အစွန်းအထင်းမခံနိုင်တဲ့ လီလီပန်းတွေလို လှနေမှာမို့လို့ပေါ့"
          "ကိုယ်ကတော့ အဆိပ်ရှိမယ်ထင်ရပေမယ့် နေရောင်အောက်မှာတောင် တောက်တောက်ပပဖူးပွင့်နေတဲ့ လီလီပန်းကို ပိုချစ်တာ"
          "ဒါဆို ကျွန်မက ခုပဲ ဒီနေရာမှာ ကျွန်မကို လက်ထပ်ဖို့ပြောရင် ရှင်လက်ထပ်မှာလား"
          "မင်းလေးရဲ့ သဘောအတိုင်းပါပဲ သခင်မလေး"
      ကေဆီမီရာဟာ အေဒီရာရဲ့ ထိတ်လန့်မှုနဲ့မခံချင်မှုတို့ကြောင့်  ထွက်ပေါ်လာသော အကြံပြုချက်ကြောင့် အပြုံးကြီးကြီးဖြစ်ပေါ်လာရင်းက ဖြေလိုက်တယ်။
      ဒါက ထူးဆန်းတယ်။သူမက သူမမျက်စိရှေ့မှာရှိတဲ့အရာအားလုံးနီးပါးကို မီးရှို့ပြာချလုနီးပါး ဖြစ်နေပေမယ့် ကေဆီမီရာက သူမကို လှပနေတယ်လို့ ခံစားနေရတယ်။
        'ဒါက ပုံမှန်ပဲမို့လား'
    
       **********

She become a passive villainess-not(trans)Where stories live. Discover now