This prince

1K 145 0
                                    

This prince

       ကေဆီမီရာရဲ့ ချောမောလှတဲ့ မျက်နှာကိုပဲ တညလုံးမြင်ယောင်မိပြီးတဲ့နောက်မှာတော့  နောက်နေ့မှာမှာလည်း တွေးမိနေဆဲဖြစ်သော်လည်း အေဒီရာဟာ သူတို့ပိုက်နက်မြေထဲမှာရှိတဲ့ ဗဟိုဈေးတန်းကို သွားဖို့ ခွင့်ပြုချက်တောင်းလိုက်တယ်။
     ညတုန်းကမှ သူ့သမီးလေးမျက်နှာကို မြင်ခွင့်ရတဲ့ အဖေဖြစ်သူ ဆေဖာလ်ဟာ ၀မ်းနည်းသလို မိခင်ဖြစ်သူ အန်ဒရီယာကို တိုင်တန်းပြောဆိုလိုက်တယ်။
      "သူမကို ကြည့်ပါဦး။သူမက ပြန်ရောက်ခါစပဲရှိသေးတယ်။သူမ ဖခင်နဲ့ မနေချင်တော့ဘူး အန်ဒရီယာ။ငါ ဒီလိုမျိုးပုံစံနဲ့ အသက်မရှင်ချင်တော့ဘူး"
     "အို ဆေဖာလ်ရယ် အေဒီရာက ဒီအတိုင်း လမ်းလျောက်ထွက်ရုံတင်ပါ။သူမက ခဏလေးတင် ပြန်လာမှာပါ။ဟုတ်တယ်မို့လား အသည်းလေး"
    အေဒီရာဟာ မတရားခံနေရသလို မြည်တမ်းပြောဆိုနေတဲ့ သူမဖခင်ကြောင့် ပြုံးလိုက်မိပြီး ချက်ခြင်းပဲ ပြန်ဖြေလိုက်တယ်။
    "သေချာတာပေါ့ ဖေဖေနဲ့မေမေ။သမီးက ပစ္စည်းတချို့ကို သွားကြည့်ချင်ရုံပါ။နေလည်ထမင်းစားချိန်ကျ ပြန်လာခဲ့မှာပါ"
     "ကဲ ကြည့်။ဒါဆို အခု  ရှင် မင်ကြီးလုပ်ခိုင်းထားတဲ့ အလုပ်တွေ သွားလုပ်ချေတော့။မဟုတ်ရင် နောက်ထပ်အလုပ်တွေပေါင်းပြီး ပုံနေဦးမယ်"အန်ဒရီယာကပြောဆိုပြီး ဆေဖာလ်အိမ်တော်ပိုင် အိမ်တော်တခုစီကို ထွက်သွားလိုက်တော့တယ်။
     ဆေဖာလ်ဟာ သူ့ရဲ့အလုပ်တွေကို သူ့ဆီကို လွှဲချတဲ့ ဘုရင်ကြီးကို အသံတိတ် ကျိန်ဆဲမေတ္တာပို့ရင်း ပို၍ပို၍တောင် စိတ်ညစ်ညူးလာလေမိလေတယ်။
     ကေဆီဟာလည်း သူ့အလုပ်တွေကို တခြားသူတွေဆီကို လုပ်ခိုင်းတတ်လားဆိုတာ ငါသိချင်မိသား ။
..............
       "အရှင်မင်းသား နောက်ဆုံးတော့ ဒီအလုပ်တွေကို ဂရုစိုက်ပါတော့။ကျွန်တော်မျိုး သေလုနီးပါးဖြစ်နေပြီ"ရိုမန်ဟာ ကေဆီမီရာ တံခါးကို ဖွင့်ဝင်လာချင်းမှာဘဲ ညီးညူပြောဆိုလာတယ်။
    "ကောင်းကောင်းလုပ်ခဲ့ပါတယ် ရိုမန်။နားရက် ၃ ရက်ယူနိုင်ပါတယ်။ကျေးဇူးပါပဲ"
    ရိုမန်ဟာ ကေဆီမီရာ စကားကို ကြားကြားချင်းမှာဘဲ ထိုမဲနက်သော နှလုံးသားပိုင်ရှင် မင်းသားကို ထိုစကားတွေပြောလာအောင် ပြုလုပ်ပေးခဲ့သူကို ဒူးထောက်ပြီး အရိုအသေပေးချင်စိတ်တောင်ပေါက်သွားလေတယ်။
    သူက သူ့ကို ကျေးဇူးတင်စကား ဆိုရုံတင်မကဘူး နားရက် ၃ ရက်တောင် ပေးလိုက်သေးသည်။ဒါက သူ့ကို အံ့သြစေဖို့ လုံလောက်ပါသည်။ထိုသူဟာ လူမှုရေးအရပွဲတွေနဲ့ အစည်းအဝေးတွေကလွဲရင် ကျေးဇူးတင်စကားပြောတတ်သူမှ မဟုတ်လေဘဲ။
      "ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အရှင်းမင်းသား"သူက သု့ခုံကနေ ထလိုက်ပြီး မင်းသားကို အရိုသေပြု အလေးပြုကဲာပြောလိုက်တယ်။မင်းသားရဲ့ ပြောင်းလဲသွားတဲ့ မျက်နှာကြောင့် သူအနေနဲ့ မင်းသား စိတ်ပြောင်းသွားတားဟု စိုးရိမ်မိသွားတယ်။ဒါပေမယ့် ကံကောင်းစွာဘဲ ဒီလိုမျိုးဖြစ်မလာခဲ့ဘူး။
    ကေဆီမီရာအနေနဲ့ သူဟာ အေဒီရာနဲ့ ရှိနေခဲ့ရတဲ့ တပတ်တာအတွက် အတော်ပျော်ရွှင်နေတာဖြစ်တယ်။အချိန်တော်တော်များများမှာ ဟေဇယ်က ၀င်ရောက်နှောင့်ယှက်တတ်ပေမယ့် သူမနဲ့ အတူရှိခွင့်ရတာအတွက် ပျော်ရွှင်နေမိဆဲပါပဲ။
    ကေဆီမီရာဟာ ထိုင်ခုံပေါ်မှာ ထိုင်လိုက်ပြီး သူ့ရဲ့ အေးစက်လှတဲ့ နှုတ်ခမ်းတစုံးကို ကိုင်ကြည့်လိုက်ပြီး အပြုံးတခုဟာ အလိုအလျောက်ဖြစ်ပေါလာတယ်။သူ သူမပါးပြင်ကို အနမ်းခြွေပြီးတဲ့ နောက် သူမလေးဘယ်လောက်တောင် နီရဲသွားလဲဆိုတာ သူမှတ်မိသေးတယ်။
    သူဟာ တနေ့လုံး မပင်ပန်းဘဲ အားအင်အပြည့်ဖြစ်နေခဲ့တယ်။အေဒီရာ ကျောင်းကို ပြန်လာမယ့်နေ့ကို သူ မစောင့်နိုင်တော့ဘူး။
..........
       အေဒီရာဟာ ဈေးတန်းထဲမှာ လျောက်ပြီးကြည့်ရှုနေလိုက်တယ်။သူမက ထင်းထွက်နေတာကနေ ကာကွယ်နိုင်ဖို သာမာန် ယောက်ျားလေးဆန်ဆန် ၀တ်ဆုံကို ၀တ်ဆင်ထားပြီး သူမခြေထောက်တွေထိဖုံးတဲ့ ခေါင်းဆောင်းပါတဲ့ဝတ်ရုံရှည်ကိုလည်း ထပ်ဝတ်ထားသေးသည်။
      ဒါက သူမ ဆလယ်ဗားရစ် အိမ်တော်ကနေ ပထမအကြိမ် ခိုးထွက်လာတုန်းကလိုပါပဲ။
    သူမနဲ့ ရင်းနီးနေတဲ့ ပါမုန့်ဆိုင်ရှေ့ရောက်တဲ့အခါမှာတော့ သုမက ရပ်လိုက်တယ်။ဒီတခါမှာတော့ သူမ ပိုက်ဆံပါအောင် ယူလာခဲ့ပါသည်။
    သူမကြည့်လိုက်တဲ့ အခါမှာတော့ အရင်လိုပုံစံအတိုင်းပဲ ပီတာနဲ့ ဟွာကို တွေ့လိုက်ရတယ်။
     "အွပ်......"
     "အူး...ဝေ...လမ်းဖယ်"
  သုမဟာ သူတို့ကို မနှုတ်ဆက်လိုက်ရခင်မှာဘဲ ပြေးလာတဲ့လူနဲ့ အရှိန်ပြင်းစွာတိုက်မိပြီး နှစ်ယောပ်စလုံးဟာ မြေပေါ်မှာ လဲကျသွားတယ်။
      "အာ."အေဒီရာဟာ ညည်းညူလိုက်ပြီး သူမအား ၀င်တိုက်သူကို ကြည့်လိုက်တယ်။
     "Hey...ဘာ---"
      "ဘယ်လိုလူလဲ ဘာကြောင့် လမ်းမဖယ်ရတာလဲ ဟမ်။ငါ ဒီလောက်အော်နေတာတောင် မရှောင်ဘူး။မင်း လူလိမ်မို့လား။ငါ့ဆီက ငွေလိမ်ယူချင်လို့ တမင်လုပ်တာမို့လား။မင်းငါ့လို ထက်မြက်တဲ့သူကို ညာလို့ မရဘူးကွ"
      အဲဒီလူဟာ သူမကို လက်ညိုးထိုးပြီး အရင်အော်ပြောလာခဲ့တယ်။
     ဘယ်လောက် ဆိုးရွားလောက်တဲ့လူလဲ။ဘယ်လိုတောင် ဒီလို စွပ်စွဲရဲရသလဲ။
    "ဘာ ရယ် ဘယ်လိုလုပ် ဒီဘက်က အပြစ်ဖြစ်ရမှာလဲ။ဒီနေရာကို ကိုယ့်ကိုယ်ပိုင်နေရာလို ပြေးလာတဲ့သူ အပြစ်ပဲ။ပြီး ထက်မြက်တယ်တဲ့လား။မကောင်းတဲ့လူ။ခင်ဗျားကို ကြောက်မနေဘူး"
    အေဒီရာဟာ ပြန်ပြောရင်းကပဲ ထရပ်လိုက်တယ်။ဒီနေ့ သူမ ယောက်ျားလေးပုံစံဝတ်လာတာ အဆင်ပြေသွားတယ်။ဒီလူ့ကို ကောင်းကောင်း ပညာပေးလို့ရတယ်။
      "အကြီးတွေကို ဘယ်လိုရိုသေရမလဲဆိုတာ ငါမင်းကို သင်ပြပေးမယ်"အဲ့လူဟာ ထရပ်လိုက်ပြီး အေဒီရာကို ခြောက်လာတယ်။
     ကြည့်မယ်ဆိုရင် ထိုသူ့အရပ်က ကေဆီထပ် အနည်းငယ်ပုတယ်။ဒါကြောင့် သဘာဝကျစွာဘဲ အေဒီရာက သူ့ကို ကြောက်မနေဘူး။
     "ကျွန်တော်လည်း ခင်ဗျားကို ဘယ်သူ့ကို လေးစားသင့်လဲဆိုတာ သင်ပြပေးမယ် ရိုင်းစိုင်းတတ်တဲ့ လူကြီး"
    အပြန်အလည် အတုံ့အလှည့်ပြောဆိုပြီးချိန်မှာတော့ ထိုလူဟာ အေဒီရာဆီက်ု လက်သီးတချက်ပစ်သွင်းလာတယ်။သူ့ရဲ့ လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း မြင်လိုက်တဲ့ အေဒီရာဟာ ဘေးကို ရှောင်လိုက်ပြီး တံတောင်ဆစ်နဲ့ ထိုလူရဲ့နံရံကို ထိုးသွင်းလိုက်တယ်။
      ထိုလူဟာ နောက်ကို အနည်းငယ်ဆုတ်သွားလိုက်ရတယ်။ခေါင်းဆောင်း ဆောင်းထားတဲ့ လူငယ်ရဲ့ ထိုးချက်အားက ပြင်းလွန်းတယ်။ထိုအားပျော့ပုံရတဲ့ လူငယ်လေးဟာ တိုက်ခိုက်ရေးမှာ ဆရာတဆူဖြစ်လိမ့်မယ်လို့ သုအနေနဲ့ ကောက်ချချလိုက်တော့တယ်။
     အပြန်ပြန်အလည်လည် တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ လူကြီးဟာ အညိုအမဲစွဲနေအောင် အရိုက်ခံလိုက်ရပြီး မြေပြင်ပေါ်မှာ လဲကျသွားတော့တယ်။
     "ခင်ဗျား လူတယောက်ကို အားနည်းပုံရတိုင်း မလေးမစားမလုပ်သင့်ဘူး။မဟုတ်ဘူး အားနည်းတယ်ဆိုရင်တောင် ပိုမလုပ်သင့်သေးတယ်။အင်အားနဲ့ လူကို အနိုင်ကျင့်ဖို့ မစဉ်းစားနဲ့"
    "ဒီမင်းသားက လူတွေကို အနိုင်မကျင့်တတ်ဘူး။မင်းကပဲ ငါ့ကို အနိုင်ကျင့်တာ"သူက အေဒီရာကို လက်ညိုးထိုးပြီး ပြောလာတယ်။
    ဘာရယ်?သူက တကယ်ကိုပြဿနာရှာချင်နေတာပဲ။
    "ခင်ဗျားလို လူက ဘယ်လို မင်သားဖြစ်မတဲ့လဲ။မင်းသားတပါးက လူတွေကို လွယ်လွယ်မစွတ်စွဲတတ်ဘူး။ခင်ဗျားလို ရိုင်းစိုင်းတဲ့ သူကလေ။ပြီး မင်းသားတပါးက ခုလို မ၀တ်စားဘူး"
    အေဒီရာဟာ သူဆီကို ခြေတလှမ်းဆီတိုးသွားရင်း စကားလုံးတလုံးချင်း ပြောလိုက်တယ်။
    သူမရဲ့ စကားပြောဆိုပုံကြောင့် သူ့အနေနဲ့ ထိုလူငယ်ဟာ မင်းသားတယောက်ယောက်နဲ့များ သိနေတာလားလို့ သံသယ၀င်မိပြီး စိတ်ရှုပ်သွားတယ်။မဖြစ်နိုင်ပါဘူး။သူ့လို လူတယောက်က ဘယ်လို မင်းသားကို သိမှာတဲ့လဲ။
     "ငါ...ငါက ပြည်ပပညာတော်သင်ကနေပြန်လာခါစမို့ မြို့တော်ပြန်ရင်း ခဏအလည်ထွက်လာတာ။ငါမင်းကို သတိပေးလိုက်မယ်။မင်း ငါ့ကို ထိရင် ငါ့မှာ စစ်...."သူ စကားဆုံးအောင် မပြောလိုက်ရခင်မှာဘဲ သူ့ဗိုက်ကမြည်လာတာကြောင့် သူ့မျက်နှာတခုလုံးဟာ နီရဲသွားတယ်။
      "မင်းသားတပါး?မင်းသားက ဘယ်အချိန်ကစ ဗိုက်ဆာနေတာလဲ။အိုးးးးအရှင်မင်းသား သင့်ကို အစေခံတွေက အစာမဆက်သဘူးလား"အေဒီရာဟာ ထို့သူ့ကို ထပ်ပြီး ဖိအားပေးပြောဆိုလိုက်တယ်။သူမ သူ့ကို အလွတ်ပေးမှာမဟုတ်ဘူး။
      "ပါး...ပါးစပ်ပိတ်ထား။ငါက ငါနဲ့အတူ ပိုက်ဆံယူလာဖို့ မေ့သွားရုံပဲ"သူက ထပ်မံငြင်းဆိုလိုက်တယ်။သူ့အသံက ရှက်စိတ်ကြောင့် ကျယ်နေခဲ့တယ်။
     "အိုးးးးအဲဒီလိုလား အရှင်မင်းသား"
   အေဒီရာဟာ ထိုလူကို ထပ်မံပြောဆိုဖို့လုပ်နေစဉ်မှာဘဲ သူတို့နှစ်ယောက်ကို သတိထားမိတာကြာပြီဖြစ်တဲ့ ပီတာဟာ ထွက်လာပြီး သူတို့နှစ်ယောက်ကို ဖြောင်းဖြဖို့ ကြိုးစားလိုက်တယ်။
     "လူငယ်လေးတို့ ဒီအကြောင်းကို ကော်ဖီလေးကိတ်လေးစားရင်း ဆက်ဆွေးနွေးကြပါလား"
    အေဒီရာဟာခေါင်းဆောင်းဆောင်းထားလျက်ကပဲ မြေပြင်ပေါ်မှာလဲနေတဲ့ ထိုသူ့ဆီကို လက်ကမ်းပေးလိုက်တယ်။ဒါဟာ ပီတာ့ကို လေးစားသမှုနဲ့ သူ့ဆိုင်ရှေ့မှာ မလိုလားအပ်တဲ့ ပြသာနာတွေဖြစ်လာမှာကို ရှောင်ကြဉ်ဖို့ရာ အတွက်သာဖြစ်တယ်။ပြီးတော့ သူမရဲ့ ရည်ရွယ်ချက်က သူတို့နဲ့ တွေ့ဖို့ပဲမဟုတ်လား။
     "ဒါ ဘာအတွက်လဲ"
     "ခင်ဗျားကို တနပ်ကျွေးမယ်။ငြိမ်းချမ်းရေးယူတဲ့ အနေနဲ့ရယ်။ဒီလူကြီးမင်းကို သူ့ဆိုင်ရှေ့မှာ ပြဿနာဖြစ်စေခဲ့တာကို တောင်းပန်ဖို့ရာအတွက်ပေါ့။လာပါ"
     ထိုလူဟာ သူမလက်ကို မဆွဲဘဲ ကိုယ့်ဘာကိုယ်ပဲထရပ်လိုက်တယ်။
     ဒါပေမယ့် သူ့အနေနဲ့ အလကားကျွေးတဲ့ တနပ်ကိုတော့ မငြင်းဆန်လိုဘူး။သူ တကယ်လည်း ပိုက်ဆံယူဖို့မေ့ခဲ့တာ ဖြစ်ပြီး ဗိုက်လည်း တကယ်ဆာနေခဲ့တာဖြစ်သည်။

She become a passive villainess-not(trans)Where stories live. Discover now