My swords

840 135 0
                                    

       My swords

     "မင်းပြန်လာပြီ"
      လက်မောင်းကြားက မိန်းမတယောက်ရဲ့တည်ရှိမှုက သိသာလှသော်လည်း ကေဆီမီရာ့မျက်နှာဟာ အပြုံးတခုနဲ့အတူ တောက်ပနေခဲ့တယ်။သူက လက်မောင်းကြားက မိန်းကလေးကို ဘေးကိုတွန်းပို့လိုက်ပြီး သူ့ကို တခြားတယောက်နဲ့တွေ့လိုက်ရ၍ရှော့ခ်နေဆဲဖြစ်တဲ့ မိန်းကလေးကို သူ့အနားဆွဲခေါ်လိုက်တယ်။
     
      "အမ်..ဟုတ်တယ် ခုလေးတင်ပဲ။ဒါနဲ့ ရှင်ကျွန်မမေးတာကို ပြန်မဖြေရသေးဘူး။ကျွန်မ ရှင်တို့နှစ်ယောက်ကို နှောင့်ယှက်မိသွားလား။ဒါဆို ကျွန်မပြီးမှ ပြန်လာခဲ့မယ်လေ"

       အေဒီရာဟာ သူတို့နှစ်ယောက်ရဲ့ နေရခက်နေတဲ့အနေအထားအရ သူတို့ဟာ တစုံတခုကို ဆွေးနွေးနေပြီး အိုင်းရစ်က သူ့အပေါ်မှာ မတော်တဆလဲကျသွားဖြစ်မည်ဟု မှန်းမိပြီး မပြီးပြတ်သေးရင် ဆက်ဆွေးနွေးစေရန်အလို့ငှာ ပြောလိုက်တယ်။

      "မဖြစ်ပါဘူး။ကိုယ်တို့ပြီးပြီ။"ကေဆီမီရာက သူမကို ပြန်ဖြေလိုက်ပြီး အိုင်းရစ်ကို ခေါင်းတချက်ငြိမ့်ပြလိုက်တယ်။
       အိုင်းရစ်ဟာ သူမထွက်မသွားခင်မှာ ကေဆီမီရာကို ရှက်ပြုံးလေးနဲ့ တချက်ကြည့်လိုက်ပြီး အေဒီရာကို အပြစ်ရှိသလို ကြည့်သွားခဲ့တယ်။

        ဒီအမျိုးသမီးက ငါ့ကို တကယ်စမ်းသပ်နေတာပဲ..ဟ

      "မင်းပြန်လာခဲ့ပြီ"
    သူက သူမလေးကို ရင်ခွင်ထဲမှာတင်းကျပ်စွာ ပွေ့ဖက်ထားရင်း သူမလေးရဲ့ ကိုယ်သင်းနံ့လေးကို နမ်းရှုံ့ရင်းက ထပ်ပြောလိုက်တယ်။
       သူ သူမလေးကို တကယ်ကို လွမ်းနေခဲ့ရတာ။သူလွမ်းခဲ့ရတဲ့အချိန်တွေကြောင့် အလုပ်တွေကိုပစ်ပြီး သွားတွေ့ချင်မိတဲ့အချိန်တွေဆို ရေတွက်လို့တောင် မနိုင်လေဘူး။သူမ အကြာကြီး နေနေခဲ့တာပဲ။

       "ကျွန်မ ဟေဇယ်ကို အတူခေါ်လာခဲ့တယ်။ရှင် သူ့ကို တွေ့ချင်လား" အေဒီရာက ဟေဇယ်ပါ သူမနဲ့အတူခေါ်လာခဲ့ကြောင်း သူ့ကို အသိပေးပြောဆိုလိုက်တယ်။

      "အမ် နောက်မှပဲ။ခုတော့ မင်းက အရင်"
      သူက ရိုးရိုးပဲပြန်ဖြေလိုက်ပြီး စားပွဲပေါ်က အလုပ်တွေကို ပစ်ထားလိုက်ကာ သူမလေးကိုပဲ သူ့လက်မောင်းကြားမှာ ထားထားလိုက်တယ်။သူလွမ်းခဲ့ရတဲ့ အချိန်တွေအတွက် အကြွေးပြန်ယူရမည်လေ။

She become a passive villainess-not(trans)Hikayelerin yaşadığı yer. Şimdi keşfedin