Already given you my life

1K 149 1
                                    

Already given you my life
  
       "အသင့်ဘ၀တခုလုံးနှင့် ယုံကြည်ပါသလား"
   ကေဆီမီရာဟာ သူမလေးစကားအဆုံးမှာ ကြက်သေသေသွားတယ်။သူမျက်နှာမှာတော့ ဘာအမူအရာမှ ရှိမနေလေဘူး။သူ့ရဲ့ ခုလိုပုံစံကြောင့် အေဒီရာဟာ သူဘာတွေးနေလဲဆိုတာ မသိဘူး။
      "မဟုတ်သေးဘူး။ဒီလိုဆို ထူးဆန်နေလိမ့်မယ်။ကျွန်မဆိုလိုချင်တာက လက်ထက်သလိုမျိုး ဘ၀ကိုပြောတာမဟုတ်ဘူး။ရှင့်ရဲ့ လုံခြုံးရေးနဲ့ ပတ်သတ်လာတဲ့အခါတို့ ဘာတို့မှာ ကျွန်မကို ယုံကြည်ပေးမလား အဲဒါကို ဆိုလိုချင်တာ"
     သူမက သူအတွေးလွန်မသွားစေဖို့ ထပ်ပြီး ခြေတွေလက်တွေနဲ့ ထပ်ပြောလိုက်တယ်။သူမ သူ့ကို ရှင်းသွားအောင် ဘယ်လိုပြောရမယ်ဆိုတာ မသိတော့ဘူး။
     "ကိုယ်မှာ အန္တရယ်တခုခု ရှိနေလို့လား"သူမလေးထပ် ပိုပိုး သူက?
      "မရှိပါဘူး။ကျွန်မက ရှင် တကယ်လို့ ဖြစ်လာခဲ့သည်ရှိသော် ရှင်ကျွန်မကို ယုံကြည်မလား မေးကြည့်ရုံပါ"
     ကေဆီမီရာက တိတ်ဆိတ်နေမြဲဖြစ်တာကြောင့် သူမဘာဆက်လုပ်ရမလဲ မသိတော့ဘူး။ဘယ်အရာက သူ သူမကို အဖြေပေးဖို့ နှောင့်နှေးစေနေတာလဲ။
     "ကျွန်မ ပြောချနိင်ြတာက ရှင့်က ကျွန်မကို လုံးဝဥဿုံ ယုံကြည်မယ်ဆိုရင် ကျွန်မကလည်း ရှင့်အပေါ် အပြည့်အ၀ ယုံကြည်နိုင်မယ်။အဲ့တာဆို မျှမျှတတဖြစ်သွားပြီလေ မဟုတ်ဘူးလား" သူမကထပ်ပြီး ဖြည့်စွက်ကာ ထပ်ပြောလိုက်တယ်။
     ဘယ်လိုပဲနေနေ သူမ သူဆီက သူမကိုယုံကြည်ပါမယ့်ဆိုတဲ့ ကတိကို ရချင်တယ်။သူမ သူ့ကို ကယ်နိုင်ဖို့ရာအတွက်ပေါ့။အဲ့အချိန်ကျရင် သူမ သူ့ကို ကာကွယ်နိုင်ဖို့ လုပ်လို့ရတာ ဘာမဆိုလုပ်မှာ။ကေဆီမီရာကိုယ်တိုင်တောင်မှ တားလို့မရစေရဘူး။
    သူမ မျက်ဝန်းတွေဆီက လေးနက်တဲ့ ပြင်းပြမှုတွေကြောင့် ကေဆီမီရာက ခေါင်းတချက်ငြိမ့်ပြီး ပြောလိုက်တယ်။"ကိုယ်မင်းကို ကတိပေးပါတယ်"
    ဒါဟာ သူ့အတွက်မျှတတာထက်ပိုပါသည်။ဒါကလည်းဟသူ သူမဆီက တောင်းဆိုချင်တာ အကုန်ပဲဟာ။သူ အန္တရယ်ရှိတဲ့ အခြေအနေမျိုးမှာ မဟုတ်ဘူးဆိုရင်တောင် သူ သူမကို ဘ၀တခုလုံး ပေးဖို့ ဆန္ဒရှိတယ်။ဒါဆို သူဘာလို့ ပထမက ပြန်မဖြေရတာပါလဲ။သူတွေးနေတာက
     ဒါက မသိသာဘူးလား။သူမကို သူ့အပါ် ဒီလောက်လွမ်းမိုးနိုင်စွမ်းပေးထားတာတောင် သူမက ဒီမေးခွန်းမေးနေသေးတယ်။ငါ သူမကို စေ့စပ်ဖို့ တောင်းဆိုကတည်းက ငါ့ဘ၀ကို သူ့မဆီ ပေးထားပြီးသားပဲဟာ။
      အေဒီရာဟာ သူ့စကားကြောင့် သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။
    အခုဆိုရင် ဒီကတိကို အသုံးချပြီး လုပ်ကြံမှုတွေဖြစ်မလာခင် သူနဲ့ သဘောတူမှုတွေ လုပ်နိုင်လိမ့်မယ်။အရင်ဘ၀ တုန်းက သူမ ထရီတန်အပေါ်မှာဘဲ တမ်းတမ်းစွဲဖြစ်နေတာကြောင့် ဘယ်ယောက်ျားလေးကိုမှ မသိခဲ့ဘူး။သူမ အင်ပါယာရဲ့မင်းသားကေဆီမီရာ အေသရာဆီးယပ်စ်ကို သိခဲ့တာတောက်မဟုတ်ဘူး။သူမ သူ့ကို သိတဲ့အချိန်က အင်ပါယာမှာလုပ်ကြံမှုဖြစ်ပြီး သူ့ဈာပန အခမ်းအနားမှာပဲ။ဒါတောင် အဲ့အချိန်တုန်းက သုမ ဂရုစိုက်ခဲ့တာ မဟုတ်ဘူး။ဒါကြောင့် အခု သူမ ဒါနဲ့ ပတ်သတ်ပြီး တွေးရပ်ကြပ်နေခဲ့တယ်။သူမအနေနဲ့သူ့ကိုဘယ်သူ လုပ်ကြံခဲ့တယ် နောက်ကွယ်က ဘယ်သူရှိတယ်ဆိုတာတွေကို သိခဲ့တာ မဟုတ်လေဘူး။သူ့နဲ့ မတည့်တဲ့သူကလား သူနဲ့ ရင်းနီးသူကပဲ သစ္စာဖောက်တာလားဆိုတာ မသိဘူး။
     သူမသိတဲ့ ကေဆီမီရာ အနေနဲ့ဆိုရင်ရင်တော့ မိန်းမတယောက်ကြောင့်မဟုတ်နိုင်ဘူး။သူက ဒီလိုတွေနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတာမှ မဟုတ်ဘဲ။
     နိဂုံးချုပ်လိုက်တော့ သူ့ကို ဘယ်သူလုပ်ကြံခဲ့တာလဲ။
    ဘယ်သူက ကေဆီမီရာကို သတ်ပစ်နိုင်အောင်ထိ သန်မာနိင်တာလဲ။
    အေဒီရာက ဒါကိုပဲ လေးလေးနက်နက်တွေးနေတာကြောင့် သူမကို စူးစိုက်ကြည့်နေတဲ့ ကေဆီမီရာကို သတိမထားမိလေဘူး။
     သူ့အနေနဲ့ အေဒီရာရဲ့ ပြောင်းလဲသွားတတ်သောအမူအရာတိုင်းကို နှစ်သက်ပေမယ့် အခု သုမဖြစ်နေတဲ့ အမူအရာကတော့ တမျိုးပဲ။သူက သူမရဲ့ ကျုံ့နေတဲ့ မျက်ခုံးနှစ်ခုကြားကို ထိတွေ့လိုက်တယ်။
   သူ့ရဲ့ ထိတွေ့လာမှုကြောင့် အေဒီရာ အတွေးလွန်မှုက ရပ်သွားပြီး ကေဆီမီရာကို ကြည့်လိုက်တယ်။သူမက မိသားစုခရီးစဉ်လေးအတွင်းမှာ စိတ်အနှောင်အယှက်ဖြစ်သွားအောင် လုပ်မိသွားတယ်။
    "ကျွန်မ တောင်းပန်ပါတယ် ကေဆီ။ကျွန်မ ဒီ.....ဒီအတိုင်း တချို့အတွေးတွေက ခေါင်းထဲရောက်လာလို့ပါ။ဒါပေမယ့် အခု အဆင်ပြေသွားပါပြီ။ကျွန်မအနားမှာ ရှင်နဲ့ ဟေဇယ်ရှိနေသရွေ့ ကျွန်မအဆင်ပြေတယ်"
     "အင်း ဒါတွေက အဆင်ပြေသွားမှာပါ"ကေဆီမီရာက သူမနဖူးထက်ကို အနမ်းတပွင့်ပေးကာ စိတ်သက်သာရာရစေလိုက်တယ်။
          ဟုတ်တယ် အခုအချိန်မှာ ဘာမှ စိုးရိမ်ဖို့ မလိုဘူး။
    ............
          သူတို့ဟာ နောက်ဆုံးတော့ လာခဲ့တဲ့ ခရီစဉ်အတိုက်းပဲ မြို့တော်ကို ပြန်ရတော့မှာ ဖြစ်သည်။အေဒီရာတို့ဟာ ဟေဇယ်ကို လူမြင်ကွင်းမှာ မဖော်ထုတ်လိုတာကြောင့် နောက်ဆုံးမှထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။သူတို့ဟာ မြင်းလှည်းမောင်းသုကို အထုတ်တွေသွားယူဖို့ စေခိုင်းလိုက်ပြီး သူထွက်သွားတော့မှ ဟေဇယ်ကို ခေါ်ထုတ်လာရတယ်။
     ရထာလုံးအတွင်းမှာတော့
     ဟေဇယ်ဟာ အေဒီရာ ပေါင်ပေါ်မှာ အိပ်နေအြီး အေဒီရာကတော့ ငိုက်မျဉ်းနေတာကြောင့် သုမခေါင်းက ရှေ့နောက်ယမ်းနေခဲ့တယ်။ရထားလုံးတခုလုံးမှာ နိုးနေတာဆို၍ ကေဆီတယောက်သာရှိလေသည်။ ကေဆီဟာ အေဒီရာ့ခေါင်းကို သူ့ပခုံးပေါ်မှာ တင်လိုက်ပြီး အိပ်စက်စေလိုက်တယ်။
     သူတို့ဟာ ခရီးတခုကို အတူထွက်ပြန်လာတဲ့ အတွဲတွေနဲ့ ဆင်တူနေလေတယ်။သေချာတာကတော့ သူတို့ဟာ တွေ့ဖူးသမျှမှာ အလိုက်ဖက်ဆုံးအတွဲဖြစ်နေမှာပဲ။
     အေဒီရာ သူမမျက်လုံးကို ဖွင့်လိုက်တဲ့အခါမှာတော့ အပြင်မှာ အနည်းငယ်မှောင်နေပြီ ဖြစ်တယ်။သူမဟာ ကေဆီ့ ပခုံးပေါ်မှာ ဖြစ်ပြီး ဟေဇယ်ကတော့ သုမပေါင်ပေါ်မှာ အိပ်နေဆဲပါပဲ။သူမက သူမအပေါ် မှီအိပ်နေတဲ့ ကေဆီကို နှိုးလိုက်တယ်။
     အမှန်တကယ်တော့ သူတို့ ဆလယ်ဗားရစ် အိပ်တော်ရှေ့ရောက်နေတာ အတော်ကြာနေပြီဖြစ်တယ်။အစေခံတွေ အထုတ်တွေ လာယူစဉ်က ကေဆီက သုတို့ကို ထွက်သွားစေခဲ့တယ်။သူ့အနေနဲ့ အိပ်နေတဲ့ အေဒီရာနဲ့ ဟေဇယ်ကို မနိုးသွားစေချင်ဘူး။သူတို့အိပ်နေတာကို ကြည့်နေရင်းကပဲ သူလည်း မသိလိုက်ခင်မှာ အိပ်ပျော်သွားခဲ့တယ်။
     "ကျွန်မ လမ်းတလျောက်လုံး အိပ်လာမိတာပဲ။ရှင်ပင်ပန်းနေတော့မှာဘဲ"အေဒီရာကရှက်ရွံ့စွာ ပြောလိုက်တယ်။
      "ကိုယ် ရပါတယ်"သူ့ပခုံးပေါ်ကို သူမလေးအိပ်စက်တာနဲ့ ပတ်သတ်ပြီး လုံးဝ အဆင်ပြေလေတယ်။သူ့အနေနဲ့ ဒါကို သဘောကျတယ်လေ။
       "ကျွန်မ...ကျွန်မ အခုသွားတော့မယ်။ကျွန်မတို့ကို လိုက်ပို့ပေးလို့ ကျေးဇူးပါပဲ။ရှင့် အပြန်လမ်းမှာ ဂရုစိုက်ပါ"သူမက အရိုအသေပေးကာ ပြောလိုက်တာကြောင့် အိပ်နေတဲ့ ဟေဇယ်ဟာ နိုးလာတယ်။
     ကေဆီမီရာဟာ သူမလေးက သွားတော့မည် ဖြစ်တာကြောင့် လစ်ဟာသွားသလို ခံစားလိုက်ရတယ်။အရင်က သူမက အမြဲ သူနဲ့ ခြေတလှမ်းအကွာမှာဘဲ ရှိနေခဲ့တာ။ခုတော့ သူတို့ဟာ မိုင်ပေါင်းများစွာ ဝေးနေရတော့မည်။သူက လျင်မြန်စွာဘဲ သူမလက်ကို ဆွဲလိုက်တယ်။
    အေဒီရာဟာ ပြန်လှည့်ကြည့်လိုက်တယ်။မျက်နှာပေါ်ဖုံးနေတဲ့ ငွေဖြူရောင်ဆံပင်တွေကြောင့် သူ့မျက်လုံးတွေကို သူမ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။
     "ဘာလို့လဲ ကေဆီ"
     "ကျောင်းကို မြန်မြန်ပြန်လာခဲ့ပါ"
      သူတို့ဟာ လေ့လာရေးခရီးပြီးတဲ့နောက်မှာ ပိတ်ရက်အနည်းငယ်ရပြီး အိမ်တွေဆီကို ပြန်ခွင့်ရကြတယ်။ဒါကြောင့်လည်း သူမကို ကေဆီဟာ ဆလယ်ဗားရစ် အိမ်တော်ကို တိုက်ရိုက်ပြန်လိုက်ပို့ပေးခြင်းဖြစ်သည်။
     ကေဆီမီရာအနေနဲ့ကတော့ ကျောက်းကိုပဲ ပြန်သွားရလိမ့်မယ်။ဒီရက်ပိုင်းမှာ ရိုမန်ဆီကို လွှဲထားခဲ့တဲ့ အလုပ်တွေကို လက်စသတ်ရဦးမည် မဟုတ်ပါလား။
    အေဒီရာဟာ နူးညံ့စွာ ပြုံးပြပြီး ခေါင်းငြိမ့်ပြလိုက်တယ်။ဒါပေမယ့် သူကသူ့လက်ကို မလွှတ်ပေးသေးဘူး။
     "တခြား မှာစရာရှိသေးလို့လား"
      ကေဆီမီရာဟာ သူမလေးကျောင်းကိုအမြန်ပြန်လာဖို့ သူ့ကို အမြဲလွမ်းနေစေဖို့ ဘယ်လိုလုပ်ရမယ်မသိဘူး။
      သူလုပ်သင့်မလုပ်သင့် မသေချာပေမယ့် သူတို့ရေတံခွန်မှညကတည်းက သူလုပ်ချင်တာရှိတယ်။သူက လရောင်အောက်မှာ သိမ့်မွေ့စွာ လှပနေတဲ့ သူမလေးကြောင့် စိတ်ထဲမှာ ယားကျိကျိဖြစ်နေခဲ့တယ်။
    သူက အေဒီရာကို သူ့အနားကို ဆွဲခေါ်လိုက်ပြီး သူမရဲ့ ပါးနွေးနွေးလေးပေါ်မှာ သူရဲ့ အေးစက်နေတဲ့နှုတ်ခမ်းလေးနဲ့ အနမ်းတချက်ပေးလိုက်တယ်။သူ့တကိုယ်လုံးဟာ ပူရှိုန်းသွားသလို ခံစားလိုက်ရတယ်။
    "ကိုယ့်ကို သတိရနေပေးပါ"
    .......
      အေဒီရာဟာ သူမအခန်းကို ဘယ်လိုပြန်လျှောက်လာလဲဆိုတာတောင်မမှတ်မိတော့ဘူး။သူမခေါင်းထဲမှာ ကေဆီရဲ့ ခန့်ညားလှတဲ့ မျက်နှာကပဲ တ၀ဲလည်လည် ဖြစ်နေခဲ့တယ်။သူ သူမကို နမ်းပြီးတဲ့အချိန်မှာ သူ့ရဲ့ မျက်လုံးတွေဟာ သာနေတဲ့ လရောင်ထက်တောင် ပိုပြီး တောက်ပနေသေးတယ်။
      အေဒီရာ ချောမောလှတဲ့ ကေဆီကို နောက်တခါတွေ့ချိန်ကျရင် သူမအရင်ခုန်အုပ်မိသွားမှာကိုတောင် စိုးရိမ်မိတော့တယ်။
    
    Unicode

She become a passive villainess-not(trans)Donde viven las historias. Descúbrelo ahora