How to shut her up

794 117 1
                                    

How to shut her up

"ကိုယ်ထင်တာ ဒီအရာတွေကို ဘယ်သူစတယ်ဆိုတာ မင်းသိနေပြီးသား ဖြစ်မယ်ထင်တယ်"
ကေဆီမီရာဟာ ကိုယ်ပိုင်အတွေးထဲမှာနစ်မြုပ်နေတဲ့အေဒီရာကိုကြည့်ရင်းက မေးလိုက်တယ်။
သူမက သူ့ကိုကြည့်လာပေမယ့် ဘာဆိုဘာမှမပြောလာဘူး။သူမအနေနဲ့ ကေဆီမီရာက သူမဘာပြောပြောယုံမယ်ဆိုတာ သံသယမရှိလေဘူး။သူမစိုရိမ်းမိတာက သူမ ဘယ်လိုသပ်သေပြရမလဲဆိုတာပဲ။
"ကျွန်မသိတယ် ဒါပေမယ့် ဒါကိုဘယ်လိုသက်သေပြရမလဲမသိသေးဘူး။ဒီအချိန်လောက်ဆို အဲ့လူက သက်သေတွေကို ဖျောက်ပြီးလောက်ပြီ။ကျွန်မသာဆိုရင်လည်း အဲ့လိုလုပ်မှာပဲလေ"
သူမက သူ့ကိုပြန်ဖြေလိုက်ပြီး ဆိုဖာပေါ်ကို ကျောမှီလိုက်တယ်။သူမရင်ဆိုင်နေရတဲ့အတွေးတွေ စိတ်ခံစားချက်တွေ ဖြစ်ပျက်သွားတဲ့အရာတွေကြောင့် သူမခေါင်းတခုလုံးမူးနောက်နေလေပြီ။
"ကျွန်မဟေဇယ်ကိုတွေ့ဖို့သွားရမယ်။ကျွန်မအဝေးကို ခဏသွားဦးမယ်"
သူမက ရုတ်တရက်ပြောလိုက်ပြီး ထထွက်သွားခဲ့တယ်။
ကေဆီမီရာဟာ သူမရဲ့ရုတ်တရက်အမူအရာကြောင့် ခဏကြောင်သွားပေမယ့် ချက်ချင်းပဲ သူမနောက်ကိုလိုက်သွားလိုက်တယ်။သူတို့ဟာ ကြီးထွားလာပြီဖြစ်သော နဂါးငယ်နေရာ သူမရဲ့ယာယီအခန်းဆီ လာခဲ့ကြတယ်။
ဖိနပ်သံတချို့နဲ့အတူ မိခင်ဖြစ်သူရဲ့စတော်ဘယ်ရီကိုယ်သင်းနံ့ကို ရလိုက်ရခြင်းမှာဘဲ နဂါးငယ်လေးဟာ သူနေရာကနေထလိုက်ပြီး တံခါးအနောက်မှာ သွားနေလိုက်တယ်။ဒါဆိုရင် သူမပထမဆုံးတွေ့ရတဲ့သူဟာ သူပဲဖြစ်နေလိမ့်မည်။
သူတွေးတာမှန်တယ်။
အေဒီရာက သူမဝင်လာလာချင်းမှာဘဲ သူမလက်မောင်းတွေကြား သူ့ကိုဆွဲသွင်းလိုက်ပြီး ပွေ့ဖက်လိုက်တယ်။အရင်ဘဝမှာကတည်းက သူမစိတ်ရှုပ်လာတဲ့ခါ ပင်ပန်းတဲ့ခါ စိတ်ဖိစီးမှုများလာတဲ့အခါတိုင်း သူမ ဟေဇယ်ဆီကိုသွား ဟေဇယ်အပေါ်မှာစီး ကောင်းကင်မှာပျံဝဲရင်း စိတ်ဖိစီးမှုတွေကို ဖြေဖျောက်လေ့ရှိတယ်။
"ဟေဇယ် အဝေးကိုတင်ခေါ်သွားပေး"
သူမတိုးတိုးလေးပြောလိုက်ပြီး သူ့အပေါ်ကို ကုတ်တွယ်လိုက်ခြင်းမှာဘဲ သူမသားဟာ တွန့်ဆုတ်ခြင်းမရှိ ထပျံလိုက်တယ်။
လီဖာနဲ့ကေဆီမီရာတို့ဟာ သတိလက်လွတ်ဖြစ်သွားပြီး သူမကိုတင်ခေါ်ကာ ကောင်းကင်ဆီကိုပျံတက်သွားတဲ့ဟေဇယ်ကို အချိန်မှီမတားဆီးနိုင်ခဲ့ဘူး။
ဒါပေမယ့် ဒါက သူ သူ့သားက သူ့မိန်းကလေးကိုတင်ခေါ်သွားတာကို ထိုင်ကြည့်နေမယ်လို့တော့ မဆိုလိုလေဘူး။သူက အခန်းထဲက အလျှင်အမြန်ထွက်သွားလိုက်ပြီး ကြုံရာမြင်းတကောင်ပေါ်တက်စီးကာ ကောင်းကင်ပေါ်က မြင်ရုံသာ မြင်ရလောက်သော နဂါးလေးနောက်ကို လိုက်သွားလိုက်တယ်။
အေဒီရာအနေနဲ့ လွတ်လွတ်လပ်လပ်တိုက်ခိုက်နေတဲ့လေထုကြားမှာ ဘယ်သူမှသူမကိုမနှောက်ယှက်နိုင်ဘဲ လွတ်လွတ်လပ်လပ်ကောင်းကင်ယံမှာပျံသန်းရတဲ့ခံစားချက်ကို လွမ်းနေခဲ့တာဖြစ်သည်။
သူမဟာ သူမလက်ကို နဂါးလေးရဲ့လည်ပင်းပေါ်ကနေလွှတ်လိုက်ပြီး ကျောဘက်ကို ကျစေလိုက်တဲ့အခါမှာတော့ နဂါးငယ်လေးဟာ အလွန်လန့်သွားလေတယ်။
သူမက ဟေဇယ်ဟာ သူမကိုသယ်နိုင်လောက်အောင်ကြီးမားတယ်ဆိုတာ သိပြီးဖစ်နေတော့ ဒါက အဆင်ပြေနိုင်ကြောင်း ယုံကြည်မိပြီးသားပင်။သူမမိသားစုကလွဲရင် အားလုံးထက် ကေဆီမီရာနှင်ဟေဇယ်ဟာ သူမယုံကြည်မှုကို အပြည့်အဝရရှိထားသူများပင်။
ဒီလိုထွက်ပြေးလာတာက နောင်မှာ ထိုလူဆီကနေ ကြီးမားတဲ့ပြစ်ဒဏ်ရနိုင်တယ်ဆိုပေမယ့် ဒီလိုကောင်းကင်ယံမှာထွက်လာရတာက တန်နေပါပြီ။
နဂါးလေးဟာ သူ့အမေဖြစ်သူက သု့နောက်ကျောကနေ လွတ်ထွက်သွားတာကြောင့် သူအသက်ရှုရပ်သွားမလို ထိတ်လန့်သွားခဲ့ရတယ်။သူ့မှာ သူ့အမေရဲ့ စနောက်လုပ်ဆောင်မှုကြောင့် အသက်ရှုရပ်တော့မလို ခံစားလိုက်ရတယ်။
သူ့အမေရဲ့တောက်ပတဲ့ရယ်သံကို ကြားလိုက်ပြီးချိန်မှာတော့ နဂါးလေးဟာ စိတ်ကောက်သလို ဟိန်းဟောက်လိုက်တယ်။
ငါ့အမေက စနောက်တတ်လွန်းသူပဲ
"ဟေဇယ် မင်းမှာ အပူခံနိုင်စွမ်းရှိနေဆဲပဲမဟုတ်လား။"
အေဒီရာဟာ နဂါးငယ်လေး ဟိန်းဟောက်မြည်တွန်နေတာကိုရပ်အောင် လည်းပင်းကိုထပ်မံပွေ့ဖက်ပွတ်သပ်ရင်းက မေးလိုက်တယ်။
နဂါးငယ်လေးဟာလည်ဆန့်ကာ သူမရဲ့မီးခိုးရောင်မှုန်မှိုင်းမှိုင်းမျက်ဝန်းတို့အား သူရဲ့မိုးပြာရောင်မျက်ဝန်းတို့ဖြင့် လှည့်စောင်းကြည့်လာချိန်မှာတော့ အေဒီရာဟာ သူ့အဖြေကို သိပြီးဖြစ်တယ်။
"ဒါဆို ငါခဏလောက် ဒါကိုလွှတ်ထားလိုက်မယ်ရမလား။ငါ ဘယ်လောက်အချိန်ကြာကြာထိန်းထားနိုင်မလားဆိုတာတော့ မသိဘူး။ငါ ကျောင်းစတက်ကတည်းက ဒါကို အသုံးမပြုခဲ့ရဘူး။ဒီနေ့တော့ ငါ့စိတ်ကြိုက်ထုတ်လွှင့်လိုရမယ်မို့လား"
ဒီလိုမှမလုပ်ရင် သူမကိုယ်သူမ လောင်ကျွမ်းစေမိလိမ့်မယ်။
အေဒီရာဟာ ဟေဇယ်ရဲ့တုံ့ပြန်မှုကိုစောင့်မနေဘဲ သူ့ကျောဘက်မှာ မတ်တတ်ရပ်ဖို့ ကြိုးစားလိုက်တယ်။သူမဟာ ဝတ်ဆုံရှည်ကိုဝတ်ဆင်ထားတာပြီး လေကဒါကိုဆန့်ကျင်ပြီး တဖျက်ဖျက်တိုက်ခတ်နေတာကြောင့် ထင်သလောက်လွယ်မနေခဲ့ဘူး။
အရင်ဘဝမှာ သူမဒီလိုလုပ်ချိန်တိုင်း သက်တောင့်သပ်သာဖြစ်တဲ့အဝတ်အစား ဒါမှမဟုတ် ပိတ်ဆို့မှုနည်းတဲ့ဝတ်စုံမျိုးဘဲဝတ်ဆင်ပြီး အမြဲပြုလုပ်ခဲ့တာ။
နောက်ဆုံး သူမကိုယ်သူမ ခြေငြိမ်အောင်ပြုလုပ်ပြီးချိန်မှာတော့ တောက်ပနေတဲ့ဖီးနစ်ငှက်တကောင်လို သူမကိုယ်ကနေ လောင်မီးကျနိုင်စေသော အပူဓာတ်တချို့ထုတ်လွှင့်လိုက်ပြီး သူမတစ်ကိုယ်လုံးတောက်ပနေစေလိုက်တယ်။
အောက်မှာရှိနေသော မြို့သူမြို့သားတွေကတော့ ရုတ်တရပ်ထိုးတက်လာတဲ့အပူဒဏ်ကို ရုတ်တရက်ခံစားလိုက်ရပြီး ချွေးတို့ဟာ ရက်ရက်ရောရောကို စီးကျလာလေတယ်။တချို့ကတော့ ရာသီဥတုရဲ့ မတည်တံ့သော အပူချိန်ကိုအပြစ်ဆိုနေကြပြီး တချို့ကတော့ နွေရာသီးရဲ့နတ်ဆိုးတကောင်ကြောင့်လို့ ဆိုနေကြတယ်။
"ဒါပေမယ့် ဒီနေ့ရဲ့အပူချိန်ကတော့ တကယ်လောက်မြိုက်တော့မလိုခံစားရတယ်။ငါ လက်ရှည်ဝတ်ထားပေမယ့် အပူတွေက ဖြတ်ပြီး ခန္ဓာကိုယ်ထဲစိမ့်ဝင်နေသလိုပူတယ်။"
"ဟုတ်တယ် ဒီအပူကြောင့် ယိမ်းကျမလိုတောင် ငါခံစားနေရတယ်"
"တကယ်ပဲ ဒီအပူက လူတွေကိုရူးလောက်အောင် ခံစားရစေတာပဲ"
အမျိုးမျိုးသော သက်ရောက်မှုတွေကြောင့် လူတွေပေါ်မှာတင်မကဘဲ ရေကန်ထဲကရေတွေနဲ့တခြားသောရေတွေအားလုံးဟာလည်း အငွေ့ပျံကုန်ကြတယ်။သစ်ပင်တွေအကုန်လုံးဟာ နွမ်းကျကုန်ပြီး တချို့မှာဆို လောင်ကျွမ်းရာတွေတောင်ရှိနေခဲ့တယ်။
"ဒီအပူက ပုံမှန်မဟုတ်လွန်းလိုက်တာ"
"ဟုတ်တယ် ဒီနေ့က နွေရာသီတွေအကုန်းလုံးမှာ အပူဆုံးနေ့ပဲ"
°°°°°°°°°
အပူတွေအားလုံးကို ထုတ်လွှတ်ပြီး နောက်ဆုံးခေါင်းရှင်းကာ စိတ်သက်သာသွားချိန်မှာတော့ အေဒီရာဟာ ဟေဇယ်လည်ပင်းကိုပွတ်သပ်လိုက်ကာ သူ့အကြေးခွံတွေက အပူကိုခုခံထားတဲ့အနွေးဓာတ်လေးကို ခံစားနေလိုက်တယ်။နောက်တော့ သူမက ဟေဇယ်ကို နန်းတော်နဲ့အလှမ်းအတော်ဝေးတဲ့ တောအုပ်လို သိပ်ပြီးမသိသာမထင်ရှားတဲ့နေရာမှာ ဆင်းသပ်ဖို့ပြောလိုက်တယ်။
"ကျေဇူးပါပဲ ကလေးရေ။အခု ဘာလုပ်ရမလဲ အမေသိပြီ"
သူမဆင်းဆင်းချင်းပြောလိုက်ကာ နဂါးငယ်လေးရဲ့နဖူးပေါ်ကို အနမ်းတပွင့်ပေးလိုက်ချိန်မှာတော့ နဂါးငယ်လေးဟာ ပျော်ရွှင်စွာနဲ့ သူမဆီကိုခေါင်းဝှေ့လာရင်းက အသံပေးလာလေတယ်။
နောက်တော့ သူမတို့ဟာမိခင်နဲ့သားရဲ့ ကြည်နူးဖွယ်အချိန်လေးကိုဖြန်းတီးနေခဲ့ကြတယ်။မြင်းခွာသံပြင်းပြင်းကို မကြားခင်အချိန်ထိပေါ့။
အေဒီရာဟာ သတိအပြည့်ဖြစ်သွားခဲ့တယ်။အသံဟာ လူတယောက်ထဲလို့ ပြောနေပေမယ့် သူမက ကာကွယ်တိုက်ခိုက်မယ့်ပုံစံအပြည့်သတိအနေအထားရှိနေခဲ့တယ်။ဘယ်သူပဲနေနေ သူမသားဟေဇယ်အပေါ် လက်တင်လိုက်တာနဲ့ အဲ့လူကို ကြွပ်ကြွပ်ကျွမ်းသွားအောင်မီးရှို့ပစ်ဖို့ရာ အသင့်ဖြစ်နေခဲ့တယ်။
မြင်းခွာသံဟာ နီးလားပြီး မြင်းစီးသူကို ရှင်းရှင်းလင်းလင်းမြင်ရချိန်မှာတော့ သူမဟာ ဒေါသအလွန်ထွက်နေတဲ့ ကေဆီကို တွေ့လိုက်ရတယ်။သူက လေ့လာရေးခရီးတုန်းက ထရီတန်ကို ဒေါသဖြစ်ခဲ့ချိန်တုန်းကလိုမျိုး ဒေါသထွက်နေခဲ့တယ်။
"အမ်..."
"မင်းကိုမင်း ဘာတွေလုပ်နေတယ်ထင်လဲ"
သူ့အသံက အေးအေးဆေးဆေးပြောနေဟန်ပေါက်ပေမယ့် သူ့ပုံစံကတော့ အေးဆေးနေပုံမပေါက်လေဘူး။သူမအနေနဲ့ သူ့အသံထဲမှာရောနောနေတဲ့ သူမကို တစ်ကိုယ်လုံးဝါးမျိုနိုင်လောက်အောင် တဖြည့်းဖြည်းထိုးတက်လာသော နှင်းမုန်တိုင်းးလိုအရာမျိုးကို ခံစားမိလေတယ်။
"ကျွန်မကောင်းကောင်းမတွေးနိုင်တော့ဘူး။ဒါကြောင့် ကျွန်မခဏ လွှတ်ထုတ်ပစ်ဖို့ လိုအပ်တယ်။ကျွန်မတောင်းပန်ပါတယ်။ဒါပေမယ့် ဟေဇယ်ကို အပြစ်မတင်ပါနဲ့။သူ့ကို ကျွန်မက စေခိုင်းခဲ့တာမို့ သူ့ကို အပြစ်ပေးတာ သူ့ကို ကျွန်မဆီက ခွဲထုတ်သွားတာမျိုး မလုပ်ပါနဲ့"
"မင်းက ကိုယ့်ကို မယုံကြည်လို့လား"
"ကျွန်မ ယုံတယ်။ကျွန်မစိတ်ဝိဉာဉ်တခုလုံးနဲ့ကို ရှင့်ကိုယုံကြည်တယ်။ဒါပေမယ့် ရှင်က အိုင်းရစ်နဲ့သွားပြီး ကခဲ့တယ်။ကျွန်မရှင့်ကို ခွတ်လွတ်တယ်လို့ပြောခဲ့တာမှန်ပေမယ့် ကျွန်မ ရှင့်ကို စိတ်ဆိုးနေတုန်းပဲ။ကျွန်မ သဝန်တိုရလွန်းလို့ တောက်လောင်နေပြီ။ကဲ ကျေနပ်ပြီလား။ကျွန်မ ခုလိုထွက်မလာခဲ့ရင် လွှင့်ထုတ်မပစ်ခဲ့ရင် ကျွန်မ လူတွေကို ထိခိုက်စေမိလိမ့်မယ်။ကျွန်မ ရှင့်ကို ထိခိုက်စေမိလိမ့်မယ်။ပြီးတော့ ကျွန်မ_____"
သူမစကားမဆုံးခင်မှာဘဲ သူမ စကားပြောတာကို ကေဆီမီရာဟာ ရပ်တန့်စေလိုက်တယ်။
ပုံမှန်ဆို အကုန်လုံးပဲ သူဘယ်လိုလုပ်လိုက်လဲဆိုတာ သိပြီးဖြစ်မှာပါနော်

She become a passive villainess-not(trans)Where stories live. Discover now