Golden Orbs

608 88 0
                                    

     
      Golden Orbs
   
     
      လီယွန်ဟာ အေဒီရာကို မင်းသမီးလေးလို ပွေ့ချီလိုက်ပြီး သူ ဥယျာဉ်ထဲမှာ အရင်ကတည်းက ပြုလုပ်ထားခဲ့တဲ့ ထွက်ပေါက်ကနေ ပြေးထွက်လိုက်တယ်၊၊သူ ဒီထွက်ပေါက်ကို ဟို နလပိန်းတုံးက အေဒီရာကို မှားယွင်းပစ်ခတ်မိပြီး အဆိတ်မိချိန် ကိုယ့်ကိုယ်ကို မချိတင်ကဲခံစားနေရချိန်တုန်းက ပြုလုပ်ထားခဲ့တာ၊၊
        သူ့လက်မောင်းတွေကြားမှာ အားနည်းပြီး ပျော့ပြောင်းစွာ လဲလျောင်းနေတဲ့ အမျိုးသမီးငယ်ကို သူ့လက်မောင်း‌တွေကြားမှာ လုံခြုံစွာ ထွေးပွေ့ထားရင်း ဟိုးနှစ်ပေါင်းများစွာဆီကို သူ့စိတ်တွေဟာ ပျံ့လွှင့်သွားခဲ့တယ်၊၊
..................
       အေဒီရာဟာ သူမအိမ်တော်ဝင်းထဲမှာ  သိသာထင်ရှားစွာ လှုပ်ရှားပြီး အလျင်လိုနေကြတဲ့ စစ်သည်တွေကို ကြည့်ရင်း ဥယျာဉ်ထဲမှာ လမ်းလျှာက်နေခဲ့တယ်၊၊သူတို့ဟာ တိုက်ခိုက်ခံလိုက်ရသလိုလို ဘာလိုလိုထင်ရအောင်ကို  ဆူညံစွာ လှုပ်ရှားသွားလာနေကြတယ်၊၊

      '  ဘာလို့ ဒီမြင်ကွင်းကို ငါ ရင်နှီးသလိုရှိ‌နေရတာလဲ၊၊'

     သူမက တိတ်တဆိတ်ပဲတွေးလိုက်ပြီး ဆက်ပြီး လျှောက်လိုက်တယ်၊၊သူမ ခြုံပုတ်တခုနားကို ဖြတ်လိုက်တဲ့အခါမှာတော့ အထဲက တရှဲရှဲနဲ့ညင်သာတဲ့အသံကြားလိုက်ရတာကြောင့် သူမလက်လေးနဲ့ဖယ်ကာ အထဲကို ကြည့်လိုက်တယ်၊၊သူမ ထင်ထားခဲ့တာက တိရစ္စာန်တစ်ကောင်ကောင်ဆိုပေမယ့် သူမတွေ့လိုက်ရတာကတော့ သူမကို စိုက်ကြည့်နေခဲ့တဲ့ ကြီးမားတဲ့ ရွှေရောင်မျက်ဝန်းတွေကိုပဲ ဖြစ်တယ်၊၊
      ချောင်ပိတ်ခံရပြီး ‌‌ကြောက်ရွံ့နေတဲ့ တိရစ္စာန်တစ်ကောင်ဟာ သူ့ရဲ့အစွယ်တွေကို အစွမ်းကုန်လှစ်ဟပြထားသလိုမျိုး သူ့ရဲ့ လှပတဲ့မျက်ဝန်းတွေထဲက သူ့ရဲ့အကြည့်တွေဟာလည်း စူးရှနေခဲ့တယ်၊၊
        သူတို့ဟာ ဘာစကားတစ်ခွန်းမှ မဆိုဘဲ တစ်ဦးကိုတစ်ဦးစိုက်ကြည့်နေခဲ့ကြတယ်၊၊စစ်သည်တစ်စုနဲ့ ခြေသံတွေကို ကျယ်ကျယ်ကြားလာရချိန်မှာတော့ အေဒီရာဟာ သူ့ကို ခြုံပုတ်အတွင်းပိုင်းထဲကို ပြန်ပြီး ထိုးသွင်းလိုက်တယ်၊၊
      စစ်သည်တွေဟာ သူမအနားကို ရောက်လာတဲ့အချိန်တိတိမှာဘဲ အေဒီရာဟာ ခြုံပုတ်ကိုကျောပေးလှည့်နေခဲ့ပြီးခဲ့ပြီ၊၊

She become a passive villainess-not(trans)Where stories live. Discover now