အပြစ်မယူတော့ဘူး

1.8K 256 4
                                    

    "သင်...သင်က..ဒီက မဟုတ်ဘူးမို့လား.''
  အေဒီရာရဲ့မေခွန်းကြောင့် ကောင်ငယ်လေးဟာ အေးခဲသွားတယ်။
   ငါ သိသားပဲ။သူသာ ဒီကဆိုရင် ငါမသိစရာ အကြောင်းမှမရှိဘဲ။
    "ဟုတ်တယ်..ကျတော်က... အမ်..သူငယ်ချင်းတယောက်ဆီ အလည်လာတာပါ။''သူက ကြားနိုင်လောက်ယုံ တိုးတိုးလေးဖြေလာတယ်။
     "အေဒီရာဟာ သူရဲ့ရုပ်ရည်ကို ဆက်ပြီးကြည့်နေတယ်။တကယ့်ကို ချောမောခန့်ညားပြီး မျက်စိပဖဒသာဖြစ်စရာဖြစ်တယ်။ သူမ သူ့ကို တစ်နေ့လုံး ထိုင်ကြည့်နေရငရင်တောင် လုံလောက်နိုင်မယ် မထင်ဘူး။
    လှပတယ့် မိန်းမငယ်လေးရဲ့ အကြည့်တွေကြောင့် သူဟာ သူ့လက်ကို ဆန့်ထုတ်လျက်သားနဲ့ နေရခက်လာတယ်။
   ကောင်ငယ်လေးရဲ့ ပုံစံကိုမြင်လိုက်မှပဲ အေဒီရာဟာ ထိုကောင်လေး သူ့လက်ကို ပြန်မရုတ်ခင်မှာ သူ့ရဲ့လက်ကို ဆွဲပြီး ထရပ်လိုက်တယ်။
    "ကျေး..ကျေးဇူးတင်ပါတယ်...အမ်''
    "အိုး..ငါက ကေဆီ___''သူ အဆုံးထိ မပြောဘဲ ရပ်တန့်သွားတယ်။နောက်မှ ပြောရခက်တဲ့ အရာခံနေသလိုမျိုးပဲ။ဘယ်လိုပဲနေနေ သူက ချောမောလွန်းနေတာကြောင့်မို့ ငါ အပြစ်မယူတော့ပါဘူးလေ။ငါ ခွင့်လွတ်လိုက်တာပေါ့။
     "ကျေးဇူးပါ ကေဆီ။ငါက အေ--''
      "သခင်မလေး!''
      "အမလေး..သခင်မလေး!''
      "သခင်မလေး  ဒီမှာရှိတယ်''
       "သခင်မလေး ဘယ်လိုလုပ် ဒီဝတ်စုံတွေကို ဝတ်ထားရတာလဲ''
      အစေခံတွေဟာ သူမကို ရှာတွေ့သွားတာကြောင့် သူမကိုယ်သူမ ကောင်းကောင်းမိတ်မဆက်လိုက်ရဘူး။နောက်ပြီး အစေခံတွေဟာ သူမအနားမှာ ဝိုင်းအုံလာကြတယ်။သူမမှာ အနာတရတွေ ဘာတွေရှိလားဆိုတာကိုလည်း အဆက်မပြတ်မေးမြန်းနေကြတယ်၊
      ဒီဘဝမှာတော့ သူမဟာ လီဖာတစ်ယောက်တည်းကိုတင် စိုးရိမ်ပူပန်စေတာ မဟုတ်ဘဲ အစေခံအတော်များများကို စိုးရိမ်ပူပန်စေခဲ့တယ်။
   "ငါ ..အဆင်ပြေပါတယ်''သူမဟာ အစေခံတွေရဲ့ စိုးရိမ်နေမှုကြောင့် ဖြေလိုက်တယ်။
    ဒီ ခိုးထွက်တာက အကြံဥာဏ်ကောင်း မဟုတ်ဘူးဘဲ။
    "သခင်မလေး အိမ်တော်ကို အမြန်ပြန်ရပါမယ်။သခင်ကြီးနဲ့ သခင်မက သေမတတ်စိတ်ပူနေကြပါတယ်။ အိမ်တော်အမြန်ပြန်ကြရအောင်''
    သူတို့ဟာ အိမ်တော်မှာ ကျန်ခဲ့တဲ့ သခင်နဲ့သခင်မတို့အတွက် သူမကို ဝိုင်းဝန်းဖျောင်းဖြနေကြတယ်။မြို့စားကြီး စိတ်အတိုင်းသာဆိုရင် သူ့သမီးကို သူကိုယ်တိုင် ထွက်ရှာမှာ အသေအချာပင်ဖြစ်သည်။မြို့စားမင်းဟာ သူ့သမီးကို ဘယ်လောက်ချစ်ကြောင်း အားလုံးအသိပဲ ဖြစ်သည်။သို့သော် မြို့စားကြီးကိုယ်တိုင် အန္တရယ်ရှိမည်စိုးသောကြောင့် အစေခံများက တားသောကြောင့်သာ။မြို့စားကြီးရော သခင်မလေးပါ အန္တာရယ်ဖြစ်ပြီး ပြဿနာတွေဖြစ်လာခဲ့သော် ဆလယ်ဗားရစ်၏ အနာဂတ်အတွက် သူတို့စိတ်ပူမိသောကြောင့် ဖြစ်သည်။
      "ကောင်း...ကောင်းပါပြီ။ငါတောင်းပန်ပါတယ်''အေဒီရာဟာ အလျင်အမြန်ပဲ တောင်းပန်လိုက်တယ်။ သူမ ကျေးဇူးတင်ဖို့ရာအတွက် ချောမောတဲ့ ကောင်ငယ်လေးဘက်ကို လှည့်ကြည့်လိုက်တဲ့ အခါမှာတော့ သူက နေရာမှာမရှိတော့ပေ။
    သူ သွားလိုက်ပြီလား။ ဒီလူအုပ်ကြီးကြောင့် သူက ကြောက်လန့်သွားတာများလား။တော်တော် အဆင်မသင့်လိုက်တဲ့နေ့ဘဲ။သူမဟာ သက်ပြင်းချလိုက်ပြီး ရထားလုံးနဲ့ အိမ်တော်ကို ပြန်ခဲ့လိုက်တယ်။
    သူမဟာ သူမ မိဘတွေစောင့်နေတဲ့ အခန်းဆီကိုသွားတဲ့ ခြေလှမ်းတိုက်းမှာ တုန်နေမိတယ်။ငါဘာလုပ်ရမလဲ။ သူတို့ ငါ့ကို မဆူခင် ငါအရင်ဒူးထောက်ပြီး ခွင့်လွတ်ပေးဖို့ ပြောရမလား။ဒါက အလုပ်ဖြစ်ပါ့မလား။အဖေကတော့ မသေချာပေမယ့် အမေ့အပေါ်မှာတော့ ဒါက သေချာပေါက် အလုပ်ဖြစ်မှာပဲ။နောက်ပြီး ငါခဏလောက်ပဲ ဒူးထောက်ရလိမ့်မယ်။အများဆုံ နာရီ အနည်းငယ်လောက်ပေါ့။ဟ..ဟဟ ကောင်းလိုက်တဲ့ဥာဏ်ပဲ အေဒီရာပဲ။
    ဘုရားသခင်တို့ရေ ကြားတဲ့ဘုရားသခင် ကျွန်မကို ကယ်တင်တော်မူပါ ။
    သူမခေါင်းထဲမှာ မူးနောက်လာပြီး သူမရဲ့ နှုတ်ခမ်းတွေဟာလည်း ဖြူလျော့လာတယ်။သူမဟာ ဘယ်လို ပြောရမလဲဆိုတာကိုပဲ တွေးနေမိတယ်။
     တံခါးနှစ်ဖက်ကို ဖွင့်လိုက်ပြီး သူမမိဘတွေရှိရာ လျှောက်သွားလိုက်ချင်းမှာပဲ သူတို့ဟာ သူမဆီကို အပြေးလျှောက်လာပြီး ပွေ့ဖက်လိုက်တယ်။
     "အမေ့ သမီးလေး  အချစ်လေး ကလေးလေး ဘယ်တွေရောက်နေတာလဲကွယ်''သူအ အမေဟာ တုန်ယင်နေတဲ့ အသံနဲ့ မေးလာတယ်။
     "အချစ်ကလေး ဒဏ်ရာတွေရလာသေးလား။ဘာတွေ ဖြစ်ခဲ့တာလဲ။ဘယ်တွေ ရောက်နေတာလဲ။တယောက်ယောက်က သမီးကို ခေါ်သွားတာလား။အဖေ့ကိုပြော။အဖေစိတ်မဆိုးဘူး။အဖေ သမီးအစား အဲ့လူကို သမီးအစား အပြစ်ပေးပေးမယ်။''မြို့စားကြီးကလည်း တုန်ယင်စွာ မေးလာပြန်တယ်။
     "သမီး.....''မှန်းထားတဲ့ အခြေအနေနဲ့ လွဲနေတာကို တွေ့လိုက်ရတဲ့ခါ အေဒီရာဟာ တွန့်ဆုတ်မိသွားတယ်။သူမ မိဘတွေရဲ့ စိုးရိမ်နေတဲ့ မျက်ဝန်းကို ကြည့်ရင်း သူမဟာ အားတင်းပြောလိုက်တယ်။''သမီး...သမီးဘာသာ သမီး ထွက်သွားတာပါ''
    သူမအဖြေကြောင့် မြို့စားကြီးတို့ဟာ အံသြသွားပြီး ထပ်မေးလာတယ်။''ဘာလို့လဲ...ကလေးရယ်''
    သူမဟာ အပြစ်ရှိတဲ့စိတ်ကြောင့် လက်နှစ်ဖက်ကို အပြန်ပြန်ပွတ်ချေရင်း ဖြေလိုက်တယ်။''သမီး ဒီအတိုင်းအပြင်ထွက်ချင်လာလို့ပါ။အဖေတို့ကို မပြောသွားမိလို့ တောင်းပန်ပါတယ်။ဒီလောက်ထိ ရှုပ်ထွေးသွားမယ်မှန်းလည်း မသိခဲ့လို့ပါ။သမီး တကယ် တောင်းပန်ပါတယ် ဖေဖေနဲ့ မေမေ။''
      "အိုး.. ကလေးရယ်''အမေက သူမကို ထပ်မံပွေ့ဖက်လိုက်တယ်။''အိမ်တော်ထဲမှာ သမီးပျင်းလို့လား ကလေးရယ်''
     "အဖေတို့တောင်းပန်ပါတယ် ကလေးရယ်။အဖေတို့က သမီးကို အနာတရတွေ မဖြစ်စေချင်လို့ပါကွယ်။အပြင်လောကကြီးက အန္တရာယ်သိပ်များတယ်။ဘယ်အချိန် လုပ်ကြံသူတွေ ရှိလာမယ်ဆိုတာကို မသိရဘူးမဟုတ်လား။အဖေတို့ကို နားလည်ပေးပါ ကလေးရယ်။အဖေတို သမီးကို သမီးကို ပိတ်လှောင်မိစေဖို့ မရည်ရွယ်ပါဘူး''
       မြို့စားကြီးဟာ သူသမီးငယ်လေး နားလည်အောင် ရှင်းပြနေခဲ့တယ်။အစေခံတွေနဲ့ စစ်သည်အများကြီး သူမအတွက် လာတာကို မြင်ပြီး သူမလေး ထိတ်လန့်သွားရှာမှာပဲ။
   ဒါဟာ အပိုဖြစ်ကောင်းဖြစ်နေလိမ့်မည်။ဒါပေမယ် သူ သတိမထား၍မရပေ။အေဒီရာဟာ ငယ်ငယ်လေးရှိသေးသည်။ဒါကြောင့် သူမအနေနဲ့ အပြင်လောကကို စိတ်ဝင်စားတာ ပုံမှန်ပဲ ဖြစ်သည်။ဒါပေမယ့် သူမကို အပြင်လောက တစ်ခုလုံးက သိသွားခဲ့ရင် သူမဟာ အားလုံးရဲ့ ပစ်မှတ်ဖြစ်လာနိုင်သည်။
    သူ့ မိသားစုကို ကာကွယ်ဖို့အတွက်ဆို အရာအားလုံး သူပြုလုပ်နိုင်သည်။သူမ သမီးလေးကို အိမ်တော်ထဲမှာတင် နေစေသည်မှာလည်း သူမလေး သူတို့နဲ့ ဝေးရာကို ရောက်မသွားစေဖို့ရာဖြစ်သည်။
   အေဒီရာဟာ အပြစ်ရှိသလို ခံစားနေရဆဲပါပဲ။သူမဟာ ခေါင်းငြိမ့်ပြလိုက်တယ်။သူမ သူတို့ကို ဒီလောက်ထိ စိုးရိမ်မိသွားစေဖို့ မရည်ရွယ်ခဲ့ရိုးအမှန်ပေ။
   သူမက မြို့တော်မှာရှိတဲ့လူတွေကို ကြည့်ကြည်ချင်ယုံပါပဲ။အရင်ဘဝက ရူးမိုက်တဲ့ ချစ်ခြင်းတွေကြောင့် သူမ လစ်လျုရှုခဲ့တဲ့ သူတို့ရဲ့ ဘဝကို သိချင်ယုံလေးပါပဲ။ယခုဘဝမှာ သူမသူတို့ကို ကာကွယ်ပေးချင်တယ်၊၊

She become a passive villainess-not(trans)Where stories live. Discover now