Aye!သူက လူရှုပ်​လေးတယောက်​ပါပဲ

1.7K 218 0
                                    

"သခင်​မလေးက သိပ်​လှတာပဲ။"
"သခင်​မလေးက အင်​ပါယာတစ်​ခုလုံးမှာ အလှဆုံးပဲ"
"သေချာတာပေါ့ သူမရဲ့ အလှကို ဘယ်​သူမှမယှဉ်​နိုင်​ဘူး"
"သခင်​မလေးက လှလှပပနဲ့ နူးနူးညံ့ညံ့လေး ကြီးပြင်းလာတာပဲ"
လီဖာနဲ့ အစေခံတွေဟာ ကလေးငယ်​လေး မဟုတ်​တော့တဲ့ သူတို့သခင်​မလေးကို ကြည့်​ပြီး မိခင်​တွေလိုမျိုး ဂုဏ်​ယူ ၀င့်​ကြွားစွာနဲ့ ပြောနေကြတယ်​။
သခင်​မငယ်​လေး ပျောက်​ဆုံးမှုကြောင့်​ ဆလယ်​ဗားရစ်​ အိမ်​တောဝန်းတခုလုံးဇောက်​ထိုးမိုးမျှော်​ဖြစ်​ခဲ့ခြင်းမှ ဆယ်​နှစ်​ရှိခဲ့လေပြီ။ထရီတန်​ဟာ အေရီနာကို စေ့စပ်​ကြောင်းလမ်းဖို့လာခဲ့ပြီး သခင်​မလေးကိုယ်​တိုင်​ငြင်းခဲ့သည်​မှာလည်း ဆယ်​နှစ်​ရှိခဲ့ပြီ။နောက်​ပြီး သူမ ဖခင်​ဟာ သူမကို တခြားသူတယောက်​နဲ့ စေ့စပ်​ဖိုပ လက်​ခံခဲ့သည်​မှာလည်း ဆယ်​နှစ်​ရှိပြီဖြစ်​သည်​။
စောစောစီးစီး အသက်​ငယ်​ငယ်​နဲ့ စေ့စပ်​ရခြင်းအတွက်​ အေရီနာဟာ ဂရုမမူပေဘူး။ဒီလို ကိစ္စတွေဟာ တော်​၀င်​မိသားစုတွေမှာ ထုံစံပဲ မဟုတ်​ပါလား။ထရီတန်​မဟုတ်​သရွေ့ သူမအနေဖြင့်​ အဆင်​ပြေပါသည်​။သို့သော်​ သူမ မထင်​ထားခဲ့မိသည်​က သူမနှင့်​ စေ့စပ်​ရမည့်​သူသည်​ အင်​ပါယာ၏ ပထမ မင်းသားဖြစ်​နေမည်​ဟုပင်​။သူမ သူ့ကို တခါမှတောင်​ မတွေ့ဖူးပါချေ။
ဘယ်​လောက်​တောင်​ လှို့ဝက်​ဆန်းကြယ်​လိုက်​သော သတို့သားလောင်းပါလဲ။
မြို့စားမင်း ဆလယ်​ဗားရစ်​ဟာလည်း ထိုအချိန်​တုန်းက လန့်​သွားခဲ့ရတာပါပဲ။သူကိုယ်​တိုင်​ကလည်း နန်းတော်​က ထိုသို့ ကမ်းလှမ်းလာမည်​ဟု မထင်​ခဲ့မိပေ။သူဟာ အေဒီယာကို တွန်းအားမပေးချင်​ပေ။ဒါပေမယ့်​ သူ၏ သမီးကိုယ်​တိုင်​ကလည်း ဒလယ်​ဗားရစ်​တုန်းကကဲ့သို့ မလိုလားချက်းမျိုး ရှိမနေပါချေ။
"မင်းကြီး.."
"Psh..အဲ့လို မပြောစမ်းပါနဲ့။မင်း ပြောနေကြပုံစံအတိုင်းပဲ ပြောပါ"ဘုရင်​ကြီးဟာ တခြာသူတွေကို ထွက်​သွားဖို့ရာ အမူအရာပြလိုက်​ရင်း သူ့အချစ်​ဆုံးသူငယ်​ချင်းဘက်​ကို လှည့်​ပြောလိုက်​တယ်​။
"Mmm..အမ်​နာစတေးဆီးယပ်​စ်​ မင်းဒီကမ်းလှမ်းမှုအတွက်​သေချာပြီလား။ငါဆိုလိုချင်​တာက ငါရဲ့ချစ်​သမီးလေးက အကောင်းဆုံးရွေးချယ်​မှုဆိုတာတော့ မှန်​ပါတယ်​။မင်း သူ့ကို လက်​လွတ်​မခံနိုင်​ဘူးလဲဆိုတာလည်း ငါသိတယ်​။ဟက်​ ငါ့သမီးက မင်းတွေ့ဖူးသမျှလူတွေထဲမှာ အကောင်းဆုံးဖြစ်​..........."
"ဟုတ်​ပါပြီ...ဟုတ်​ပါပြီ။မင်းသမီးကို ဘယ်​လောက်​မြတ်​နိုးကြောင်း ကြွားမနေစမ်းပါနဲ့တော့။မင်း ဘယ်​လိုလုပ်​ ငါ့ဒဏ်​ရာကို ဆားဖြူးရက်​ရတာလဲ။မင်းမှာ ချစ်​စရာ သမီးလေး ရှိတယ်​ဆိုပြီးတော့လေ။မင်းရဲ့ ပြဿနာက ဘာလဲဆိုတာသာ ပြောစမ်းပါ။"
"ကောင်းပြီ။ ငါ အေဒီရာကို နန်းတော်​တွင်းက အာဏာအရှုပ်​အထွေးကြားမှာ မရှိနေစေချင်​ဘူး။သူမက မင်းတို့ရဲ့ ရှုပ်​ထွေးလှတဲ့ သွေးရောင်းလွှမ်းကမ္ဘာမှာ မရှိနေသင့်​ဘူး။"
မြို့စားမင်းဟာ သူ့သမီးကို အဏာအရှုပ်​အထွေးတွေနဲ့ ဝေးရာမှာသာ သိမ်းဆည်းထားလိုသည်​။
"ဘယ်​လိုပဲနေနေ...မင်းရဲ့သမီးကတော့ အကောင်းဆုံးရွေးချယ်​မှု ဖြစ်​နေဆဲမဟုတ်​လား"ဘုရင်​ကြီးက ကိုယ်​တိုင်​က ဉာဏ်​ကောင်းသော်​လည်း သူ့ချစ်​စရာ သမီးနဲ့ပတ်​သတ်​လာရင်​ အရာရာကို မေ့သွားတတ်​တဲ့ တုံးအလိုက်​တဲ့ ဖခင်​ကြီးကို ထောင်​ချောက်​ဆင်​ပြီး ညစ်​ကျယ်​ကျယ်​အပြုံးနဲ့ မေးလိုက်​တယ်​။
ဂုဏ်​ယူနေရတဲ့ ဖခင်​တယောက်​လိုမျိုး မြို့စားကြီးဟာ ချက်​ခြင်းပဲ တန်းဖြေလာတယ်​။
"သေချာတာပေါ့။ဘယ်​သူကမှ ငါ့သမီးလေး အေဒီရာထက်​ မကောင်းနိုင်​ဘူး။သူမက အကောင်းဆုံးတွေထဲက အကောင်းဆုံးပဲ"
"ကဲ မင်းတွေ့ပြီမလား။"သူ့ရဲ့ထောင်​ချောက်​ထဲမှာ ကျလာတဲ့ တုံးအလှတဲ့လူကြီးကို ကြည့်​ပြီးပြုံးလိုက်​တယ်​။"မင်းမှာ ရွေးချယ်​စရာ မရှိဘူး။ဒီကမ်းလှမ်းချက်​ကို မင်းလက်​ခံရလိမ့်​မယ်​။ငါကိုယ်​တိုင်​ကလည်း အေဒီရာကို သမီးတယောက်​လို သဘောကျတယ်​။ဒါမကောင်းဘူးလား။ခဲတလုံးနဲ့ ငှက်​နှစ်​ကောင်​ပစ်​ဆိုသလိုပေါ့။မင်းက နန်းတော်​နဲ့ ဆွေမျိုးတော်​လာပြီး အဆင့်​မြင့်​ဆုံး မိသားစုဖြစ်​သွားမယ်​။ငါလည်း လှပတဲ့ ချွေးမတယောက်​ကို ရမယ်​။ဘယ်​လောက်​တောင်​ ပြည့်​စုံလိုက်​လဲ"
"ကောင်​စုတ်​ မင်းက ငါ့အေဒီရာလေးကို လုယူချင်​နေတာပဲ"ဆေဖလ်​ဟာ မှားယွင်းသလို ခံစားလိုပ်​ရပြီး ဘုရင်​ကြီးကို ပြောလိုက်​တယ်​။နောက်​တော့ သူတို့ဟာ ဆယ်​ကျော်​သက်​တုန်းကလိုမျိုး ငြင်းခုန်​ကြပြန်​တယ်​။
အဲ့လိုနဲ့ပဲ အေဒီရာဟာ သူမ တခါမှမတွေ့ဖူးသူနဲ့ စေ့စပ်​ရန်​ ဖြစ်​လာခဲ့တာပါပဲ။ဒါပေမယ့်​ သူမနဲ့မတော်​တဆ သူငယမချင်းဖြစ်​လာခဲ့တဲ့ ကေဆီ ဆီကနေတော့ သူ့အကြောင်းတွေကို သိရသည်​။
ကေဆီကတော့ မင်းသားဟာ ဉာဏ်​ထက်​မြက်​ပြီး အရာရာကို စီမံခန့်​ခွဲနိုင်​သည်​ဟုဆိုသည်​။ထရီတန်​ကတော့ မင်းသားလေးဟာ လူရှုပ်​တစ်​ယောက်​ဟု ဆိုပေမယ့်​ပေါ့။
ဟမ်​ ထရီတန်​ဟာ ဘာကြောင့်​ အလည်​လာနေပါလိမ့်​။သူမ စေ့စပ်​ခြင်းကို ငြင်းပယ်​ခဲ့ပြီးပြီမဟုတ်​လား။
သူမဟာ အခမ်းအနားပွဲကျင်းပတဲ့ ခန်းမကိုသွားဖို့ရာ ရထာလုံးဆီကနေ လျှောက်​လာရင်း လှေကားမှာ တွေးနေမိတယ်​။
ဒီနေ့ညသည်​ အသက်​ ဆယ့်​ခြောက်​နှစ်​ပြည့်​ပြီဖြစ်​သော တော်​၀င်​မိန်းကလေးများ သက်​ပြည့်​အခမ်းအနားပွဲကျင်းပမည့်​နေ့ ဖြစ်​သည်​။အေဒီရာဟာလည်း သူတို့ထဲမှတယောက်​ဖြစ်​သည်​။နောက်​ပြီး စေ့စပ်​ပြီးသော မိန်းမငယ်​တိုင်းဟာ သူ့တို့၏တွဲဖက်​နဲ့သာ တက်​ရောက်​ကြမည်​ဖြစ်​သည်​။
ဒါပေမယ့်​ ခုချိန်​ထိ သူမသတို့သားကို သူမ မတွေ့ရသေးချေ။
သူမက အများကြီးတွေးမနေဘူး။သူမဟာ သူမမွေးစားအကိုကို သူမပါတနာအဖြစ်​ လုပ်​ပေးဖို့ ပူဆာလိုက်​ရုံပဲလေ။
ဒီအကိုဖြစ်​တဲ့ ရေမီရာ ဒရီရာဖာ အေရာ ဆလယ်​ဗားရစ်​ကို သူမအဖေက သူမ မင်းသားလေးနဲ့စေ့စပ်​ရမည်​ဆိုတာသိသိချင်း မွေးစားဖို့ဆုံးဖြတ်​လိုက်တာ ဖြစ်​သည်​။သူကဆိုတယ်​"ငါ့ရဲ့ ချစ်​စရာသမီးလေး အေဒီရာကို ကောင်​စုတ်​လေးရဲ့သားက ယူသွားတော့မယ်ဆိုတော့ မြို့စားနေရာအတွက်​ တစုံတယောက်​လိုအပ်​လာပြီ။"
ပြီးတော့ ရိုသားစွာပဲ သူမအနေနဲ့လည်း ဒီကိစ္စနဲ့ ပတ်​သတ်​ပြီး ငြင်းဆိုစရာ မရှိပေ။သူမ အကိုအသစ်​ကို သူမက နှစ်​သက်​တယ်​။သူက တည်​ငြိမ်​ပြီးချိုမြိန်​တယ်​။ပြီးတော့ သူက ကြင်​နာတတ်​တယ်​။သူက လုံးဝပြီးပြည့်​စုံတဲ့ အကိုတယောက်​ပဲ။
သူမကိုယ်​သူမ ထိခိုက်​စေမိတဲ့အခါ ဆူပူလွန်းတတ်​တာက လွဲရင်​ပေါ့။ဥပမာဆိုရင်​ သူမမြင်းပေါ်က ပြုတ်​ကျတဲ့အခါတို့ လှေစီးသွားရင်း လှေပေါ်က ပြုတ်​ကျတဲ့အခါတို့ အော်​ သူမ ဗိုက်​နာလို့ ငိုနေတဲ့အခါမျိုးတွေမှာပေါ့။တခြားစကားလုံးသုံးရမယ်​ဆိုရင်​သူက သူမအဖေနဲ့တပုံစံတည်းပဲ။အလွန်​ ကာကွယ်​တတ်​လွန်းသည်​။
"အတွေးလွန်မနေနဲ့ အေဒီရာ လှေကားပေါ်က ပြုတ်​ကျလိမ့်​မယ်​။"သူ့ရဲ့အသံမာမာကြောင့်​ သူမနောက်​ကျောဟာ တောင့်​တင်းသွားတယ်​။
"အကို....အကိုကြီး ကောင်းသောညနေခင်းပါ။"သူမက အနည်းငယ်​လန့်​သွားတဲ့ပုံစံနဲ့ သူ့ဘက်​ကို လှည့်​ပြီးနှုတ်​ဆက်​လိုက်​တယ်​။သူမက သူ့ရဲ့စည်းကမ်းတင်းကျပ်​တဲ့ပုံစံမျိုးကိုမခံနိုင်​ဘူး။အဲ့လို အမူအရာမျိုးကိုတွေ့တိုင်း သူမ ငိုချင်​လာတယ်​။
သူမရဲ့ ထိုပုံစံလေးကို မြင်​လိုက်​ရတဲ့အခါ သူဟာ သက်​ပြင်းချမိတယ်​။သဟာ သူမ သူ့ကိုတွေ့တိုင်း အဲ့လိုအမူအရာမျိုး ဖြစ်​မနေစေချင်​ဘူး။ဒါပေမယ့်​ သူမအတွက်​ စိုးရိမ်းစိတ်​ ကြီးတတ်​တာကိုလည်း မထိန်းထားနိုင်​ပေ။
သူဟာ သူ့လက်​နဲ့ သူမခေါင်းကို ပုတ်​ပေးရင်း ချော့ပြောလာတယ်​။"အကို တောင်းပန်​ပါတယ်​။အကိုက ညီမလေးကို လှေကားပေါ်ကပြုတ်​ကျပြီး တခုခုဖြစ်​သွားမှာစိုးလို့ပါ။အကို မင်းကို ကူညီပေးမယ်​လေ"သူဟာ သူ့လက်​ကို ကမ်းပေးလာတယ်​။
သူမဟာ သူမအကိုရဲ့နူးညံ့မှုမှာ ပျော်​ရွှင်​သွားပြီး ချွဲနွဲ့တတ်​သော ကလေးငယ်​လေးလို သူ့လက်​မောင်းကိုချိတ်​လိုက်​တယ်​။ပြီးတော့ သူမအကိုကို ကျေနပ်​စွာပြုံးပြလိုက်​တယ်​။သူ့ကို ချွဲနွဲ့လာတဲ့ ညီမငယ်​လေးကြောင့်​ သူဟာ သက်​ပြင်းချပြီး ပြုံးပြရုံသာတတ်​နိုင်​တော့တယ်​။
အာ ဘာလို့ သူမက ဟိုလူရှုပ်​လေးနဲ့ စေ့စပ်​ခံရတာလဲ။
သူဟာ အေဒီကို လှေကားပေါ်မှာ မချော်​ဖို့ရာ ကူညီပေးရင်းနဲ့ စိတ်​တိုစွာ တွေးလိုက်​မိတယ်​။
"ဒါနဲ့ ဟို လူ......ငါဆိုလိုတာက ပထမမင်းသားက ဘယ်​မှာလဲ။မင်းကို အဖော်​ပြုပေးရမှာ မဟုတ်​ဘူးလား"
"ညီမလေးလည်း မသိဘူး။ညီမလေး သူနဲ့ တခါမှမတွေ့ဖူးမှန်း အကိုလည်း သိရဲ့သားနဲ့။ဒီတကြိမ်​လည်း သူနဲ့တွေ့ရမယ်​မထင်​ဘူး။အဲ့လိုဖြစ်​လာရင်​ အကို ညီမလေးလေးကို အဖော်​ပြုပေးနိုင်​မလားဟင်​ "သူမဟာ သူ့ကို ကူ့ညီပေးဖို့ရာ ချွဲနွဲ့တောင်းဆိုလိုက်​တယ်​။သူမဟာ သူမအကိုဟာ ဒီလိုချွဲမှုမျိုးမှာ အားနည်းတတ်​ကြောင်း သေချာသိသည်​လေ။
ရေမီရာက တုန့်​ဆိုင်းခြင်းမရှိဘဲ ပြန်​ဖြေလာတယ်​"သေချာတာပေါ့"ဒါက သူ့အတွက်​ ပျော်​ရွှင်​မှုပါပဲ။
ဒါပေမယ့်​ ညီမလေးက သူနဲ့တခါမှမတွေ့ဖူးဘူး။ဒါဆို သူမနဲ့ စကားပြောနေတတ်​တဲ့ ငွေဖြူရောင်​ဆံပင်​နဲ့ကောင်​လေးက ဘယ်​သူလဲ။သူက အဲ့လူရှုပ်​လေး မဟုတ်​ဘူးလား။သူ့ရဲ့ စိတ်​ရှုပ်​ထွေးမှုဟာ အေဒီရာရဲ့ ပျော်​ရွှင်​စွာ အော်​လိုက်မှုကြောင့်​ ပျောက်​ကွယ်​သွားသည်​။
အခုတော့ သူမက တွဲဖက်​မပါဘဲ ပွဲတတ်​၍ အရှက်​ရတော့မည်​ မဟုတ်​ပေ။သူမအကို တယောက်​လုံး ရှိနေပြီမဟုတ်​ပါလား။တော်​၀င်​မိသားစုမှ မွေးလာသည်​မဟုတ်​တာက လွဲ၍ သူမအကိုသည်​ တခြားသော တော်​၀င်​သခင်​လေးများအောက်​ မနိမ့်​ပေ။သူရဲ့ ချောမောခန့်​ညားလှတဲ့ မျက်​နှာကြောင့်​ သူဟာ လူသိများသည်​။သူ၏ သက်​ပြည့်​ အခမ်းအနားပွဲတုန်းက ဆိုလျှင်​ သူ့အား စိတ်​၀င်​စားမှုများ မြင့်​တက်​ခဲ့သည်​။မွေးစားသားဆိုသည့်​ အကြောင်းအရာက သူ့အပေါ် မိန်းမငယ်​လေးများ၏ စိတ်​၀င်​စားမှုကို လျော့ကျမသွားစေနိုင်​ပေ။နေ့စဉ်​တိုင်းမှာ ဆလယ်​ဗားရစ်​အိမ်​တော်​တွင်​ စေ့စပ်​ကြောင်းလမ်းစာများရရှိလေသည်​။သူက တခြားသော တော်​၀င်​သခင်​လေးတွေ မင်းသားတွေနဲ့အတူ အင်​ပါယာ တခုလုံးမှာ အလိုချင်​ဆုံး စာရင်းဝင်​လူပျိုတယောက်​ဖြစ်​သည်​။
"အမ်​ အကိုနဲ့ မင်းသားက အသက်​တူတူပဲမို့လား"အေဒီရာက ရုတ်​တရက်​မေးလိုက်​တယ်​။
"အင်း ဘာလို့လဲ"
"ဒါဆို သူ့ကို မြင်​ဖူးမှာဘဲ။သူက ဘယ်​လိုပုံစံရှိလဲဟင်​။သူက ရုပ်​ဆိုးပန်းဆိုးကြီးလား။သူ့ပါးစပ်​ကလည်းနံတယ်​လို့
ထရီတန်​က ပြောတယ်​"
တရီတန်​?သူမ ငြင်းလိုက်​တဲ့ကောင်​မဟုတ်​လား။ထပ်​လာနေသေးတာလား။
"သူက အဲ့လိုပြောတယ်​?"
"ဟုတ်​တယ်​။ဒါပေမယ့်​ ကေဆီကတော့ မင်းသားလေးက ချောမောခန့်​ညားပြီး ဉာဏ်​ထက်​မြက်​တယ်​တဲ့။သူနဲ့ စေ့စပ်​ခွင့်​ရတာ ညီမလေး ကံကောင်းတယ်​တဲ့"
ကေဆီ?သူကရော ဘယ်​သူလဲ။ဟို ဘိုးကြီးအိုတွေလို ဆံပင်​အဖြူရောင်​တွေ ရှိတဲ့ ကောင်​လား။
"ဘာဘဲဖြစ်​ဖြစ်​ ညီမလေးကတော့ သူတို့ပြောတာကို မယုံပါဘူး။ညီမလေးက ကိုကြီးပြောတာကိုပဲ ယုံမှာ။"သူမလေးစကားကြောင့်​ သူဟာ သူမလေးရဲ့ အယုံကြည်​ရဆုံး အရင်းနီးဆုံးလို ခံစားလိုက်​ရတယ်​။
"အားယား သူက လူရှုပ်​လေးတယောက်​ပါပဲ"သူက ညစ်​ကျယ်​ကျယ်​ပြုံးရင်း ဖြေလိုက်​တယ်​။
"အဲ့ လူရှုပ်​လေးအကြောင်းပြောတာ ရပ်​လိုက်​ရအောင်​။အကို မင်းကို ချော်​မကျအောင်​ ကူညီပေးမယ်​။ဂရုတစိုက်​ သွားကြရအောင်​။"သူက ချိုသာစွာ ဆိုလာတယ်​။
"ချစ်​အကိုကြီးက အကောင်းဆုံးပဲ"
လှေကားတ၀က်​လောက်​ ရောက်​တဲ့ခါမှာတော့ လေတိုက်​ခတ်​မှုကြောင့်​ သူမဆံပင်​တွေဟာ အနည်းငယ်​ ရှုပ်​ထွေး သွားတယ်​။သူမမျက်​စိရှေ့မှာ ရှုပ်​နေတဲ့ ဆံပင်​တွေကို ရှင်းရင်း ကိုယ်​ကို အနည်းငယ်​ စောင်းလိုက်​တဲ့ အခါမှာတော့ သူမက ရထာလုံး တခုကို တွေ့လိုက်​ရတယ်​။
သူမဟာ ရထာလုံးပေါ်က လူကို မြင်​လိုက်​ရတဲ့ခါမှာတော့ သူမနှလုံးခုန်​နှုန်းဟာ မြန်​သွားပြီး တချက်​တောင့်​တင်းသွားတယ်​။
ထိုသူမဟာ အမတ်​ငယ်​တယောက်​ရဲ့ မွေးစားခြင်းခံရပြီး သူမနဲ့ အသက်​တူတူပဲဆိုတာကို မေ့ထားခဲ့မိတာပဲ။
သူမဟာ သူမကိုယ်​တိုင်​တောင်​ မသိလိုက်​ဘဲ သူမအကိုရဲ့ လက်​မောင်းကို တင်းတင်းကျပ်​ကျပ်​ ဆုပ်​ကိုင်​မိလိုက်​တယ်​။သူမအကိုကလည်း သူမရဲ့ အပြုအမူကြောင့်​ သူမလေးကြည့်​နေရာဆီ ကြည့်​လိုက်​တဲ့အခါမှာတော့ ပန်းနုရောင်​ဆံနွယ်​တွေရှိတဲ့ သခင်​မလေးတယောက်​ဟာ သူမမွေးစားဖခင်​နဲ့ အတူ ဆင်းလာတာကိုတွေ့လိုက်​ရတယ်​။
ထိုသူမလေးကို အေဒီရာတို့ကို ကြည့်​ပြီး ကြင်​နာစွာ ပြုံးပြလာတယ်​။
အိုးး သူမရောက်​လာပြီပဲ။

She become a passive villainess-not(trans)Where stories live. Discover now