Her New Butler

601 83 0
                                    

      
       Her New Butler

      သူ့ရဲ့မျက်ဝန်းတွေဟာ ပိုပြီး မှောင်မှိုင်းလာတာနဲ့အတူ ကောင်ငယ်လေးဟာ ဆွေးမြေ့နေခဲ့တယ်၊၊ဘဝမဲ့ပြီး ပျောက်ဆုံးနေသလိုမျိုး၊၊အေဒီရာဟာ ချက်ခြင်းပဲ သူ့လက်ကို ကိုင်လိုက်ပြီး သူ ထိုထက်ပိုပြီး အတွေးနက်မသွားစေဖို့ရာ လက်ဖြင့် ရိုက်လိုက်တယ်၊၊
 
            "နင် ဖြေစရာမလိုတော့ပါဘူး၊၊ငါကပဲ နင့်ကိုမေးမိတဲ့အတွက် တောင်းပန်ပါတယ်၊၊ကဲလေ နင့်ကိုယ်နင် အရင်သန့်ရှင်းလိုက်ကြရအောင်"

      ကောင်ငယ်လေးက တောင့်တင်းသွားပြီး အေဒီရာဟာ သူ့ကို ရေချိုးခန်းဆီဆွဲခေါ်လိုက်ကာ အထဲကို ထိုးသွင်းလိုက်တယ်၊၊သူက သူမကို ဒေါသထွက်စွာ စူးစိုက်ပြီး ကြည့်လိုက်ပေမယ့် သူမရဲ့ ပျော်ရွင်စွာရယ်နေတဲ့ပုံကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့ သူ့ရဲ့ဒေါသတွေဟာ လွှင့်ပြယ်သွားရလေတယ်၊၊

      သူမက အခုပြင်ထားတဲ့ ရေချိုးခန်းက ရေတွေလိုမျိုး နွေးထွေးတယ်၊၊
      ဒီရေတွေဟာ သူမအတွက် ပြင်ဆင်ထားပုံရတယ်၊၊ဘာလို့လဲဆိုတော့ သူမရဲ့ ကိုယ်သင်းရနံ့လေးလိုပဲ စတော်ဘယ်ရီနဲ့ နို့နံ့ရောနေတဲ့ရနံ့လေး ရနေတယ်လေ၊၊ချိုမြိန်ပြီး ချစ်စရာကောင်းတဲ့ရနံ့လေးလိုပဲ၊၊
     သူလည်း ဒီရေနဲ့ချိုးရင် သူမလို အနံ့မျိုးရနေတော့တာမှာလား..၊၊ဒီအတွေးလေးကတင် သူ့ကို စိတ်အခြေအနေပိုကောင်းသွားစေတယ်၊၊

             "ငါတောင်းပန်ပါတယ်၊၊နင်က စတော်ဘယ်ရီနဲ့နို့နံ့ကို မကြိုက်လောက်ဘူး ဒါပေမယ့် ငါကတော့ နှစ်သက်တယ်လေ၊၊ပြီးတော့ ဒါက ငါ့အတွက်ပြင်ဆင်ပေးထားတာဆိုပေမယ့် နင်က ပိုပြီး လိုအပ်မယ်ထင်တယ်"

     သူမက ရေချိုးစည်ပိုင်းရဲ့ထိပ်မှာ သူ့သခင်ကို ထိုင်ကြည့်နေတဲ့ အကောင်ငယ်လို တစ်ကောင်လိုမျိုး သူ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်ချပြီး ပြောလာခဲ့တယ်၊၊
       သူမက မယုံနိုင်စရာကောင်းလောက်အောင် အစားမထိုးနိုင်အောင် ချစ်စရာကောင်းလွန်းတယ်၊၊

              "ငါ...ငါအဆင်ပြေပါတယ်.."

     သူက နူးညံ့စွာ ပြန်ဖြေလိုက်တယ်၊၊သူ့စိတ်တွေဟာ သူတောင်သတိမထားမိဘဲ တဖြည်းဖြည်းနဲ့အရည်ပျော်နေခဲ့တယ်၊၊
      နေရောင်ခြည်လေးလို တောက်ပပြီး နွေးထွေးတဲ့ ဒီမိန်းကလေးဟာ မသိလိုက်ခင်မှာဘဲ သူ့နှလုံးသားကို အရည်ပျော်သွားစေခဲ့တယ်၊၊

She become a passive villainess-not(trans)Donde viven las historias. Descúbrelo ahora