Heise's Familyမိသားစုလေးဟာ သူတို့ရဲ့ နန်းတော်ခရီးကို ဆက်သွားလိုက်ကြတယ်၊၊အေဒီရာနဲ့ ဟေဇယ်တို့ဟာ လက်ချင်းတွဲပြီး ကေဆီမီရာရှေ့ကနေ လျှောက်သွားနေပြီး နောက်က သူကတော့ အေဒီရာ ကလေးငယ်အတွက် ဝယ်ပေးခဲ့တဲ့ ပစ္စည်းတွေအားလုံးရဲ့ အထုတ်တွေကို ဆွဲလျက်သားနဲ့ လိုက်နေရလေတယ်၊၊ဒါ့အတွက် သူ စိတ်မရှိပါဘူး၊၊
အဲ့လိုမျိုးကို စိတ်ရှိတဲ့သူဆိုလည်း အဲဒါက ဘေးက မကျေနပ်သူပဲဖြစ်လိမ့်မယ်၊၊မြို့သူမြို့သားတွေဟာ သူတို့မြင်ရတဲ့ မြင်ကွင်းအပေါ်ကို အံ့သြတကြီးဖြစ်နေကြတယ်၊၊သူတို့ အသက်ရှင်လာသမျှကာလပတ်လုံး သူတို့ရဲ့ အေးစက်လှတဲ့မင်းသားဟာ မိန်းမပျိုလေးနောက်မှာ လက်ထောက်တစ်ယောက်လို အထုတ်တွေဆွဲပြီးလိုက်နေမယ်လို့ တွေးတောင် မတွေးခဲ့ဖူးလေဘူး၊၊
"ပါးပါး....ချီ...ချီ..."ကေဆီမီရာ ကလေးငယ်တစ်ယောက်က သူ့အဖေဖြစ်သူကို စိတ်လှုပ်ရှားစွာပြောနေပြီး ဖအေဖြစ်သူဟာ ကလေးငယ်ကို ပခုံးပေါ်ကို တင်ခေါ်လိုက်တာကို မြင်လိုက်ရတယ်၊၊
အဲ့မြင်ကွင်းလေးက သူ့ကို ရပ်ပြီး ကြည့်နေစေမိတယ်၊၊
သူလည်း အဲ့လိုမျိုး လုပ်ချင်မိတယ်၊၊
ကေဆီမီရာ အမြန်ပဲ ဇနီးနဲ့ကလေးရှိရာဆီကို အမှီသွားလိုက်တယ်၊၊နောက်တော့ သူက သူတို့အရှေ့မှာ ပိတ်ရပ်လိုက်ပြီး သူ့လက်ထဲက အထုတ်တွေကို မြေပေါ်ခဏချလိုက်ကာ ကိုယ်ကို ကိုင်းညွှတ်လိုက်တယ်၊၊"မင်း အဖေ့ပခုံးပေါ် တက်စီးမလား.."
သူက ဟေဇယ်ကို ရုတ်တရက်မေးလိုက်တယ်၊၊
အေဒီရာနဲ့ဟေဇယ်ဟာ နားမလည်နိုင်စွာ ရှုပ်ထွေးသွားလေတယ်၊၊ပြီးတော့မှ တစ်ယောက်က စိတ်ရှုပ်ပြီး စိတ်တိုစိတ်ညစ်ဟန်ပြလာပြီး တစ်ယောက်ကတော့ တောက်တောက်ပပပြုံးလာခဲ့တယ်၊၊
"ဟုတ်တယ်...!ဒါ အကြံကောင်းပဲ...! သွားလိုက်..ကလေး...!အဖေ့အပေါ်မှာ စီးနိုင်ချိန်မှာ သွားစီးချေ.....သွား...!"အေဒီရာ က ပျော်ရွှင်စွာ ပြောလာတဲ့အခါမှာတော့ သားအဖနှစ်ယောက်ရဲ့အာရုံက သူမဆီရောက်လာခဲ့တယ်၊၊
![](https://img.wattpad.com/cover/274392649-288-k235302.jpg)
YOU ARE READING
She become a passive villainess-not(trans)
Historical FictionOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။