Not Enough

593 87 2
                                    

      
Not Enough

       ကေဆီမီရာက လီယွန်ကိုဘေးကို တိုက်ထုတ်လိုက်ပြီး သူ့ရဲ့ချစ်ဇနီးလေးကို ‌ကောက်ယူပွေ့ချီဖို့ လုပ်လိုက်တယ်၊၊သူမ ဒီမှာ ခဏပဲရှိသေးတယ်၊၊သတိလစ်နေပြန်ပြီ..ထပ်ပြီးတော့လေ..၊၊

            "မင်း ဘာတွေ လုပ်ခဲ့လိုက်တာလဲ လီယွန်...မင်း ဘာလို့ ငါ့ဆီကနေ သူမကို ယူပြေးဖို့ လုပ်ရတာလဲ.."

      သူက ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း အံကြိတ်ကာပြောလိုက်တယ်၊၊
       အဲ့နေရာရဲ့ တခုတည်းသော ထွက်ပေါက်ကို ပိတ်ပြီး စောင့်ကြည့်နေတဲ့ဟေဇယ်ဟာလည်း နောက်ကိုလဲကျပြီး သွေးတို့အန်ထွက်နေတဲ့လူကို အရှိန်ပြင်းစွာ ဒေါသတကြီး ဟိန်းဟောက်လိုက်တယ်၊၊

      လီယွန်က ကောက်ကျစ်စဉ်းလဲပြီး ရူးသွပ်စွာရယ်မောလိုက်တယ်၊၊အဲဒါက ကေဆီမီရာ့ အသားတွေထဲထိတိုင်အောင် ကြောက်စရာကောင်းစွာ နာကျည်းမှုကြီးစွာ ဝင်ရောက်စိမ့်ဝင်လာခဲ့တယ်၊၊

           "ကျွန်တော်မျိုးက ဘယ်အချိန်ကများ အသင်မင်းသားဟာကို လုယူခဲ့လို့ပါလဲ..ကျွန်တော်မျိုးက ကျွန်တော်မျိုးအပိုင်ကိုပဲ ပြန်ယူတာပါ..အသင်မင်းသားကသာ ..ကျွန်တော်မျိုးအပိုင်ကို လုယူသွားခဲ့တာ.."

       လီယွန်က မုန်းတီစွာ ကေဆီမီရာကို ပြန်ပြောလိုက်တယ်၊၊

        ကေဆီမီရာက စကားတခွန်းမှ ပြန်မဆိုရခင်မှာဘဲ ဟေဇယ်ဟာ လီယွန်ကို ခြိမ်းခြောက်ဟိန်းဟောက်လိုက်တယ်၊၊သူ့အနေနဲ့ ထိုလူက သူ့အမေကို သူ့ရဲ့ပိုင်ဆိုင်မှုတခုလို ပြောနေတာကို ခွင့်ပြုမှာမဟုတ်ဘူး၊၊သူ့အမေက.ပိုင်ဆိုင်မှုတခုလိုဆိုရအောင်..ဆုတံဆိပ်လည်း မဟုတ်ဘူး..၊၊

        ကေဆီမီရာရဲ့ ပလက်တီနမ် မျက်ဝန်းတွေဟာ အေးစက်သွားခဲ့တယ်၊၊သူက အေဒီရာကို ပွေ့ချီပြီး ဟေဇယ်အနားကို ခေါ်သွားပေးလိုက်တယ်၊၊ဒါမှ သူ သူမကို ကာကွယ်ပေးနိုင်ဖို့ရာပေါ့၊၊သူကတော့ စာရင်းရှင်းစရာရှိတာ ရှင်းရဦးမယ်..၊၊

        ဟေဇယ်က သူ့အမေကို သူ့တောင်ပံတွေနဲ့ ဖုံးအုပ်လိုက်ပြီး သူ့အမြှီးတွေကိုကွေးကာ ထွေးထားလိုက်တယ်၊၊ဘယ်သူ့ကိုမှ သူ့အမေကို ထိခိုက်စေဖို့ ခွင့်ပြုမှာ မဟုတ်ဘူး၊၊သူ့မျက်စိအောက်မှာဆို ပိုပြီးပေါ့..သူမကို ထိခိုက်စေဖို့ ရွေးချယ်လိုက်သူဟာ သူတို့ရဲ့ ကံကြမ္မာကို အမှုန့်တွေအဖြစ်ပြောင်းလဲပစ်ဖို့ ကြိုးစားလိုက်တာပဲ...၊၊

She become a passive villainess-not(trans)Where stories live. Discover now