သူထိထားတာတွေမရှိစေရန်

1.4K 205 0
                                    


သူထိထားတွေမရှိအောင်
  
       "မင်္ဂလာညနေခင်းပါ။သခင်​မလေး အေဒီရာ ဒုက္ခမများစေဘူးဆိုရင်​ ကျွနု​ပ်​နဲ့အတူ ကပေးနိုင်​မလား"
-----------
    ငါငြင်းခဲ့ရမှာ။သူ့ကို တခြာလူတွေဘယ်​လိုမြင်​မယ်​ဆိုတာကို ဂရုစိုက်​ပြီး တုန့်​ဆိုင်းမနေသင့်​ဘူး
  အေဒီရာဟာ တခြားသူတွေရဲ့ အကြည့်​တွေကြားမှာ ထိုးဖောက်​မတတ်​ဖြစ်​နေတဲ့ အကြည့်​တခုကို ခံစားမိပြီး သူမကိုယ်​သူမ ရေရွတ်​လိုက်​တယ်​။
     ဘယ်​သူက ဒီလိုမျိုးကို စိတ်​မဆိုးဘဲ နေနိုင်​ပါ့မလဲ။သူမ ကြင်​ယာတော်​လောင်းက အခုလေးတင်​ကမှ တခြားနိုင်​ငံ သံတမန်​တွေကို နှုတ်​ဆက်​ရန်​ ထွက်​သွားခြင်းဖြစ်​သည်​။မိနစ်​အနည်းငယ်​ပဲ ကြာသေးသည်​။လူပျိုလေးတယောက်​က သူ၏ကြင်​ယာတော်​လောင်းနားရောက်​လာပြီး ကဖို့ ခေါ်သွားခဲ့တယ်​။
    တခြားသူတွေအတွက်​က ဒီလိုမျိုးဟာ ပြဿနာ မဖြစ်​နိုင်​ပေမယ့်​ သူ၏ကြင်​ယာတော်​လောင်းကို အမြဲတစေကြည့်​နေတတ်​သည့်​ ကေဆီမီရာ အတွက်​တော့ ဒါက မတူပေ။အခန်းပူချိန်​က အနည်းငယ်​ လျော့ကျသွားသလို အားလုံးက ခံစားလိုက်​ရတယ်​။
    အေဒီရာဟာ ကနေစဉ်​တလျှောက်​လုံးမှာ ကေဆီဘက်​ကို လုံးဝလှည့်​မကြည့်​ရဲပေ။မဟုတ်​ရင်​ ငရဲကနေ နိုးထလာတဲ့ နတ်​ဆိုးဘုရင်​တကောင်​ကို တွေ့ရပေလိမ့်​မည်​။
     ကျေးဇူးပြုပြီး သီချင်းဆုံးပါတော့။မြန်​မြန်​လေး ကေဆီလပေါက်​ကွဲမထွက်​ခင်​။
     တုံးလိုက်​တဲ့ငါ အေဒီရာ။နင်​မဖြေရသေးခင်​ သူက ဆွဲခေါ်သွားဦးတော့ နင်​ငြင်းခဲ့ရမှာလေ။နင်​တုံ့ဆိုင်းနေတဲ့ ရလဒ်​က ခုတော့ ခုလိုဖြစ်​နေပြီ။
    "အေဒီရာ"သူမက ကေဆီအတွက်​တွေးနေမိသောကြောင့်​ ကကွက်​တွေမှာ သတိလက်​လွတ်​ဖြစ်​နေခဲ့တယ်​။သူမက နွေးထွေးစွာ ကြည့်​နေတဲ့ သခင်​လေးရဲ့ စိုးရိမ်​တဲ့အကြည့်​တွေကိုတောင်​ သတိမမူမိခဲ့ဘူး။
    "မင်း အဆင်​ပြေရဲ့လား"
     "အာ  ဟုတ်​ကဲ့ အဆင်​ပြေပါတယ်​ သခင်​လေး ဒလယ်​ဗားရစ်​"သူမက လူမူရေးပြုံးလေးပြုံးပြီး ဖြေလိုက်​တယ်​။
   ကျေးဇူးပြုပြီး အဲ့လို ကြည့်​မနေစမ်းပါနဲ့ ကေဆီ။ဒါက လူမှုရေးအရပါ။ရှင့်​ဓားကို ဆုပ်​ကိုင်​ထားတာ လွှတ်​ထားလိုက်​ပါ။ကျေးဇူးပြုပြီး။
     "သူ့ကြောင့်​လား"ထရီတန်​ဟာ မင်းသားလေးမျက်​နှာပေါ်က သေစေနိုင်​လောက်​တဲ့ ပုံစံကို တချက်​ကြည့်​ရင်း မေးလာတယ်​။
    "အမ်​?"
     "မင်းသားလေးကြောင့်​ ကိုယ့်​ရဲ့ စေ့စပ်​ခြင်းကို ငြင်းပယ်​ခဲ့တာလား"
    သူက မေးရင်းနဲ့ အလွန်​ဘ၀က ပုံစံနဲ့ခြားနားစွာဘဲ အလွန်​စိတ်​ပျက်​နေတဲ့ပုံပေါ်နေတယ်​။သူမက ထရီတန်​ဘာလို ဒီလိုဖြစ်​နေတယ်​ဆိုတာကို နားမလည်​နိုင်​ဘူး။သူ သူမကို ချစ်​ခဲ့တာမှမဟုတ်​တာ။သူမက မင်းသားလေးကို ရွေးချယ်​တော့ရော ဘာဖြစ်​လို့လဲ။
   "ဒီ အကြောင်းက ဘာကြောင့်​အရေးကြီးရတာလဲ"သူမက ပြန်​မေးလိုက်​တယ်​။တိုက်​ဆိုင်​စွာဘဲသီချင်းက ရပ်​သွားခဲ့ပြီ။သူမက သူ့အဖြေကို စောင့်​ရင်း ရပ်​နေလိုက်​တယ်​။သူမငြင်းလိုက်​တာကိုတောင်​ အမြဲလာနေတတ်​တဲ့ ထရီတန်​ကို သူမ ဘယ်​တော့ကမှ နားမလည်​ခဲ့ဘူး။
     ပထမတော့ သူမက သူဟာသူမနဲ့ သူငယ်​ချင်းအဖြစ်​နေချင်​တာဖြစ်​မယ်​ဟု တွေးခဲ့သည်​။သူမအနေနဲ့လည်း ရန်​သူတွေဖြစ်​ရသည်​ထပ်​ သူငယ်​ချင်းဖြစ်​ရတာက ပိုကောင်းသည်​။နောက်​ပြီး 'သူငယ်​ချင်းလိုရင်းနီးပါ။ရန်​သူတွေနဲ့ ပို၍ရင်​နီးစွာ နေပါ'ဆိုသော ဆိုရိုးစကားလည်း ရှိသည်​မဟုတ်​လား။
     ဒါဆို သူမလက်​မခံစရာအကြောင်းမရှိပေ။
    နောက်​ပြီး သူမက တရီတန်​ရဲ့မာနဟာ သူအငြင်းခံလိုက်​ရခြင်းကို လက်​မခံနိုင်​တာ ဖြစ်​မယ်​ဟုလည်း တွေးမိသေးသည်​။သူမ သူအလည်​လာတာကို လက်​ခံရသည့်​အကြောင်းမှာ သူက မောက်​မာတတ်​သော စိတ်​ပျက်​စရာ ကောင်းသည့်​ လူတစ်​ယောက်​မဟုတ်​ဟု ယုံကြည်​ခြင်းကြောင့်​ဖြစ်​သည်​။
      "ဘာကြောင့်​ဆို ကိုယ်​က------"
       "မင်းတို့ ကလို့ပြီးပြီမဟုတ်​လား"
        အေးစက်​ပြီး သေလောက်​ဖွယ်​ အသံတခုက အေဒီရာရဲ့နားထဲကို ၀င်​ရောက်​လာပြီး  သူအပူချိန်​တက်​သွညးသလို ခံစားလိုက်​ရတယ်​။သူ့ရဲ့ လူသတ်​လိုစိန်​ကို ဖုံးထားပြီး ထူးမခြားနားတဲ့ပုံစံနဲ့ ကေဆီမီရာဟာ သူမနောက်​ကို ရောက်​လာခဲ့တယ်​။
  ထရီတန်​ဟာ ရောက်​လာတဲ့ ကေဆီမီရာကို စိုက်​ကြည့်​နေလိုက်​ပြီးမှ အေဒီရာရဲ့ လက်​ဖမိုးကို အနမ်းတပွင့်​ပေးကာ ထွက်​သွားတယ်​။ဒါတွေအားလုံးကို ကေဆီမီရာ ရှေတည့်​တည့်​မှာတင်​ လုပ်​သွားခြင်းဖြစ်​သည်​။
     မင်းငါ့ကို စိန်​ခေါ်တာလား ဒလယ်​ဗားရစ်​။ဟမ်​?
     အေဒီရာဟာ ထရီတန်​ ထွက်​သွားသွားချင်းမှာဘဲ သူမနောက်​နောက်​မှာ ရှိနေတဲ့ ရေခဲတုံးကြီးကို ဖြန်​ဖြေဖို့ရာအတွက်​ လှည့်​လိုက်​တယ်​။
     "ကေ--ကေဆီ"
      "လိုက်​လာ"
     သူမ စကားမဆုံးခင်းမှာဘဲ ကေဆီဟာ သူမလက်​ကို ဆွဲပြီး ကပွဲစဉ်​ကနေ ထောင့်​တနေရာကို ခေါ်သွားတယ်​။လမ်းမှာ သူဟာ အစေခံတယောက်​ဗန်းထဲက ၀ိုင်​တခွက်​ကိုလည်း ယူခဲ့သေးတယ်​။
    သူက သူမကို ထိုင်​ခုံတခုမှာ ထိုင်​စေလိုက်​ပြီး သူက ဒူးထောက်​ချကာ သူမလက်​ပေါ်ကို ၀ိုင်​တွေ လောင်းချလိုက်​တယ်​။
     "ဒီလက်​ ဟုတ်​တယ်​ မဟုတ်​လား"သူက မေးသော်​လည်း သူမအဖြေကို စောင့်​နေခြင်းမရှိဘဲ စောနက လောင်းလိုက်​တဲ့နေရာကို သုပ်​ပေးနေပြန်​တယ်​။
       "ကေ..ကေဆီ ရှင်​ဘာတွေလုပ်​နေတာလဲ"သူမက ၀ိုင်​ရဲ့ အေးစက်​တဲ့ အထိအတွေ့ကြောင့်​ရော့ သူ့အမူအရာကြောင့်​ရော လန့်​သွားပြီး သူမလက်​ကို ရုန်းထွက်​ဖို့လုပ်​လိုက်​တယ်​။ဒါပေမယ့်​ သူက တင်းကျပ်​စွာ ဆုပ်​ကိုင်​ထားဆဲပဲ။
    ကေဆီမီရာဟာ ပြန်​မဖြေဘဲ သူမလက်​ကိုပဲစိုက်​ကြည့်​နေခဲ့တယ်​။
    "ကေဆီ သွားပြီး ငါ့လက်​ကိုဆေးလိုက်​ပါရစေ"
     ကေဆီမီရာရဲ့ မျက်​လုံးတွေထဲမှာ အန္တရယ်​ရှိတဲ့အရိပ်​တွေ ရှိနေဆဲပါ။
     "ကေဆီ"သူမ သူ သူမကို ကြည့်​လာဖို့ရာ ထပ်​ပြီးကြိုးစားလိုက်​တယ်​။ထရီတန်​ထွက်​သွားပြီး ခုသူတို့နေရာကို ရောက်​သည်​အထိ သူက သူမကို တချက်​လေးမှ ကြည့်​မလာလေဘူး။
      သူက သူမလက်​ကို စိုက်​ကြည့်​နေဆဲပဲ။နောက်​တော့ သူဟာ တစုံတခုကို စလုပ်​လိုက်​တယ်​။သူက ၀ိုင်​တွေပေကျံနေတဲ့ သူမလက်​ကို စတင်​နမ်းရှုံ့လာတယ်​။
    "ကေ..ကေဆီ..အရှင်​မင်းသား ရပ်​လိုက်​ပါ။"သူမက ကေဆီမီရာ ကြားနိုင်​လောက်​အောင်​ အသံတိုးတိုးလေးနဲ့ ပြောလိုက်​တယ်​။
    "စိတ်​မပူပါနဲ့။ကိုယ်​က မင်းလက်​ကို သန့်​ရှင်းအောင်းပြုလုပ်​ပေးရုံပါ"ဒါက ထရီတန်​နဲ့ မျက်​နာချင်းဆိုင်​ပြီး သူအရှည်​ဆုံးပြောတဲ့ စကားပဲ။
      "ကေဆီ ကျွန်​မကို ကြည့်​ပါ"သူမက စွန့်​စားပြီး သူ့ကို အမိန့်​ပေးလိုက်​တယ်​။နောက်​ပြီး သူမရဲ့ လွတ်​နေသောလက်​တဖက်​နဲ့ သူ့ပါးကို ဆုပ်​ကိုင်​လိုက်​တယ်​။
     နောက်​ဆုံးတော့ သူက သုမကို ကြည့်​လာခဲ့ပြီ။အေဒီရာရဲ့ နီရဲနေသောပါးပြင်​လေးတွေကို သူသတိပြုမိလိုက်​တယ်​။သူမက ချစ်​စရာကောင်းပြီး ဆွဲဆောင်​မှု ရှိလွန်းသည်​။ဒါက သူ့ရဲ့ ဒေါသတွေကို လျော့ကျသွားစေခဲ့တယ်​။
      "ဒါက အဆင်​ပြေပါတယ်​။ထရီတန်​နဲ့ ကျွန်​မကြားမှာ ဘာမှ ရှိမနေဘူး။ရှင်​စိတ်​ချထားလို့ရပါတယ်​"
     "ဒါဆို သူနဲ့က ဘာတွေလဲ။ဘာလို မင်းတို့နှစ်​ယောက်​က အရမ်းရင်းနီးပုံ ပေါက်​နေရတာလဲ။ဘာလို့ မင်းသူ့ကို တွေ့တိုင်း စိတ်ရှုပ်​ထွေးနေတဲ့ အမူအရာဖြစ်​နေတာလဲ။ဘာလို့ သူက မင်းအနားမှာ အမြဲရောက်​နေတာလဲ။ဘာလို့လဲ"
    ကေဆီဟာ မေးခွန်းတွေတသီကြီး မေးမြန်းလာတယ်​။
    သုမကိုယ်​တိုင်​ကလည်း ထရီတန်​ ဘာတွေမှားယွင်းနေတယ်​ဆိုတာကို မသိဘူး။
    "ကျွန်​မလည်းမသိဘူး။ကျွန်​မသူ့ကို မေးနေဆဲ သူဖြေမလို့လုပ်​နေတုန်းပဲ ရှင်​ရောက်​လာတာလေ"သူမက ပြန်​ဖြေလိုက်​တယ်​။
    ဘာကြောင့်​ဆို သူက မင်းကို ဖွင့်​ပြောတော့မလို့လေ။သူဖွင့်​ပြောလာရင်​ရော
    "......မင်းဘယ်​လိုလုပ်​မှာလဲ"ကေဆီမီရာဟာ တိုးတိုးလေး မေးခွန်းတခုကို ရေရွတ်​လိုက်​တယ်​။
   "ငြင်းလိုက်​မှာပေါ့"သူမက ကေဆီရဲ့ မေးခွန်းကို လေးလေူနက်​နက်​ ဘဲ ပြန်​ဖြေလိုက်​တယ်​။နောက်​ပြီး သူမက သူ့ကို စိတ်​ချရပါတယ်​ဆိုသော အပြုံးမျိုးပြုံးပြလိုက်​တယ်​။
     "ကေဆီ ရှင့်​ရဲ့ ကြင်​ယာတော်​လောင်းဖြစ်​ရတာရော ဘယ်​လောက်​ စိတ်​ပူပန်​ရလဲ သိရဲ့လား။ဟ...ဟ ကျွန်​မနေရာကို လိုချင်​နေကြတဲ့ မိန်းကလေးတွေ အများကြီး ရှိတာရော သိရဲ့လား"သူမက ခပ်​ဖွဖွရယ်​လိုက်​ပြီး သူစိတ်​ပူပန်​တွေ ပျောက်​စေဖို့ ပြောလိုက်​တယ်​။
    အများကြီးက ကျွန်​မနေရာကို မျက်​စောင်းထိုးနေတာ ရှင်​ရဲ့။
    ကေဆီမီရာဟာ အေဒီရာရဲ့ စကားတွေမှာ ရယ်​မောလိုက်​ပြီး သူမလက်​ကို လက်​ကိုင်​ပဝါနဲ့ သေချာသုပ်​ပေးကာ နောက်​ဆုံးအနေနဲ့ အနမ်းတပွင့်​ခြွေလိုက်​တယ်​။
    အေဒီရာဟာ ပွင့်​လင်းစွာ အချစ်​ခံရခြင်းကို အသားမကျစွာ ပါးပြင်​တွေဟာ နီရဲသွားပြီး သူမမျက်​နှာကို လက်​နဲ့ အုပ်​လိုက်​လေတယ်​။
     တချို့သော တော်​၀င်​တွေဟာ သူတို့အိမ်​ရှေ့စံနှင့်​ ကြင်​ယာတော်​တို့ရဲ့ အချစ်​ဖော်​ပြခြင်းကို မနာလိုစွာနဲ့ဘဲ ကြည့်​လိုက်​ရပါတော့တယ်​။
   
   Unicode

She become a passive villainess-not(trans)Where stories live. Discover now