The apple of their eyes

1.2K 178 0
                                    

The apple of their eyes
    ".......နားလည္​လား?ခု မင္​းတို႔ကိုေပးလိုက္​တဲ့ ဆက္​သြယ္​သြယ္​ေရး ေက်ာက္​တံုးေတြက ဆရာတို႔ ေက်ာက္​တံုးေတြနဲ႔ တိုက္​ရုိက္​ဆက္​သြယ္​ထားတယ္​။အာ့ေၾကာင္​့ မင္​းတို႔အႏၲရယ္​တခုခုနဲ႔ ႀကံဳတဲ့ခါမွာ ဒါနဲ႔ ဆရာတို႔ကိုဆက္​သြယ္​ပါ။"
    ေက်ာင္​းသားေတြ ခရီးမထြက္​ခင္​ လံုၿခံဳေရးနဲ႔ပတ္​သတ္​ၿပီး ရွည္​လ်ားစြာ မွာၾကားေနျခင္​းကို ပေရာ္​ဖက္​ဆာက အဆံုးသတ္​လိုက္​တယ္​။သူတို႔ဟာ သူတို႔ကို သူတို႔မဲနႈိက္​ၿပီး ငါးေယာက္​တစ္​အုပ္​စု သို႔မဟုတ္​ ေလးေယာက္​တစ္​အုပ္​စု ဖဲြ႕လိုက္​ၾကတယ္​။ကံမေကာင္​းစြာဘဲ ေအဒီရာဟာ ဒလယ္​ဗားရစ္​ ၊အိုင္​းရစ္​တို႔နဲ႔အတူသြားက်ေလတယ္​။ေနာက္​တေယာက္​ကေတာ့ အမတ္​ငယ္​ နီဗားရီရာရဲ႕ သမီး မယ္​လီဆာ နယ္​မီရာျဖစ္​သည္​။
       ေနာက္​ၿပီး ေျပာစရာမလိုေလာက္​ေအာင္​ ေကဆီမီရာကလည္​း သူတို႔အုပ္​စုမွာပါေလတယ္​။သူမ ဘယ္​သြားသြား သူက ရွိေနမွာပင္​။
    "ဘာကိုမွ က်ိဳးေၾကာင္​းမဲ့ မလုပ္​နဲ႔!အားလံုး ၾကားၾကရဲ႕လား"
   ပေရာ္​ဖက္​ဆာရဲ႕ ေနာက္​ဆံုးသတိေပးခ်က္​အၿပီးမွာေတာ့ ေအဒီရာဟာ သူမကို ေကဆီၾကည္​့ေနတာကို သတိထားလိုက္​မိတယ္​။
   "ရွင္​ ကြၽန္​မကို ဘာလို႔ ဒီလို ၾကည္​့ေနတာလဲ"သူမက မေက်နပ္​သလို ေမးလိုက္​တယ္​။
   ေကဆီမီရာက သူ႔ပခံုးနွစ္​ဖက္​ကို တြန္​႔ၿပီး ၿပံဳးျပလိုက္​တယ္​။ေသခ်ာတာေပါ့ သူ သူမကိုေျပာျပရင္​ေတာင္​ သူမက ေရာက္​တဲ့ေနရာတိုင္​းမွာ ဘယ္​ေလာက္​ေတာင္​ျပႆနာရွာတတ္​လဲဆိုတာ သူမ ယံုမွာမဟုတ္​ဘူး။
    'ဘာပဲျဖစ္​ျဖစ္​ ငါရွိေနတာပဲေလ'သူက ေတြးလိုက္​တယ္​။
   ေအဒီရာနဲ႔ အလွမ္​းအေတာ္​အကြာမွာရွိေနတဲ့ ထရီတန္​ဟာ သူတို႔ရဲ႕ ျပဳမူေနၾကပံုကို ၾကည္​့ေနရင္​း ထိုေငြျဖဴေရာင္​ဆံပင္​ရွိတဲ့သူကို စိတ္​တိုလာတယ္​။
    သူက ဘာလို႔ သူမဘယ္​သြားသြား လိုက္​ေနရတာလဲ?သူမရဲ႕ ေလ့လာေရးခရီးကိုေတာင္​မွေလ။ေက်ာင္​းေကာင္​စီဥကၠဌအေနနဲ႔ သူက ေက်ာင္​းမွာဘဲ သူလုပ္​ရမယ္​့တာ၀န္​ေတြကို လုပ္​ေနသင္​့တာမို႔လား။ဒါက အာဏာကို အလဲြသံုးစားလုပ္​တာပဲ။မဟုတ္​ဘူးလား?
    ပထမေတာ့ ထိုသူက ေအဒီရာရဲ႕ ရထာလံုး်ပၚကေနဆင္​းလာၿပီး သူမေလးဆင္​းဖို႔ရာ သူ႔လက္​ကို ကမ္​းေပးလိုက္​တာကို ျမင္​ေတာ့ အံ့ၾသသြားမိေသးသည္​။
   ဒါေပမယ္​့ အခုေတာ့ ေလ့လာေရးခရီးစဥ္​အတြင္​းမွာ ေအဒီရညနဲ႔ ပိုမိုရင္​းနီးလာေအာင္​ ျပဳလုပ္​ခ်င္​တဲ့ သူ႔ရဲ႕ အႀကံအစည္​ေတြကို ဖ်က္​စီးခံလိုက္​ရတယ္​ဆိုေသာ အေတြးက သူ႔ကို ပိုၿပီး စိတ္​တိုလာေစသည္​။
     အဖဲြ႕အားလံုးဟာ သတ္​မွတ္​ထားတဲ့ ၀င္​ေပါက္​အသီးသီးကေန စတင္​ၿပီး ေတာထဲကို ထြက္​လာလိုက္​ၾကတယ္​။
    သူတို႔အတန္​းကမဟုတ္​ဘဲ ေအဒီရာအဖဲြ႕မွာ ေကဆီမီရာပါေနတာေၾကာင္​့ သူတို႔အဖဲြ႕ဟာ အျမန္​ဆံုးနဲ႔ အထိေရာက္​ဆံုး အဖဲြ႕ျဖစ္​တယ္​။
    "အာ့!"ေအဒီရာေနာက္​က အသံတစ္​သံေၾကာင္​့ အားလံုးဟာ ေနာက္​ျပန္​လွည္​့ၾကည္​့လိုက္​တဲ့အခါမွာေတာ့ ေကဆီမီရာ႕လက္​ကို ဆဲြထားတဲ့ အိုင္​းရစ္​ကို ေတြ႕လိုက္​ၾကရတယ္​။
    "ကြၽန္..ကြၽန္​မေတာင္​းပန္​ပါတယ္​ အရွင္​မင္​းသား။ခြင္​့လြတ္​ပါ။ေက်ာက္​တံုးကို သတိမထားမိဘဲ ေခ်ာ္​သြားလို႔ပါ" သူမက ပါးျပင္​နီေတြနဲ႔ ေတာင္​းပန္​လိုက္​တယ္​။
      wow!ဘယ္​ေလာက္​ေတာင္​ သိသာလိုက္​တဲ့ မိန္​းကေလးလဲ။
     ေအဒီရာဟာ မယံုၾကည္​နိုင္​စြာ ၾကည္​့လိုက္​ၿပီး ဆက္​သြားဖို႔ရာ ျပန္​လွည္​့လိုက္​တယ္​။
    "ေအဒီရာ"ထရီတန္​ဟာ သူမနာမည္​အတိုင္​းေခၚလိုက္​ရာက ျပန္​ျပင္​ၿပီး"ကြၽန္​ေတာ္​ ဆိုလိုတာက သခင္​မေလး ဆလယ္​ဗားရစ္​ လမ္​းဂရုစိုက္​သြားပါ။သင္​စိတ္​မရွိဘူးဆိုရင္​ ကြၽန္​ေတာ္​သင္​့ကို ကူညီခ်င္​ပါတယ္​"
    သူက လူႀကီးလူေကာင္​းဆန္​စြည ၿပံဳးျပၿပီး သူ႔လက္​ကို ကမ္​းေပးလာခဲ့တယ္​။
    "ကြၽန္​မ အဆင္​ေျပပါတယ္​ သခင္​ေလး ဒလယ္​ဗားရစ္​။ကြၽန္​မဘာသာ ကြၽန္​မ ေစာင္​့ေရွာက္​နိုင္​ပါတယ္​"သူမက ယဥ္​ယဥ္​ေက်းေက်းနဲ႔ ျငင္​းလိုက္​တယ္​။ဒါေပမယ္​့ သူက သူမလက္​ကို ဆုပ္​ကိုင္​ထားလိုက္​တယ္​။
     "တခါတရံ ကြၽန္​ေတာ္​့ကို အားကိုးနိုင္​ပါတယ္​"
   ဒါေပမယ္​့ ငါမလုပ္​ခ်င္​ဘူးေလ!ရွင္​့လက္​ကို မဆံုးရႈံးရေသးခင္​ ခုလို လုပ္​ေနတာကို ရပ္​လိုက္​သင္​့တယ္​။
   သူမက သုမေနာက္​က ေအးစက္​တဲ့ေလထုကို ခံစားမိၿပီး ေခါင္​းထဲမွာတင္​ ညည္​းညဴလိုက္​တယ္​။
   အို..ဘုရားသခင္​ ကယ္​ေတာ္​မူပါ။
    အဖဲြထဲက ေနာက္​တစ္​ေယာက္ျဖစ္​တဲ့ မယ္​လီဆာကေတာ့ အဆက္​့အတန္​းျမင့္မားၿပီး ဂုဏ္​သတင္​းႀကီးမားလွေသာ ေယာက်္​ားပ်ိဳ နွစ္​ေယာက္​ဟာ မိန္​းမငယ္​တစ္​ေယာက္​စီကို ကူညီေပးေနတာကို ၾကည္​့ေနလိုက္​တယ္​။သူတို႔နဲ႔ အခ်ိန္​အေတာ္​ၾကာ ရွိေနၿပီးတဲ့ ေနာက္​မွာေတာ့ သူမက သူတို႔ရဲ႕ စိတ္​သေဘာေတြကို ရိမ္​မိသေလာက္​ရွိေနၿပီျဖစ္​တယ္​။
    မင္းသားနဲ႔ သခင္​မေလးဆလယ္​ဗားရစ္​ကေတာ့ အင္​ပါယာ တစ္​ခုလံုးသိၾကတဲ့ ၾကင္​ယာဖက္​ေတြဆိုသည္​့အတိုင္​း အလြန္​လိုက္​ဖက္​ေလတယ္​။
   သခင္​ေလး ဒလယ္​ဗားရစ္​ဟာ သခင္​မေလးဆလယ္​ဗားရစ္​အေပၚ စိတ္​၀င္​စားေနပံုရၿပီး သခင္​မေလးလက္​တီဖိုလီရာဟာလည္​း မင္​းသားအေပၚခံစားခ်က္​ရွိေနပံုရသည္​။မင္​းသားအနားမွာ သူမျပဳမူပံုေတြကို ၾကည္​့ယံုနွင္​့ ဒါကိုခန္​႔မွန္​းနိုင္​တယ္​။သူမက မင္​းသားဆီက အာရုံစိုက္​မႈကို ရဖို႔ အၿမဲႀကိဳးစားေနတတ္​တယ္​။
    သူမ ထိုသူမေလးကို နားလည္​သည္​။အင္ပါယာထဲက ဘယ္​မိန္​းမပ်ိဳကမ်ား မင္​းသားရဲ႕ ဆဲြေဆာင္​မႈရွိျခင္​းမွာ ေတာင္​့ခံနိုင္​ပါ့မလဲ။
    ဒါေပမယ္​့ ထိပ္​တန္​းလူပ်ိဳေလးနွစ္​ေယာက္​ရင္​ထဲက အခ်စ္​သစ္​သီးေလး ျဖစ္​တဲ့ သခင္​မေလးေအဒီရာဟာေတာ့ ခန္​႔မွန္​းရခက္​ေလတယ္​။
    ေသခ်ာတာကေတာ့ သူမက မင္​းသားနဲ႔ အေတာ္​ရင္​းနွီးတယ္​။ဒါေပမယ္​့သူမက သခင္ေလး ဒလယ္​ဗားရစ္​နဲ႔လည္​း ရင္​းရင္​းနီးနီးရွိေနျပန္​တယ္​။
     ဒါနဲ႔ ဘာလို႔ ရုတ္​တရက္​ ေအးစိမ္​့လာသလို ခံစားရတာပါလိမ္​့။
   ------
    သူတို႔လုပ္​ရမယ္​့ လုပ္​ငန္​းစဥ္​ေတြ အကုန္​ၿပီးဆံုးသြားခိ္​်န္​မွာေတာ့ သူတို႔အခ်ိန္​ေတြကို ေတာထဲမွာ အရမ္​းမနက္​ေစဘဲ ေလ်ွာက္​ၾကည္​့ဖို႔ရာ ဆံုးျဖတ္​လိုက္​ၾကတယ္​။
    သူမေနာက္​ကို အရိပ္​လိုလိုက္​ေနတဲ့ ေကဆီမီရာနဲ႔အတူ ေလ်ွာက္​လာရင္​း သူမလက္​ေအာက္​မွာ ယိမ္​့နဲြ႕ေနတဲ့ ႏြယ္​ပင္​ေတြကို သတိထားလိုက္​မိတယ္​။
   သိခ်င္​ေဇာနဲ႔ သူမဟာ အဲ့ႏြယ္​ပင္​ေတြမွာ ဆူးေသးေသးေလးေတြပါတာကိုေတာင္​ ဂရုမစိုက္​ဘဲ ဆဲြနႈတ္​လိုက္​တယ္​။သူမလက္​ေပၚမွာ ျခစ္​ရာေတြထင္​သြားတာကိုေတာင္​ ဂရုမစိုက္​ေလဘူး။ဒါေပမယ္​့ တစံုတေယာက္​ေသာသူကေတာ့ ဂရုစိုက္​ေလတယ္​။သူမရဲ႕ သတိမဲ့အျပဳအမူေတြေၾကာင္​့သူ႔မ်က္​နွာဟာ ရႈံ႕မဲ့သြားတယ္​။
       တကယ္​လို႔ အဲ့အပင္​ေတြက အဆိပ္​ရွိေနခဲ့ရင္​ ဘယ္​နဲ႔လုပ္​မလဲ?
    ေသခ်ာေပါက္​ သူဟာ သူမနဲ႔ ေလ်ွာက္​သြားေနရင္​းအပင္​ေတြကို စစ္​ေဆးၿပီးျဖစ္တယ္​။အႏၲရယ္​ရွိတဲ့အပင္​ေတြနဲ႔ အဆိပ္​ရွိတဲ့ အပင္​ေတြနားဆိုရင္​ေတာ့ ေအဒီရာကို အနားကပ္​ေစမွာမဟုတ္​ေပ။ဒါေၾကာင္​့ သူမ ႏြယ္​ပင္​ေတြနား ကပ္​သြားတာကို ၾကည္​့ေနလိုက္​ျခင္​းျဖစ္​သည္​။ဒီႏြယ္​ပင္​ေတြဟာ လံုး၀အႏၲရယ္​ကင္​းေပမယ္​့ သူမဂရုမစိုက္​မႈေၾကာင္​့ျဖစ္​သြားသည္​့ သူမလက္​ေပၚ ျခစ္ရာေတြျဖစ္​သြားတာကို မႀကိဳက္​ျခင္​းျဖစ္​သည္​။
    ဒီ မိန္​းကေလးကေတာ့
   ဘာမွမေျပာေတာ့ဘဲ သူကဘႏြယ္​ပင္​ေတြကို ထပ္​ဆဲြဖို႔ရာျပင္​ေနတဲ့ ေအဒီရာ လက္​ေတြကို ဖမ္​းၿပီး ဆုပ္​ကိုင္​လိုက္​တယ္​။
    "ေကဆီ?"ႏြယ္​ပင္​နႈတ္​ေနတာကို ေနွာင္​့ယွက္​ခံလိုက္​ရတာေၾကာင္​့ ေအဒီရာက လွည္​့ၾကည္​့လိုက္​တယ္​။သူမဟာ သူ႔မ်က္​၀န္​းေတြထဲက စိတ္​အလိုမက်ျခင္​းေတြကို ျမင္​ေတြ႕လိုက္​ရၿပီး သူဘာလို႔ ထိုသို႔ ျဖစ္​သြားရသည္​ကို ေတြးေနမိတယ္​။
    wow သူ႔ကို တခ်က္​ၾကည္​့ရုံနဲ႔ သူဘာျဖစ္​ေနလဲသိနိုင္​တဲ့ ငါ့ကိုယ္​ငါ ခ်ီးက်ဳးရမလိုပဲ
    သူမကို စကားတခြန္​းမွ ဆိုမလာဘဲ သူဟာ သူ႔လက္​ေပၚက လက္​အိတ္​ေတြကို ခြၽတ္​လိုက္​ၿပီး သူမလက္​ေတြေပၚမွာ ၀တ္​ေပးလိုက္​တယ္​။ သူတို႔နွစ္​ေယာက္​ရဲ႕ လက္​အ႐ြယ္​အစားမတူတာေၾကာင္​့ လက္​အိတ္​ေတြဟာ သူမလက္​ေပၚမွာ အေတာ္​အတန္​ႀကီးေနခဲ့တယ္​။ေအဒီရာဟာ မၿပံဳးဘဲ မေနနိုင္​ေတာ့ဘူး။
     "ရွင္​က ကြၽန္​မလက္​ေပၚက ျခစ္​ရာေတြေၾကာင္​့ စိတ္​ဆိုးသြားတာလား"သူ႔အမူအရာ ေျပာင္​းလဲျခင္​းရဲ႕ အေၾကာင္​းအရင္​းကို ေတြ႕ၿပီးတဲ့ေနာက္​မွာေတာ့ သူမက ေပ်ွာ္​႐ႊင္​စြာ ေမးလိုက္​တယ္​။
    သူမရဲ႕ ေပ်ွာ္​႐ႊင္​ေနတဲ့ အၿပံဳးေတြေၾကာင္​့ သူဟာ သူမခ်စ္​စရာ ေကာင္​းလြန္​း၍ လႊတ္​ဘဲထားရမလား ဒါမွမဟုတ္​ သူမက သုမဂရုမစိုက္​မႈေတြကို ေနာင္​တမရေနတဲ့အတြက္​ စိတ္​ဆိုးရမလား ေ၀ခဲြရ ခက္​သြားခဲ့တယ္​။
       "ေက်းဇူးပဲ ေကဆီ။ကြၽန္​မအဆင္​ေျပပါတယ္​။ဒါေပမယ္​့ ေက်းဇူးတင္​ပါတယ္​။ရွင္​ကြၽန္​မတို႔နဲ႔ လိုက္​လာတာ ကြၽန္​မ ၀မ္​းသာမိတယ္​"
    သူ႔ရဲ႕ အားစိုက္​မွာသာ မပါခဲ့ရင္​ သူမတို႔အဖဲြဟာ ခုလို လ်င္​လ်င္​ျမန္​ျမန္​နဲ႔ ေစာေစာၿပီးၿပီး ဒီေလာက္​အၾကာႀကီး နားခ်ိန္​ရမွာမဟုတ္​ေပ။
      သူက သူမစကားေတြေၾကာင္​့ အံၾသသြားၿပီး သူမေခါင္​းကို အသာပုတ္​လိုက္​တယ္​။
   တျခားေယာက်္​ားေတြေရွ႕မွာ အဲ့လို မၿပံဳးနဲ႔
   သူက သူ႔ကိုယ္​သူ စိတ္​ေလ်ာ့လိုက္​ၿပီး သူ႔မ်က္​စိေအာက္​မွာ ရွိေနသေ႐ြ႕ သူမလုပ္​ခ်င္​တာ လုပ္​ေစလိုက္​တယ္​။
    ဒါက ေကဆီနဲ႔ နွစ္​ေတြအမ်ားႀကီးခင္​လာၿပီး ေအဒီရာ သိခဲ့ရေသာအရာျဖစ္​သည္​။သူ႔ကို ေဖ်ာင္​းျဖဖို႔ရာအတြက္​ ခ်စ္​စရာေကာင္​းေအာင္​ ဒါမွမဟုတ္​ သနားစရာေကာင္​းေအာင္​ လုပ္​ျပလိုက္​လ်ွင္​ သူမလုပ္​ခ်င္​တာ လုပ္​ခြင္​့ရေပလိမ္​့မည္​။
    ဒီေနရာမွာေတာ့ ေကဆီဟာ သူမအေဖ၊အကိုတို႔နဲ႔ တူေလသည္​။သူတို႔အားလံုးဟာ ေအဒီရာ၏ခ်စ္​စရာေကာင္​းစြာ ခ်ဲြႏြဲ႕မႈမွာ ရႈံးနိမ္​့ရစၿမဲ ျဖစ္​သည္​။
    ေကဆီရဲ႕ လက္​အိတ္​ေတြကို ၀တ္​ဆင္​ၿပီးတဲ့ေနာက္​မွာေတာ့ သူမဟာ စိတ္​ထြက္​ေပါက္​အေနနဲ႔ ႏြယ္​ပင္​ေတြကို ထပ္​နႈတ္​ေနလိုက္​တယ္​။ေန႔စဥ္​ေန႔တိုင္​းမွာ ထရီတန္​နဲ႔ အိုင္​းရစ္​တို႔ေၾကာင္​့ သူမအေတာ္​ စိတ္​ပင္​ပန္​းရသည္​။
   ကံေကာင္​းလို႔ ခုေတာင္​ ေကဆီမီရာက လူတိုင္​းၾကားနိုင္​ေလာက္​တဲ့ အကြာအေ၀းမွာ ကိုယ္​စီကိုယ္​စီေလ့လာၾကဖို႔ အႀကံေပးခဲ့လို႔သာျဖစ္​သည္​။ မဟုတ္​လ်ွင္​ သူတို႔ ပါေနဦးမည္​။ဒါဟာ ေကဆီအေနနဲ႔ ေအဒီရာနဲ႔အတူ သူတို႔ရဲ႕ သီးသန္​႔အခ်ိန္​ေတြကို ၀င္​မေနွာင္​့ယွက္​နိုင္​ေစဖိူ႔ရာ အသံတိတ္​သတိေပးလိုက္​ျခင္​းလည္​းျဖစ္​သည္​။
    ဒါေၾကာင္​့ သူတို႔ဟာ အျခားသံုးေယာက္​နဲ႔ ခဲြထြက္​လာၾကျခင္​းျဖစ္​သည္​။
     သူမ ႏြယ္​ပင္​ေတြ အကုန္​လံုးကို နႈတ္​ၿပီးတဲ့အခါမွာေတာ့ သူမ တကိုယ္​စာ ၀င္​နိုင္​ေလာက္​တဲ့ လိႈဏ္​ေခါင္​းပံုသဏၭာန္​ အေခါင္​းေပါက္​တခုကို ေတြ႕လိုက္​ရတယ္​။
    ဒါက ....ရင္​းနီးလြန္​းေနတယ္​။
   သူမက သူမကိုယ္​သူမ ေတြးလိုက္​ၿပီး ပတ္​၀န္​းက်င္​ကို ေလ့လာလိုက္​တယ္​။ဒါက အတူတူပဲ။ဒါက သူမ ေဟဇယ္​ကို ေတြ႕ခဲ့တဲ့ လမ္​းပဲ။
     ဒါေပမယ္​့ ....ငါဒီအခ်ိန္​ ေဟဇယ္​့ကို မေတြ႕ရေသးပါဘူး။ငါမွတ္​တာ မမွားဘူးဆိုရင္​ သူနဲ႔ေတြ႕ရဖို႔ လအနည္​းငယ္​ လိုေသးတယ္​မို႔လား။
    သူမက ေတြးဆလိုက္​တယ္​။ေကဆီဟာ သူမျပဳလုပ္​ေနပံုေၾကာင္​့ ရပ္​ၿပီးသူမ ဘာလုပ္​ေနတယ္​ဆိုတာကိုၾကည္​့လိုက္​တယ္​။အိမ္​ေတာ္​ႀကီးတခုရဲ႕ သခင္​မေလးဟာ ေျမႀကီးေပၚမွာေလးဘက္​ေထာက္​ၿပီး တစံုတခုကို ၾကည္​့ေနတယ္​။
    သူမ ဘာကိုၾကည္​့ေနတယ္​ဆိုတာကို ထပ္​ၾကည္​့လိုက္​တဲ့ အခါမွာေတာ့ လိႈဏ္​ေခါင္​းသဖြယ္​ျဖစ္​ေနတဲ့ အေခါင္​းေပါက္​တခုကို ေတြ႕လိုက္​ရတယ္​။ဒါက ဘယ္​သူ႔အတြက္​မဆို ေသးလြန္​းတယ္​။
     ဒါေပမယ္​့....ျဖစ္​နိုင္​တာက
   သူ႔အေတြးမဆံုးခင္​မွာဘဲ ထိတ္​လန္​႔စရာျဖစ္​လာတယ္​။သူမက တြင္​းထဲကို ရုတ္​တရက္​ တြားသြား၀င္​သြားတယ္​။
   သူက သူ႔အသံကို ျမႇင္​့ၿပီး ေခၚလိုက္​တယ္​။"ေအဒီရာ"ဒါေပမယ္​့ သူမက ၾကားပံုးမေပၚဘဲ ေရွ႕ကိုပဲ ဆက္​သြားေနတယ္​။
    "ေအဒီရာ....shit"သူက ဆဲဆိုမိသြာၿပီး အေခါင္​းေပါက္​ထဲကို ၀င္​ဖို႔ႀကိဳးစားလိုက္​တယ္​။ဒါက သူမ တစ္​ေယာက္​စာအတြက္​ ကြက္​တိလုပ္​ထားသလိုမ်ိဳး သူ၀င္​လို႔မရခဲ့ဘူး။
    သူက အျမန္​ေျပးၿပီး တျခားမိန္​းကေလးနွစ္​ေယာက္​ကို သြားေခၚလိုက္​တယ္​။သူတို႔ကေတာ့ ဆန္​႔နိုင္​ေကာင္​းပါရဲ႕။
   ဒါေပမယ္​့ သူက ေၾကာင္​ေတာင္​ေတာင္​ ျဖစ္​ေနတဲ့ မိန္​းခေလးနွစ္​ေယာက္​နဲ႔အတူ ျပန္​လာတဲ့အခ်ိန္​မွာေတာ့ ထိုအေခါင္​းေပါက္​က ေမွာ္​ဆန္​စြာဘဲ ေပ်ာက္​ဆံုးေနခဲ့တယ္​။
   ေကဆီမီရာအေနနဲ႔ ထိုေနရာက မွန္​တယ္​ဆိုတာ ေသခ်ာတယ္​။သူက အေရးႀကီးတဲ့အရာေတြကို ဘယ္​ေတာ့မွ မေမ့တတ္​ဘူး။ဒါေပမယ္​့ အေခါင္​းေပါက္​က မရွိေတာ့ဘူး။ဒါက အစကတည္​းက မရွိခဲ့အရာ ဆိုရင္​ေရာ။
   Dam.mit!တစံုတခုက ေအဒီရာကို ဝါးမ်ိဳသြားတယ္​။
    
Unicode
   The apple of their eyes
    ".......နားလည်​လား?ခု မင်းတို့ကိုပေးလိုက်​တဲ့ ဆက်​သွယ်​သွယ်​ရေး ကျောက်​တုံးတွေက ဆရာတို့ ကျောက်​တုံးတွေနဲ့ တိုက်​ရိုက်​ဆက်​သွယ်​ထားတယ်​။အာ့ကြောင့်​မင်းတို့အန္တရယ်​တခုခုနဲ့ ကြုံတဲ့ခါမှာ ဒါနဲ့ ဆရာတို့ကိုဆက်​သွယ်​ပါ။"
    ကျောင်းသားတွေ ခရီးမထွက်​ခင်​လုံခြုံရေးနဲ့ပတ်​သတ်​ပြီး ရှည်​လျားစွာ မှာကြားနေခြင်းကို ပရော်​ဖက်​ဆာက အဆုံးသတ်​လိုက်​တယ်​။သူတို့ဟာ သူတို့ကို သူတို့မဲနှိုက်​ပြီး ငါးယောက်​တစ်​အုပ်​စု သို့မဟုတ်​လေးယောက်​တစ်​အုပ်​စု ဖွဲ့လိုက်​ကြတယ်​။ကံမကောင်းစွာဘဲ အေဒီရာဟာ ဒလယ်​ဗားရစ်​၊အိုင်းရစ်​တို့နဲ့အတူသွားကျလေတယ်​။နောက်​တယောက်​ကတော့ အမတ်​ငယ်​နီဗားရီရာရဲ့ သမီး မယ်​လီဆာ နယ်​မီရာဖြစ်​သည်​။
       နောက်​ပြီး ပြောစရာမလိုလောက်​အောင်​ကေဆီမီရာကလည်း သူတို့အုပ်​စုမှာပါလေတယ်​။သူမ ဘယ်​သွားသွား သူက ရှိနေမှာပင်​။
    "ဘာကိုမှ ကျိုးကြောင်းမဲ့ မလုပ်​နဲ့!အားလုံး ကြားကြရဲ့လား"
   ပရော်​ဖက်​ဆာရဲ့ နောက်​ဆုံးသတိပေးချက်​အပြီးမှာတော့ အေဒီရာဟာ သူမကို ကေဆီကြည့်​နေတာကို သတိထားလိုက်​မိတယ်​။
   "ရှင်​ကျွန်​မကို ဘာလို့ ဒီလို ကြည့်​နေတာလဲ"သူမက မကျေနပ်​သလို မေးလိုက်​တယ်​။
   ကေဆီမီရာက သူ့ပခုံးနှစ်​ဖက်​ကို တွန့်​ပြီး ပြုံးပြလိုက်​တယ်​။သေချာတာပေါ့ သူ သူမကိုပြောပြရင်​တောင်​သူမက ရောက်​တဲ့နေရာတိုင်းမှာ ဘယ်​လောက်​တောင်​ပြဿနာရှာတတ်​လဲဆိုတာ သူမ ယုံမှာမဟုတ်​ဘူး။
    'ဘာပဲဖြစ်​ဖြစ်​ငါရှိနေတာပဲလေ'သူက တွေးလိုက်​တယ်​။
   အေဒီရာနဲ့ အလှမ်းအတော်​အကွာမှာရှိနေတဲ့ ထရီတန်​ဟာ သူတို့ရဲ့ ပြုမူနေကြပုံကို ကြည့်​နေရင်း ထိုငွေဖြူရောင်​ဆံပင်​ရှိတဲ့သူကို စိတ်​တိုလာတယ်​။
    သူက ဘာလို့ သူမဘယ်​သွားသွား လိုက်​နေရတာလဲ?သူမရဲ့ လေ့လာရေးခရီးကိုတောင်​မှလေ။ကျောင်းကောင်​စီဥက္ကဌအနေနဲ့ သူက ကျောင်းမှာဘဲ သူလုပ်​ရမယ့်​တာဝန်​တွေကို လုပ်​နေသင့်​တာမို့လား။ဒါက အာဏာကို အလွဲသုံးစားလုပ်​တာပဲ။မဟုတ်​ဘူးလား?
    ပထမတော့ ထိုသူက အေဒီရာရဲ့ ရထာလုံျးပ်ါကနေဆင်းလာပြီး သူမလေးဆင်းဖို့ရာ သူ့လက်​ကို ကမ်းပေးလိုက်​တာကို မြင်​တော့ အံ့သြသွားမိသေးသည်​။
   ဒါပေမယ့်​အခုတော့ လေ့လာရေးခရီးစဉ်​အတွင်းမှာ အေဒီရညနဲ့ ပိုမိုရင်းနီးလာအောင်​ပြုလုပ်​ချင်​တဲ့ သူ့ရဲ့ အကြံအစည်​တွေကို ဖျက်​စီးခံလိုက်​ရတယ်​ဆိုသော အတွေးက သူ့ကို ပိုပြီး စိတ်​တိုလာစေသည်​။
     အဖွဲ့အားလုံးဟာ သတ်​မှတ်​ထားတဲ့ ၀င်​ပေါက်​အသီးသီးကနေ စတင်​ပြီး တောထဲကို ထွက်​လာလိုက်​ကြတယ်​။
    သူတို့အတန်းကမဟုတ်​ဘဲ အေဒီရာအဖွဲ့မှာ ကေဆီမီရာပါနေတာကြောင့်​သူတို့အဖွဲ့ဟာ အမြန်​ဆုံးနဲ့ အထိရောက်​ဆုံး အဖွဲ့ဖြစ်​တယ်​။
    "အာ့!"အေဒီရာနောက်​က အသံတစ်​သံကြောင့်​အားလုံးဟာ နောက်​ပြန်​လှည့်​ကြည့်​လိုက်​တဲ့အခါမှာတော့ ကေဆီမီရာ့လက်​ကို ဆွဲထားတဲ့ အိုင်းရစ်​ကို တွေ့လိုက်​ကြရတယ်​။
    "ကျွန်..ကျွန်​မတောင်းပန်​ပါတယ်​အရှင်​မင်းသား။ခွင့်​လွတ်​ပါ။ကျောက်​တုံးကို သတိမထားမိဘဲ ချော်​သွားလို့ပါ" သူမက ပါးပြင်​နီတွေနဲ့ တောင်းပန်​လိုက်​တယ်​။
      wow!ဘယ်​လောက်​တောင်​သိသာလိုက်​တဲ့ မိန်းကလေးလဲ။
     အေဒီရာဟာ မယုံကြည်​နိုင်​စွာ ကြည့်​လိုက်​ပြီး ဆက်​သွားဖို့ရာ ပြန်​လှည့်​လိုက်​တယ်​။
    "အေဒီရာ"ထရီတန်​ဟာ သူမနာမည်​အတိုင်းခေါ်လိုက်​ရာက ပြန်​ပြင်​ပြီး"ကျွန်​တော်​ဆိုလိုတာက သခင်​မလေး ဆလယ်​ဗားရစ်​လမ်းဂရုစိုက်​သွားပါ။သင်​စိတ်​မရှိဘူးဆိုရင်​ကျွန်​တော်​သင့်​ကို ကူညီချင်​ပါတယ်​"
    သူက လူကြီးလူကောင်းဆန်​စွည ပြုံးပြပြီး သူ့လက်​ကို ကမ်းပေးလာခဲ့တယ်​။
    "ကျွန်​မ အဆင်​ပြေပါတယ်​သခင်​လေး ဒလယ်​ဗားရစ်​။ကျွန်​မဘာသာ ကျွန်​မ စောင့်​ရှောက်​နိုင်​ပါတယ်​"သူမက ယဉ်​ယဉ်​ကျေးကျေးနဲ့ ငြင်းလိုက်​တယ်​။ဒါပေမယ့်​သူက သူမလက်​ကို ဆုပ်​ကိုင်​ထားလိုက်​တယ်​။
     "တခါတရံ ကျွန်​တော့်​ကို အားကိုးနိုင်​ပါတယ်​"
   ဒါပေမယ့်​ငါမလုပ်​ချင်​ဘူးလေ!ရှင့်​လက်​ကို မဆုံးရှုံးရသေးခင်​ခုလို လုပ်​နေတာကို ရပ်​လိုက်​သင့်​တယ်​။
   သူမက သုမနောက်​က အေးစက်​တဲ့လေထုကို ခံစားမိပြီး ခေါင်းထဲမှာတင်​ညည်းညူလိုက်​တယ်​။
   အို..ဘုရားသခင်​ကယ်​တော်​မူပါ။
    အဖွဲထဲက နောက်​တစ်​ယောက်ဖြစ်​တဲ့ မယ်​လီဆာကတော့ အဆက့်​အတန်းမြင့်မားပြီး ဂုဏ်​သတင်းကြီးမားလှသော ယောက်ျားပျို နှစ်​ယောက်​ဟာ မိန်းမငယ်​တစ်​ယောက်​စီကို ကူညီပေးနေတာကို ကြည့်​နေလိုက်​တယ်​။သူတို့နဲ့ အချိန်​အတော်​ကြာ ရှိနေပြီးတဲ့ နောက်​မှာတော့ သူမက သူတို့ရဲ့ စိတ်​သဘောတွေကို ရိမ်​မိသလောက်​ရှိနေပြီဖြစ်​တယ်​။
    မင်းသားနဲ့ သခင်​မလေးဆလယ်​ဗားရစ်​ကတော့ အင်​ပါယာ တစ်​ခုလုံးသိကြတဲ့ ကြင်​ယာဖက်​တွေဆိုသည့်​အတိုင်း အလွန်​လိုက်​ဖက်​လေတယ်​။
   သခင်​လေး ဒလယ်​ဗားရစ်​ဟာ သခင်​မလေးဆလယ်​ဗားရစ်​အပေါ် စိတ်​၀င်​စားနေပုံရပြီး သခင်​မလေးလက်​တီဖိုလီရာဟာလည်း မင်းသားအပေါ်ခံစားချက်​ရှိနေပုံရသည်​။မင်းသားအနားမှာ သူမပြုမူပုံတွေကို ကြည့်​ယုံနှင့်​ဒါကိုခန့်​မှန်းနိုင်​တယ်​။သူမက မင်းသားဆီက အာရုံစိုက်​မှုကို ရဖို့ အမြဲကြိုးစားနေတတ်​တယ်​။
    သူမ ထိုသူမလေးကို နားလည်​သည်​။အင်ပါယာထဲက ဘယ်​မိန်းမပျိုကများ မင်းသားရဲ့ ဆွဲဆောင်​မှုရှိခြင်းမှာ တောင့်​ခံနိုင်​ပါ့မလဲ။
    ဒါပေမယ့်​ထိပ်​တန်းလူပျိုလေးနှစ်​ယောက်​ရင်​ထဲက အချစ်​သစ်​သီးလေး ဖြစ်​တဲ့ သခင်​မလေးအေဒီရာဟာတော့ ခန့်​မှန်းရခက်​လေတယ်​။
    သေချာတာကတော့ သူမက မင်းသားနဲ့ အတော်​ရင်းနှီးတယ်​။ဒါပေမယ့်​သူမက သခင်လေး ဒလယ်​ဗားရစ်​နဲ့လည်း ရင်းရင်းနီးနီးရှိနေပြန်​တယ်​။
     ဒါနဲ့ ဘာလို့ ရုတ်​တရက်​အေးစိမ့်​လာသလို ခံစားရတာပါလိမ့်​။
   ------
    သူတို့လုပ်​ရမယ့်​လုပ်​ငန်းစဉ်​တွေ အကုန်​ပြီးဆုံးသွားခိ်ျန်​မှာတော့ သူတို့အချိန်​တွေကို တောထဲမှာ အရမ်းမနက်​စေဘဲ လျှောက်​ကြည့်​ဖို့ရာ ဆုံးဖြတ်​လိုက်​ကြတယ်​။
    သူမနောက်​ကို အရိပ်​လိုလိုက်​နေတဲ့ ကေဆီမီရာနဲ့အတူ လျှောက်​လာရင်း သူမလက်​အောက်​မှာ ယိမ့်​နွဲ့နေတဲ့ နွယ်​ပင်​တွေကို သတိထားလိုက်​မိတယ်​။
   သိချင်​ဇောနဲ့ သူမဟာ အဲ့နွယ်​ပင်​တွေမှာ ဆူးသေးသေးလေးတွေပါတာကိုတောင်​ဂရုမစိုက်​ဘဲ ဆွဲနှုတ်​လိုက်​တယ်​။သူမလက်​ပေါ်မှာ ခြစ်​ရာတွေထင်​သွားတာကိုတောင်​ဂရုမစိုက်​လေဘူး။ဒါပေမယ့်​တစုံတယောက်​သောသူကတော့ ဂရုစိုက်​လေတယ်​။သူမရဲ့ သတိမဲ့အပြုအမူတွေကြောင့်​သူ့မျက်​နှာဟာ ရှုံ့မဲ့သွားတယ်​။
       တကယ်​လို့ အဲ့အပင်​တွေက အဆိပ်​ရှိနေခဲ့ရင်​ဘယ်​နဲ့လုပ်​မလဲ?
    သေချာပေါက်​သူဟာ သူမနဲ့ လျှောက်​သွားနေရင်းအပင်​တွေကို စစ်​ဆေးပြီးဖြစ်တယ်​။အန္တရယ်​ရှိတဲ့အပင်​တွေနဲ့ အဆိပ်​ရှိတဲ့ အပင်​တွေနားဆိုရင်​တော့ အေဒီရာကို အနားကပ်​စေမှာမဟုတ်​ပေ။ဒါကြောင့်​သူမ နွယ်​ပင်​တွေနား ကပ်​သွားတာကို ကြည့်​နေလိုက်​ခြင်းဖြစ်​သည်​။ဒီနွယ်​ပင်​တွေဟာ လုံးဝအန္တရယ်​ကင်းပေမယ့်​သူမဂရုမစိုက်​မှုကြောင့်​ဖြစ်​သွားသည့်​သူမလက်​ပေါ် ခြစ်ရာတွေဖြစ်​သွားတာကို မကြိုက်​ခြင်းဖြစ်​သည်​။
    ဒီ မိန်းကလေးကတော့
   ဘာမှမပြောတော့ဘဲ သူကဘနွယ်​ပင်​တွေကို ထပ်​ဆွဲဖို့ရာပြင်​နေတဲ့ အေဒီရာ လက်​တွေကို ဖမ်းပြီး ဆုပ်​ကိုင်​လိုက်​တယ်​။
    "ကေဆီ?"နွယ်​ပင်​နှုတ်​နေတာကို နှောင့်​ယှက်​ခံလိုက်​ရတာကြောင့်​အေဒီရာက လှည့်​ကြည့်​လိုက်​တယ်​။သူမဟာ သူ့မျက်​၀န်းတွေထဲက စိတ်​အလိုမကျခြင်းတွေကို မြင်​တွေ့လိုက်​ရပြီး သူဘာလို့ ထိုသို့ ဖြစ်​သွားရသည်​ကို တွေးနေမိတယ်​။
    wow သူ့ကို တချက်​ကြည့်​ရုံနဲ့ သူဘာဖြစ်​နေလဲသိနိုင်​တဲ့ ငါ့ကိုယ်​ငါ ချီးကျုးရမလိုပဲ
    သူမကို စကားတခွန်းမှ ဆိုမလာဘဲ သူဟာ သူ့လက်​ပေါ်က လက်​အိတ်​တွေကို ချွတ်​လိုက်​ပြီး သူမလက်​တွေပေါ်မှာ ၀တ်​ပေးလိုက်​တယ်​။ သူတို့နှစ်​ယောက်​ရဲ့ လက်​အရွယ်​အစားမတူတာကြောင့်​လက်​အိတ်​တွေဟာ သူမလက်​ပေါ်မှာ အတော်​အတန်​ကြီးနေခဲ့တယ်​။အေဒီရာဟာ မပြုံးဘဲ မနေနိုင်​တော့ဘူး။
     "ရှင်​က ကျွန်​မလက်​ပေါ်က ခြစ်​ရာတွေကြောင့်​စိတ်​ဆိုးသွားတာလား"သူ့အမူအရာ ပြောင်းလဲခြင်းရဲ့ အကြောင်းအရင်းကို တွေ့ပြီးတဲ့နောက်​မှာတော့ သူမက ပျှော်​ရွှင်​စွာ မေးလိုက်​တယ်​။
    သူမရဲ့ ပျှော်​ရွှင်​နေတဲ့ အပြုံးတွေကြောင့်​သူဟာ သူမချစ်​စရာ ကောင်းလွန်း၍ လွှတ်​ဘဲထားရမလား ဒါမှမဟုတ်​သူမက သုမဂရုမစိုက်​မှုတွေကို နောင်​တမရနေတဲ့အတွက်​စိတ်​ဆိုးရမလား ဝေခွဲရ ခက်​သွားခဲ့တယ်​။
       "ကျေးဇူးပဲ ကေဆီ။ကျွန်​မအဆင်​ပြေပါတယ်​။ဒါပေမယ့်​ကျေးဇူးတင်​ပါတယ်​။ရှင်​ကျွန်​မတို့နဲ့ လိုက်​လာတာ ကျွန်​မ ၀မ်းသာမိတယ်​"
    သူ့ရဲ့ အားစိုက်​မှာသာ မပါခဲ့ရင်​သူမတို့အဖွဲဟာ ခုလို လျင်​လျင်​မြန်​မြန်​နဲ့ စောစောပြီးပြီး ဒီလောက်​အကြာကြီး နားချိန်​ရမှာမဟုတ်​ပေ။
      သူက သူမစကားတွေကြောင့်​အံသြသွားပြီး သူမခေါင်းကို အသာပုတ်​လိုက်​တယ်​။
   တခြားယောက်ျားတွေရှေ့မှာ အဲ့လို မပြုံးနဲ့
   သူက သူ့ကိုယ်​သူ စိတ်​လျော့လိုက်​ပြီး သူ့မျက်​စိအောက်​မှာ ရှိနေသရွေ့ သူမလုပ်​ချင်​တာ လုပ်​စေလိုက်​တယ်​။
    ဒါက ကေဆီနဲ့ နှစ်​တွေအများကြီးခင်​လာပြီး အေဒီရာ သိခဲ့ရသောအရာဖြစ်​သည်​။သူ့ကို ဖျောင်းဖြဖို့ရာအတွက်​ချစ်​စရာကောင်းအောင်​ဒါမှမဟုတ်​သနားစရာကောင်းအောင်​လုပ်​ပြလိုက်​လျှင်​သူမလုပ်​ချင်​တာ လုပ်​ခွင့်​ရပေလိမ့်​မည်​။
    ဒီနေရာမှာတော့ ကေဆီဟာ သူမအဖေ၊အကိုတို့နဲ့ တူလေသည်​။သူတို့အားလုံးဟာ အေဒီရာ၏ချစ်​စရာကောင်းစွာ ချွဲနွဲ့မှုမှာ ရှုံးနိမ့်​ရစမြဲ ဖြစ်​သည်​။
    ကေဆီရဲ့ လက်​အိတ်​တွေကို ၀တ်​ဆင်​ပြီးတဲ့နောက်​မှာတော့ သူမဟာ စိတ်​ထွက်​ပေါက်​အနေနဲ့ နွယ်​ပင်​တွေကို ထပ်​နှုတ်​နေလိုက်​တယ်​။နေ့စဉ်​နေ့တိုင်းမှာ ထရီတန်​နဲ့ အိုင်းရစ်​တို့ကြောင့်​သူမအတော်​စိတ်​ပင်​ပန်းရသည်​။
   ကံကောင်းလို့ ခုတောင်​ကေဆီမီရာက လူတိုင်းကြားနိုင်​လောက်​တဲ့ အကွာအဝေးမှာ ကိုယ်​စီကိုယ်​စီလေ့လာကြဖို့ အကြံပေးခဲ့လို့သာဖြစ်​သည်​။ မဟုတ်​လျှင်​သူတို့ ပါနေဦးမည်​။ဒါဟာ ကေဆီအနေနဲ့ အေဒီရာနဲ့အတူ သူတို့ရဲ့ သီးသန့်​အချိန်​တွေကို ၀င်​မနှောင့်​ယှက်​နိုင်​စေဖိူ့ရာ အသံတိတ်​သတိပေးလိုက်​ခြင်းလည်းဖြစ်​သည်​။
    ဒါကြောင့်​သူတို့ဟာ အခြားသုံးယောက်​နဲ့ ခွဲထွက်​လာကြခြင်းဖြစ်​သည်​။
     သူမ နွယ်​ပင်​တွေ အကုန်​လုံးကို နှုတ်​ပြီးတဲ့အခါမှာတော့ သူမ တကိုယ်​စာ ၀င်​နိုင်​လောက်​တဲ့ လှိုဏ်​ခေါင်းပုံသဏ္ဌာန်​အခေါင်းပေါက်​တခုကို တွေ့လိုက်​ရတယ်​။
    ဒါက ....ရင်းနီးလွန်းနေတယ်​။
   သူမက သူမကိုယ်​သူမ တွေးလိုက်​ပြီး ပတ်​၀န်းကျင်​ကို လေ့လာလိုက်​တယ်​။ဒါက အတူတူပဲ။ဒါက သူမ ဟေဇယ်​ကို တွေ့ခဲ့တဲ့ လမ်းပဲ။
     ဒါပေမယ့်​....ငါဒီအချိန်​ဟေဇယ့်​ကို မတွေ့ရသေးပါဘူး။ငါမှတ်​တာ မမှားဘူးဆိုရင်​သူနဲ့တွေ့ရဖို့ လအနည်းငယ်​လိုသေးတယ်​မို့လား။
    သူမက တွေးဆလိုက်​တယ်​။ကေဆီဟာ သူမပြုလုပ်​နေပုံကြောင့်​ရပ်​ပြီးသူမ ဘာလုပ်​နေတယ်​ဆိုတာကိုကြည့်​လိုက်​တယ်​။အိမ်​တော်​ကြီးတခုရဲ့ သခင်​မလေးဟာ မြေကြီးပေါ်မှာလေးဘက်​ထောက်​ပြီး တစုံတခုကို ကြည့်​နေတယ်​။
    သူမ ဘာကိုကြည့်​နေတယ်​ဆိုတာကို ထပ်​ကြည့်​လိုက်​တဲ့ အခါမှာတော့ လှိုဏ်​ခေါင်းသဖွယ်​ဖြစ်​နေတဲ့ အခေါင်းပေါက်​တခုကို တွေ့လိုက်​ရတယ်​။ဒါက ဘယ်​သူ့အတွက်​မဆို သေးလွန်းတယ်​။
     ဒါပေမယ့်​....ဖြစ်​နိုင်​တာက
   သူ့အတွေးမဆုံးခင်​မှာဘဲ ထိတ်​လန့်​စရာဖြစ်​လာတယ်​။သူမက တွင်းထဲကို ရုတ်​တရက်​တွားသွားဝင်​သွားတယ်​။
   သူက သူ့အသံကို မြှင့်​ပြီး ခေါ်လိုက်​တယ်​။"အေဒီရာ"ဒါပေမယ့်​သူမက ကြားပုံးမပေါ်ဘဲ ရှေ့ကိုပဲ ဆက်​သွားနေတယ်​။
    "အေဒီရာ....shit"သူက ဆဲဆိုမိသွာပြီး အခေါင်းပေါက်​ထဲကို ၀င်​ဖို့ကြိုးစားလိုက်​တယ်​။ဒါက သူမ တစ်​ယောက်​စာအတွက်​ကွက်​တိလုပ်​ထားသလိုမျိုး သူဝင်​လို့မရခဲ့ဘူး။
    သူက အမြန်​ပြေးပြီး တခြားမိန်းကလေးနှစ်​ယောက်​ကို သွားခေါ်လိုက်​တယ်​။သူတို့ကတော့ ဆန့်​နိုင်​ကောင်းပါရဲ့။
   ဒါပေမယ့်​သူက ကြောင်​တောင်​တောင်​ဖြစ်​နေတဲ့ မိန်းခလေးနှစ်​ယောက်​နဲ့အတူ ပြန်​လာတဲ့အချိန်​မှာတော့ ထိုအခေါင်းပေါက်​က မှော်​ဆန်​စွာဘဲ ပျောက်​ဆုံးနေခဲ့တယ်​။
   ကေဆီမီရာအနေနဲ့ ထိုနေရာက မှန်​တယ်​ဆိုတာ သေချာတယ်​။သူက အရေးကြီးတဲ့အရာတွေကို ဘယ်​တော့မှ မမေ့တတ်​ဘူး။ဒါပေမယ့်​အခေါင်းပေါက်​က မရှိတော့ဘူး။ဒါက အစကတည်းက မရှိခဲ့အရာ ဆိုရင်​ရော။
   Dam.mit!တစုံတခုက အေဒီရာကို ဝါးမျိုသွားတယ်​။
    
    
 

    
 

She become a passive villainess-not(trans)Where stories live. Discover now