Thanks for treat

804 113 2
                                    

Thanks for treat

"အရှင်မင်းသား ကျွန်တော်မျိုး မလုပ်ခဲ့ရပါဘူး။ကျွန်တော့်အသက်ကိုရင်းပြီး ကျိန်ဆိုရဲပါတယ်။ကျွန်တော်မျိုး သခင်မလေးရဲ့ စားစရာသောက်စရာထဲ ဘာဆိုဘာမှ မထည့်ခဲ့ပါဘူး။ကျွန်တော်မျိုး သူမကို မနှစ်သက်ပေမယ့် အရှင်မင်းသားရဲ့ကြင်ယာတော်တစ်ယောက်ဖြစ်ပြီး တော်ဝင်မျိုးနွယ်ဖြစ်သူကို ထိခိုက်မိစေဖို့ ဘာမှလုပ်မှာ မဟုတ်ပါဘူး"
လီယွန်ဟာ ကေဆီမီရာ့စွပ်စွဲချက်ကို ငိုယိုဖြေရှင်းလာလေတယ်။
"ဒါပေမယ့် အရှင်မင်းသား အရှင်တကယ်ပဲ သခင်မလေးအေဒီရာပြောသမျှကို ယုံကြည်ရတာပါလဲ။အရှင် သူမကို သံသယဖြစ်ဖူးရဲ့လား။ဘယ်လိုများ သူမက ကျွန်တော်မျိုးအပေါ် သံသယထားနိုင်ရတာလဲ။ကျွန်တော်မျိုးက အရှင်မရှိချိန် သူမကို အဖော်လုပ်ပေးရုံပါပဲ။သူမက တခြားသူတွေအပေါ် ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ အရှင်သိရဲ့လား။သူမက သူတို့ကို ထိခိုက်အနာတရဖြစ်စေခဲ့တယ်။သခင်မလေး လက်တီဖိုလီရာရဲ့ ဒဏ်ရာက ဒါတွေရဲ့သက်သေပါပဲ"
လီယွန်ဟာ သစ္စာဖောက်ခံရသလိုခံစားရပြီး မင်းသားရဲ့သူ့အပေါ်မယုံကြည်မှုကြောင့် စိတ်ထိခိုက်သွားရတယ်။သူ့အနေနဲ့ မင်းသားက စေ့စပ်သေချာသူ၊ခံစားချက်တွေကို သူ့အလုပ်တွေမှာ မလွှမ်းမိုးစေသူအဖြစ် ယုံကြည်ထားခဲ့တာ။ဒါပေမယ့် အခုပဲ သူယုံကြည်တာမှားကြောင်း သက်သေပြနေလေပြီ။
ကေဆီမီရာကတော့ တော်ဝင်အဆင့်မြင့်တွေနဲ့ သာမာန်လူတွေအမြင်မှာ အေဒီရာရဲ့ဂုဏ်သိက္ခာကို ပျက်ဆီးအောင် ဆွပေးနေသော တစ်စုံတစ်ယောက်ကြောင့်ဖြစ်တည်လာသော လီယွန်ရဲ့အခြေမဲ့တဲ့ စကားတွေကြောင့် ဒေါသတို့ဆူပွက်လာခဲ့တယ်။
"အေဒီရာက ဘယ်တုန်းကမှ မင်းကို သံသယမဝင်ခဲ့ဖူးဘူး လီယွန်။ပြီးတော့ လက်တီဖိုလီရာရဲ့ဒဏ်ရာနဲ့ပတ်သတ်ပြီး ဒါဟာ အေဒီရာလုပ်ခဲ့တာ မဟုတ်ဘူးဆိုတာ ငါသက်သေပြနိုင်တယ်။ငါတို့ သူမကို နောက်ဆုံးတွေ့တဲ့အချိန်ထိ ငါနဲ့အေဒီရာဟာ အတူတူရှိနေခဲ့တာ။အဲ့အချိန်မှာ သူမက ဒဏ်ရာကင်းမဲ့ပြီး ကောင်းကောင်းမွန်မွန်ရှိနေခဲ့ပြီးသား။ဒါကြောင့် မင်း ဘယ်သူ့ကို စွတ်စွဲပြောဆိုနေတယ် သတိပြုပါ လီယွန်"
ကေဆီမီရာဟာ အစက လိုရင်းတိုရှင်းနဲ့ အတိုချုပ်ပြောမယ် စဉ်းစာထားသော်လည်း တခြားသူတွေရဲ့ အတင်းအဖျင်းတွေအောက်မှာ ပိတ်မိနေတဲ့လီယွန်ကို ထပ်ပြီး ပြောဖို့ လိုနေတယ်လို့ ခံစားလိုက်ရတယ်။
သူဟာ ဘယ်လိုများ သူ့ရှေ့မှာတင် အေဒီရာကို မဟုတ်မမှန် စွပ်စွဲပြောဆိုရဲရသလဲ။
သူ အသက်မရှင်ချင်တော့ဘူးလား
"အဲ့ညက ငါဖြေရှင်းဖို့ နည်းလမ်းသုံးခုတွေးခဲ့တယ်
ပထမ-တစ်ယောက်ယောက်က ဆေးကို သယ်ဆောင်လာတာပဲဖြစ်ရမယ်။ဒါပေမယ့် အားလုံးကို ရှာဖွေပြီးချိန်မှာ ဘယ်သူ့ဆီကမှ ဘာမှ မတွေ့ခဲ့ရဘူး။
ဒုတိယ-ဒီတော့ ငါတွေးခဲ့တာက တရားခံဟာ ဆေးကို သယ်ဆောင်မလာခဲ့ဘူးဆိုရင် သူဘယ်လိုများ အစောင့်အကြပ်တွေမသိဘဲ အထုတ်အသွင်းလုပ်နိုင်မှာတဲ့လဲ။ဖြစ်နိုင်တာက တရားခံဟာ ဆေးကို အမှုန့်အဖြစ်ပြောင်းပြီး နှုတ်ခမ်းမှာသုတ်လိမ်းတာပဲ။ဒါပေမယ့် ရှန်ပိန်သောက်ပြီးချိန်ထိ ဘယ်သူကမှ တုံ့ပြန်မှုပြမလာခဲ့ဘူး
တတိယ-ဒီတော့ ဖြစ်နိုင်ချေက တခုပဲရှိတော့တယ်။ဆေးကို သတ်မှတ်သူဆီ အလွယ်တကူသက်ရောက်နိုင်တဲ့ တစ်နေရာမှာဘဲ သုတ်လိမ်းနိုင်တော့မယ်။အဲဒါက___ လက်ပဲ။ဒါကြောင့် ငါ တယောက်ချင်းစီ လက်ဆွဲနှုတ်ဆက်ခဲ့တာပဲ"
ကေဆီမီရာဟာအဲ့ညက သူတရာခံကို အဆင့်ဆင့်ရှာဖွေခဲ့ပုံကို ရှင်းပြလိုက်တယ်။
လီယွန်ဟာ ခန်းမထဲမှာ ဖြစ်ခဲ့သမျှကို ဖျက်ခနဲသတိရလာပြီး မျက်လုံးတို့ပြူးကျယ်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရတယ်။
တစ်စုံတစ်ယောက်တော့ သူ့ကို အသုံးချသွားခဲ့ပြီ
ဒီအရှုပ်အထွေးတွေရဲ့နောက်ကွယ်ကလူဟာ သူ့ကို အသုံးချသွားခဲ့တယ်။ပြီးတော့ သူကိုယ်တိုင်ကလည်း ငတုံးတယောက်လို အသုံးချခံလိုက်ရတယ်။
အခုတော့ အရာအားလုံး ဆက်စပ်မိသွားပြီ။
သူ အေဒီရာကို နှုတ်ဆက်စကားဆိုချိန်မှာ သူသူမလက်ကို အနမ်းပေးဖို့ကိုင်ခဲ့တယ်။နောက်တော့ မင်းသားနဲ့သခင်မလေး လက်တီုဖိုလီရာ ကနေတာကိုကြည့်ပြီး သူမစိတ်ထိခိုက်မှာ စိုးလို့ သူအချိုမုန့်ယူပေးခဲ့တယ်။သူ သူမကို မနှစ်သက်ပေမယ့် မုန်းလောက်အောင်လည်း မဟုတ်တာကြောင့် အာရုံလွဲအောင် လုပ်ခဲ့ရုံတင်။အဲ့တာပြီးတော့ သူမနှုတ်ခမ်းမှာ ချောကလက်ပေနေတာကြောင့် သူသူမကိုပြောလိုက်တယ်။သူမက အဲ့တာကို သုတ်လိုက်ပြီး သူမလက်ချောင်းတွေပေါ်ကနေစားလိုက်တယ်။ဆေးမှုန့်တွေ ပေသွားနှင့်ပြီဖြစ်တဲ့ လက်ချောင်းတွေနဲ့ပေါ့။
လီယွန်ဟာ ရုတ်တရက်အားအင်တွေ ကုန်ခမ်းသွားသလိုခံစားလိုက်ရတယ်။သူဒူးတွေဟာ ယိုင်ခွေနေပြီး လဲကျတော့မလို့ဖြစ်နေပြီ။
တုံးလိုက်တဲ့ငါ !ဘယ်လောက်တောင်တုံးအရသလဲ! ဒီလိုအသုံးချခံရတဲ့ထိလေ!Damn!
ပြဿနာက အခုမှစတာ။သူ ဒီဆေးမှုန့်ကို ဘယ်မှာ သူ့လက်ထဲပေလာလဲ မသိဘူး။
"ရှင့်တုံ့ပြန်မှုကို ကြည့်ရတာ ရှင်တကယ်ပဲ ကျွန်မကို ထိခိုက်စေဖို့ မရည်ရွယ်ခဲ့ပုံပဲ။ဒါဆို အဆင်ပြေသွားပါပြီလေ"
အေဒီရာဟာ ဒီအရှုပ်အထွေးတွေကြားက သူကိုယ်တိုင်နစ်နာသူမဟုတ်သလို သက်ပြင်းချကာ ဆိုလိုက်တဲ့အခါမှာမှာတော့ နှစ်ယောက်စလုံးဟာ ရှုပ်ထွေးသွားသလို သူမကို ကြည့်လာကြတယ်။လီယွန်ကတော့ သံသယမျက်ဝန်းတွေနဲ့ဖြစ်ပြီး ကေဆီမီရာကတော့အံ့သြနေပုံဖြစ်တယ်။
"ဘာလဲ ဟုတ်တယ်လေ သခင်လေးရေအိုနာက ကျွန်မကို တမင်ထိခိုက်စေတာ မဟုတ်ဘူးဆိုတာဟသိရပြီဆိုတော့ အဆင်ပြေသွားပါပြီ"
အေဒီရာက ထပ်ပြောလိုက်တယ်။
သူမအနေနဲ့ သူမကို လီယွန်ကဆေးခတ်တာလို့သိရချိန်မှာ လန့်သွားခဲ့ရတာ။သူမက ကေဆီမီရာရဲ့အာဏာတည်တန့်မှုအတွက် သူ့ယုံကြည်မှုကို ရယူဖို့ကြံစဉ်နေဆဲမှာဘဲ သူ သူမကို ဒီလောက်ထိလုပ်ရအောင် ဘာများလုပ်မိလို့လဲလို့ တွေးပြီး စိတ်လှုပ်ရှားနေခဲ့ရတာ။
"ကိုယုံကြည်ရတဲ့သူက ကိုယ့်ကို တကယ်သစ္စာမဖောက်ဘူးဆိုတာ သိရတာ ပျော်စရာကောင်းတဲ့အရာပဲ မဟုတ်ဘူးလား။ဒါ ကျွန်မအတွက်တော့ အရေးကြီးဆုံးပဲ"
ကိုယ်တိုင်ခံခဲ့ရတဲ့ အေဒီရာက ဒီလိုပြောနေတာကြောင့် ကေဆီမီရာက ဘာမှထပ်မပြောနိုင်တော့ဘူး။သူမရဲ့ မီးခိုးရောင်မျက်ဝန်းတွေကြားက စိတ်ဆန္ဒတွေကြောင့် သူသက်ပြင်းတချက်သာ ချလိုက်မိတော့တယ်။သူက လီယွန်ကို မတ်တတ်ရပ်ဖို့ရာ အမူအရာပြလိုက်တယ်။
လီယွန်ဟာ သူ့ကို ဘာအပြစ်မှမပေးဘဲ ချမ်းသာခွင့်ပေးမယ်ဆိုတာအတွက် မယုံကြည်နိုင်စွာ မတ်တတ်ရပ်လိုက်တယ်။
ကေဆီမီရာဟာ ထိုင်နေရာကနေ ရပ်လိုက်ပြီး လီယွန်အနားကို လျှောက်သွားလိုက်တယ်။
"သူမရဲ့ပုံစံသစ်ကြောင့် မင်းဆေးအတွက်ကျေးဇူးပါပဲ။ငါမင်းကို မိမိခြင်းကတည်းက ပြောချင်ခဲ့တာ"
ကေဆီမီရာဟာ အေဒီရာမကြားနိုင်လောက်အောင် တိုးတိုးလေး ပြောပြီး သူ့လက်မောင်းတဖက်ကိုဝှေ့ရမ်းလိုက်တဲ့အခါမှာတော့ လီယွန်ဟာ နံရံဘက်ကိုလွင့်ထွက်သွားခဲ့တယ်။
"ဒါက မင်းသူမကို ဆေးခတ်တဲ့အတွက်ပဲ။ထစမ်းးးးရေအိုနာ"
လီယွန်ဟာ နာကျင်မှုကြားကပဲထရပ်လိုက်ရတယ်။သူအနေနဲ့ ဒီမင်းသားရဲ့ဒေါသအောက်မှာမနာခံဘဲ မနေရဲဘူး။
သူထရပ်ပြီးပြီးချင်းမှာဘဲ သူ့ဝမ်းဆီကို လက်သီးတချက် အားပြင်းစွာဝင်ရောက်လာပြီး ပါးစပ်မှသွေးတို့အန်ထွက်ကာ ထပ်လဲကျသွားခဲ့ရတယ်။
"ဒါက သူမကို စွပ်စွဲတဲ့အတွက်ပဲ။ထစမ်းးး"
လီယွန်ဟာ နောက်တကြိမ်တုန်ယီစွာထရပ်ပြီးချိန်မှာဘဲ ပိုကြီးမားတဲ့မျက်နှာပေါ်က ရိုက်ချက်တွေကြောင့် တခြားပစ္စည်းတွေအပေါ်မှာ ထပ်လဲကျသွားရတယ်။
ကေဆီမီရာဟာ သူလဲကျရာဆီကို ခြေလှမ်းတိုင်းတခုစီမှာ အေးစက်မှုအပြည့်နဲ့လျောက်လာပြီး သူ့ကို ကော်လာကနေဆွဲမလိုက်တယ်။
"ဒါက မင်းသူမကို ထိခိုက်စေတာတောင် မင်းအတွက်ကူညီပြောပေးခဲ့တဲ့ အနာဂတ်ရဲ့ဘုရင်မကို သံသယဝင်ခဲ့တာအတွက်ပဲ။မင်းဟာမင်း အသုံးချခံရသည်ဖြစ်စေ တမင်တကာဖြစ်စေ ငါ့အနေနဲ့ဆို မင်းဟာ သေနှင့်ပြီးနေပြီ။သူမက ဒီလို မလုပ်စေချင်ခဲ့တာအတွက် မင်းသူမကို ကျေးဇူးတောင် တင်သင့်သေးတယ်။အဲ့လိုမှမဟုတ်ရင် မင်းဟာ ဒီနေ့အထိ အသက်ရှင်နေမှာမဟုတ်ဘူး။နောက်တကြိမ်သူမကို မထိပါနဲ့"
သူက အေဒီရာမကြားနိုင်စေရန် တိုးတိုးလေးပြောလိုက်ပေမယ့် မျက်ဝန်းတို့ကတော့ ရက်စက်ခြင်းအပြည့်နှင့်ဖြစ်သည်။တကယ်တော့ ဘာပဲနေနေ သူ သူမကို သူ့ရဲ့ရက်စက်ကြမ်းကြုပ်တဲ့အမှောင်ဘက်ခြမ်းကို မပြချင်လေဘူး။
လီယွန်ဟာ နာကျင်စွာ ညည်းညူလိုက်ပြီး သူ့ရဲ့ဒဏ်ရာရသွားတဲ့နေရာတွေကို စစ်ဆေးလိုက်တယ်။သူ့ရဲ့မေးရိုးနဲ့ နံရိုးတွေကို လှုပ်ရှားကြည့်လိုက်ပြီး အပြင်ဒဏ်ရာတွေအပြင် တခြားဒဏ်ရာ ရှိမရှိပါ စစ်ဆေးလိုက်တယ်။သုံးချက်သော ရိုက်ခတ်မှုနဲ့တင် ဒီမင်းသားက သူ့အသက်ကိုနှုတ်ယူသွားနိုင်တယ်။ဒါကပဲ ဒီမင်းသားကို ဘယ်သူမှမကျော်နိုင်ခြင်းရဲ့သက်သေပဲမဟုတ်လား။
ပြီးတော့ ပြောရမယ်ဆို ဒီမင်းသားမှာ နှိပ်စက်တဲ့အတွေ့အကြုံ အများကြီးရှိနှင့်ပြီးသားပဲ။
အေဒီရာကတော့ ကေဆီမီယာ လီယွန်ကို အသိစိတ်မဲ့လုနီးပါးရိုက်နှက်နေတာကို ဒီအတိုင်းပဲကြည့်နေလိုက်တယ်။သူမအနေနဲ့ ဒီလောက်ထိလုပ်ဖို့ မလိုအပ်ဘူးတွေးပေမယ့် သူ့ကို ရပ်တန့်တားဆီးဖို့ စိတ်မကူးလေဘူး။သူမအနေနဲ့ ဒါကို သူ့ဆီမှာဘဲ လွှဲထားဖို့ ဆုံးဖြတ်ထားတယ်။သူမအတွက်ကြောင့် သူလည်း တော်တော်ခံစားခဲ့ရမှာဘဲမဟုတ်လား။
သူမဆေးမိနေချိန် သူမရဲ့ဆွဲဆောင်မှုတွေအောက်မှာ ကေဆီဘယ်လိုတောင်တောင့်ခံခဲ့လဲဆိုတာ မတွေးမိနိုင်အောင်ပဲ။သူမအနေနဲ့ ရှုံးသလိုခံစားရတယ်။
ဟင်းးးးးငါ ငါ့ရဲ့စကေးတွေကို မြှင့်တင်ရမယ်ထင်တယ်
"ထွက်သွားတော့"
ကေဆီမီရာက အေးစက်စွာပြောလိုက်ပြီး အေဒီရာ့ဘေးမှာ ထိုင်လိုက်တယ်။
"ဟုတ်ကဲ့ ခွင့်ပြုပါဦး အရှင်မင်းသား"
လီယွန်ဟာ နှုတ်ဆက်ထွက်ခွာသွားချိန်မှာတော့ အခန်းထဲမှာ သူတို့နှစ်ယောက်သာကျန်နေခဲ့တော့တယ်။
ကေဆီမီရာ အေဒီရာအနားကိုထိုင်ထိုင်ခြင်းမှာဘဲ သူမက ထရပ်လိုက်ကာ ဆန့်ကျင်ဘက်ဆိုဖာပေါ်ကို သွားထိုင်လေတယ်။
"အခု..အရှင့်အလှည့်ပဲ အရှင်မင်းသား"
သူမအပြုံးတွေမှာ မီးတောက်သောရောင်ဝါတွေနဲ့အတူ သူမက ပြောလိုက်တယ်။သူမ ဝီလီယမ်လိုက်လာဖို့ကို ငြင်းဆန်ခဲ့ရတာက ဒါ့ကြောင့်ပဲ။ဒါမှ သူမ ကေဆီမီရာကို သေသေချာချာစစ်ဆေးနိုင်မည်လေ။
ကေဆီမီရာဟာ သူမရဲ့အပြုအမူနဲ့အတူ ရုတ်တရက်ပြေလာသေစကားကြောင့် ရှုပ်ထွေးသွာရလေတယ်။
"အခု ရှင်းပြတော့"
"ရှင်းပြ____?"
"ဟုတ်တယ် အဲ့ညက ရှင်ဘာကြောင့် ကျွန်မအစား အိုင်းရစ်လက်တီဖိုလီရာနဲ့ကခဲ့တယ်ဆိုတာ ကျွန်မကိုအခုရှင်းပြ"
သူမက ပြုံးပြုံးလေးနဲ့ပြောနေပေမယ့် သူမအနားကရောင်ဝါတွေကတော့ အဲ့လိုဟုတ်မနေလေဘူး။ငြင်သာခြင်းမရှိ တောက်လောင်ပူပြင်းနေသော ရောင်ဝါတွေနဲ့ဖြစ်တယ်။
သူ့ရဲ့ရောင်ခြည်တန်းအလင်းလုံးလေးက အခုတော့ နေမင်းကြီးဖြစ်နေလေပြီ။
"အမတ်ငယ်ဘာရွန်လက်တီဖိုလီရာက သူ့သမီးရဲ့အတင်းတွေနဲ့ပတ်သတ်ပြီး ပြောလာခဲ့ပြီး သူ့သမီးအတွက် သတို့သားမရှိတော့မှာကို စိုးရိမ်မိကြောင်း ပြောခဲ့တယ်။သူက ကိုယ့်ကို မင်းနဲ့ကိုယ့်ကြား ပါဝင်ပတ်သတ်မှုအတင်း အဲ့တာတွေနဲ့ပတ်သတ်ပြီး ကူညီဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တယ်။ကိုယ်က မင်းကိုခေါ်မလို့လုပ်ပေမယ့် မင်းက အဖေနဲ့စကားပြောနေဆဲဖြစ်ပြီး သူမကလည်း ကိုယ့်ကိုကပွဲအလယ်ကို ဆွဲခေါ်ပြီးဖြစ်နေခဲ့တယ်။ကိုယ့်အနေနဲ့ ထွက်သွားချင်ခဲ့ပေမယ့် သူမကို အရှက်မခွဲချင်ဘူး။ကိုယ့်လုပ်ရပ်က မင်းကို သက်ရောက်စေနိုင်တယ်လေ။ကိုယ့်အနေနဲ့ မင်းကို တခြားလူတွေက ကိုယ့်ထက်နှိမ့်ကျသူတွေကို အနိုင်ကျင့်တတ်တဲ့ ပိုင်ဆိုင်လိုစိတ်ကြီးမားပြီး သဝန်တိုတတ်တဲ့ကြင်ယာတော်အဖြစ် မမြင်စေချင်ဘူး။
ကိုယ့်အနေနဲ့အဲ့လိုသတင်းတွေဖြန့်တဲ့သူကို ဖမ်းနိုင်ဖို့လည်း စီစဉ်ထားတယ်။ကိုယ့်အနေနဲ့ အစိုးရိမ်ဆုံးက မင်းရဲ့ဂုဏ်သတင်းကျော်ကြားမှုပဲ။ကိုယ့်အနေနဲ့ မင်းတစ်ယောက်တည်းကိုပဲလက်ထပ်မှာဖြစ်တဲ့အတွက် မင်းကို လူတွေက သူတို့ရဲ့အနာဂတ်ဘုရင်မအဖြစ် လက်ခံပြီး ချစ်ခင်လာစေချင်တယ်။ကိုယ့်ဘုရင်မက မင်းတစ်ယောက်တည်းပဲ အေဒီရာ မင်းတစ်ယောက်တည်းပါပဲ"

Damn!ငါသူ့ကို မရှင်းပြခိုင်းသင့်ဘူး။ဒီလောက်စကားအများကြီးပြောရတာ သူမမောဘူးလား။သူနေမကောင်းတာတွေ ဘာတွေတော့ ဖြစ်မနေဘူးမလား။ဝိုးးးးးးးးဒါက သူပြောခဲ့သမျှ အရှည်ကြာဆုံးပဲ။

She become a passive villainess-not(trans)Where stories live. Discover now