အနံ့မွှေးပြီး ချိုမြိန်သော

2.1K 252 1
                                    

    "သခင်မလေး...သခင်မလေး''လီဖာဟာ ထိုကောင်လေးကို ကြည့်ရင်း အေးစက်တောင့်တင်းသွားသော အေဒီရာကို လှုပ်နှိုးလိုက်တယ်။
     သူက နိုင်ငံ့ ဝန်ကြီးတစ်ယောက်ဖြစ်တဲ့ ဒလယ်ဗားရစ် မြို့စားကြီးရဲ့ သားမှန်း သူမမှတ်မိတယ်။ သူမ မှတ်မိတာ မမှားဘူးဆိုရင် ထိုကောင်လေးကို သူမသခင်မနှစ်သက်ခဲ့တယ်မဟုတ်လား။နောက်ပြီး ဒါဟာ သူတို့ရဲ့ ပထဆုံးတွေ့ဆုံခြင်းမှ မဟုတ်တာ။
   ဒါဆို ဘာလို့ သူမက ဖြူဖျော့နေရတာလဲ။
   "အိုး တောင်းပန်ပါတယ် သခင်လေးဒလယ်ဗားရစ်။သင်တို့ ခရီးဝေးကြီးက လာရတာပဲ။ဒါပေမယ့် စိတ်မကောင်းစွာဘဲ ကျွန်မ မိဘတွေဟာ ခရီးတခု ထွက်သွားလို့ သင်တို့ကို လက်ခံတွေ့ဆုံနိုင်ခြင်းမရှိဘူး ဖြစ်နေပါတယ်။
   သူမဟာ သွားကြားထဲကနေ လိမ်ပြောလိုက်တယ်။ အစေခံတွေဟာ သူတိုအလုပ်နေရာ ဝန်းကျင်မှာမို့စားကြီးနဲ့သခင်မကို မတွေ့သ၍ သူတို့ဟာ သူတို့ သခင်မလေးစကားကို ယုံကြည်ကြလိမ့်မယ်။
    သူမ အကူဖြစ်တဲ့ လီဖာကတော့ သူမသခင်မလေးစကားကြောင့် ရှုပ်ထွေးနေတဲ့ အမူအရာနဲ့ သူမကိုကြည့်လာတယ်။ အိမ်တော်ဝိုင်ဟာ ကျယ်ဝန်းသည်မှာ မှန်သည်။သို့သော် ဒီကောင်လေးကသာ သူမညာနေတာကို သိသွားခဲ့ရင် ပြသာနာ ဖြစ်မသွားနိုင်ဘူးလား။မိသားစုနှစ်ခုအကြား ကတောက်တဆ ဖြစ်သွားနိုင်သည် မဟုတ်ပါလား။
    ဒီသခင်မငယ်လေးဟာ ဘာလုပ်ဖို ကြံစည်နေတာလဲ။သူမရဲ့ ဆိုးသွမ်းတဲ့ ဘက်ခြမ်းကို ပြန်ပြနေတာလား။
   ကျေးဇူးပြုပြီး မင်းငါ့နောက်ကနေ ငြိမ်ငြိမ်လေး နေနေသရွေ့ အဆင်ပြေနေမှာပါ။ဒါကြောင့် ပါးစပ်ပိတ်နေပေးပါ။
အေဒီရာဟာ သူမ စိတ်ထဲကနေ ဆုတောင်းနေမိတယ်။
    "အဲ့လိုလား ဒါဆိုရင်တော့ စိတ်မကောင်းစရာပါပဲ။တကယ်တော့ သင့်ရဲ့ မတော်တဆမှုကို ကြားပြီးတော့ မြို့စားမင်းတို့ အိမ်မှာ ရှိနေတယ်လို့ ကြားခဲ့ရတာပဲ''
     သူမ ငါ့ကို အရူးလုပ်နေတာတော့ မဖြစ်နိုင်ဘူးမို့လား။အတွေးတခုက သူ့ခေါင်းထဲမှာ ဝင်ရောက်လာတယ်။
  နောက်တော် သူ့အမူအရာဟာ စိုးရိမ်တဲ့ အမူအရာ ပြောင်းသွားပြီး''ဒါနဲ့ အဆင်ပြေပါရဲ့လား သခင်မလေး အေဒီရာ။ပြုတ်ကျတာ အတော်ပြင်းတယ်လို့ ကျွန်တော် ကြားရပါတယ်။''
      "အဆင်ပြေပါတယ်ရှင်။စိတ်မပူပါနဲ့ ။ဒဏ်ရာအနည်းငယ် ရသွားရုံပါပဲ။ခု ကျွန်မအတော်လေး ကျန်းမာနေပါပြီ။''သူမက ပြန်ဖြေလိုက်တယ်။လူမှုဆက်ဆံရေးမှာ အတော်ကျွမ်းဝင်စွာ နေထိုင်နိုင်တဲ့ အမျိုးသမီး တယောက်ပုံစံမျိုး သူမမှာရှိနေတယ်။
   "ဒါဟာ အကောင်းဆုံး သတင်းပါပဲဗျာ''အဖြေကို ကြားပြီး စိတ်ချသွားရတဲ့ ပုံစံမျိုးနဲ့ သူက ပြန်ပြောလာတယ်။
     "ကဲ မြို့စားမင်းတို့ မရှိမှတော့ ဒီနေ့တော့ ထားလိုက်ပါတော့လေ။သခင်မလေးနဲ့အနေနဲ့ ဒီစေ့စပ်ကြောင်းလမ်းမှု ကိစ္စကို စဉ်းစားပေးရင် ကောင်းမှာပါပဲ။နောက်တခါ ပြန်လာတဲ့အခါ အသင့်ဆီက သတင်းကောင်း မျှော်လင့်နေပါ့မယ်''
     သူဟာ ချက်ချင်းပဲ အထိန်းတော်ကို ခေါ်ပြီး သူ့လက်ထဲက သေတ္တာဘူးကို ယူပြီး အေဒီရာကို ကမ်းပေးလိုက်တယ်။
   "ကျတော်က သခင်မလေးအတွက် ဘာပေးရင် သင့်တော်မယ် မသိခဲ့ဘူး။ဒါပေမယ့် သခင်မလေးက လက်ဖက်ရည်ကို နှစ်ခြိုက်တယ်လို့ ကြားရပါတယ်။ဒါကြောင့် ဒါက ကျတော်ဆီက လက်ဆောင်သေးသေးလေးပါ။ကျေးဇူးပြုပြီး လက်ခံပါခင်ဗျာ။''
   အေဒီရာဟာ သူမ အမိန့်ကို စောင့်နေတဲ့ အေဒီရာကို ခေါင်းငြိမ့်ပြလိုက်တယ်။လီဖာဟာ ရှေ့ထွက်၍ သေတ္တာကိုယူကာ သူမ သခင်မလေးကို ပေးလိုက်တယ်။အေဒီရာဟာ လက်ဆောင်တွေကို ဖွင့်ကြည့်လိုက်တဲ့အခါ သူမအကြိုက်ဆုံး ခယ်လ်မိုလလ် ကလွဲပြီး လက်ဖက်ရည် အမျိုးအစားမျိုးစုံကို တွေ့လိုက်ရတယ်။သူမဟာ လှောင်ရိပ်သန်းချင်စိတ်ကို ထိန်းလိုက်ပြီး ထရီတန်ကို ပြုံးပြလိုက်တယ်။
     "လက်ဆောင်တွေ အတွက်ကျေးဇူးတင်ပါတယ် သခင်လေး ထရီတန်။ငါနှစ်သက်ပါတယ်။သင့်ရဲ့ အပြန်ခရီးလမ်းမှာ ချောမွေ့ပါစေ။လီဖာ.. သူတို့ကို လိုက်ပို့ပေးလိုက်ပါ။''
  ထရီတန်ဟာ အေဒီရာမျက်နှာပေါ်က အပြုံးကြောင့် စိတ်ချမ်းသာသွားပြီး အေဒီရာကိုနှုတ်ဆက်ကာ လီဖာနောက်ကနေ လိုက်သွားလိုက်ကြတယ်။
  သူတို့ထွက်သွားတဲ့အခါ အေဒီရာဟာ အစေခံတွေထဲက တစ်ယောက်ကို သူမအနားလာဖို့ အမူအရာ ပြလိုက်တယ်။အခေါ်ခံရသော အစေခံမလေးကတော့ ကြောက်စိတ်ကြောင့် တုန်နေပြီဖြစ်တယ်။
    "ဟုတ်..ဟုတ်ကဲ့ သခင်မလေး''ခုချိန် သူအအလုပ်ချင်ဆုံး အရာကတော့ သူမ ဘာလုပ်မိမှန်းမသိပေမယ့် သခင်မလေးဆီက အပြစ်ပေးတာ မခံရဖို့အွက် တောင်းပန်ချင်တာပဲ ဖြစ်တယ်။
   အေဒီရာဟာ အညင်သာ အနူးညံ့ဆုံးအသံနဲ့ မေးလိုက်တယ်။''ခရီနာ ဟုတ်တယ်မဟုတ်လား။ငါမင်းကို ရီနာလို့် ခေါ်လို့ရမလား''
    သူမသခင်မလေးဟာ သူမနာမည်ကို မှတ်မိနေတာကြောင့် အစေံခံလေးဟာ အံ့သြပြီး စိတ်လှုပ်ရှားစွာနဲ့ ပြန်ဖြေလာတယ်။''ဟုတ်...ဟုတ်ကဲ့ ရတာပေါ့ သခင်မလေး''
   "ဒါတွေကို ယူပြီးတခြားအစေခံတွေနဲ့ မျှဝေယူလိုက်ပါ''အေဒီရာဟာ လက်ဖက်သေတ္တာကို အစေခံမလေးဆီကို ပေးလိုက်တယ်။
  "ဒါပေမယ့် သခင်မလေး ဒါက သခင်ငယ်လေးက သခင်မလေးအတွက်ပေးထားတာ မဟုတ်ဘူးလား။''သူမက ဂရုတစိုက်နဲ့ ပြန်မေးလိုက်တယ်။တစ်စုံတယောက်က ပေးတဲ့လက်ဆောင်ကို သူထွက်သွားသွားချင်းမှာ အခြားသူကို ပေးတယ်ဆိုတာ မသင့်တော်ဘူး မဟုတ်လား။
    သူမရဲ့ အရင်ဘဝမှာရော အခုဘဝမှာရော သူမအကြောင်းကို သိဖို့ မကြိုးစားတဲ့သူ့ကို တွေးမိပြီး အေဒီရာဟာ ပြုံးလိုက်မိတယ်။''မင်း ငါ့အကြောင်းကို သိပါတယ်။ငါ ဒါတွေကို မကြိုက်ဘူး။ ခယ်လ်မိုလလ် က ငါ့အတွက် အကောင်းဆုံးပဲ''
   အစေခံမလေးဟာ မရှင်းသေးဘူးဖြစ်နေပေမယ့်လည်း ဘာမှထပ်မပြောတော့ဘဲ သေတ္တာကို ယူလိုက်တယ်။လက်ဖက်တွေ အကုန်လုံးဟာ ဈေးကြီးပြီး ရှာရခက်တယ်။အာဏာနဲ့ လွှမ်းမိုးမှုကို ဖော်ပြနိုင်တဲ့ အရာတွေဖြစ်တယ်။ဒါပေမယ့် သခင်မလေးက ဒါတွေထပ် ခယ်လ်မိုလလ် ကို ပိုကြိုက်သည်တဲ့။
   "သခင်မလေးက လီဖာ နှပ်ပေးတဲ့ ခယ်လ်မိုလလ် ကို ဒီလောက်တောင် ကြိုက်တာလား''ဒီဈေးကြီးတာတွေထပ် ခယ်လ်မိုလလ် ကိုရွေးတဲ့အကြောင်းကို သိချင်ဇောနဲ့ အတင့်ရဲပြီးမေးလိုက်တယ်။
   အေဒီရာဟာ ရုတ်တရက် ရယ်လိုက်တယ်။နတ်သမီးတွေရဲ့ ရယ်သံလိုမျိုး ခေါင်းလောင်းသံတွေလိုမျိုး နားဝင်ချိုစွာ အစေခံတွေရဲ့ နားထဲကို ဝင်ရောက်လာတယ်။
"မှန်တယ်။ ငါက မင်းတို့ကို ကိုယ်တိုင်နှပ်ထားတဲ့ လက်ဖက်ရည်တွေကို ပိုကြိုက်တယ်။''
   နတ်..နတ်သမီးပဲ။သခင်မငယ်လေးဟာ နတ်သမီးငယ်လေးပဲ။
အစေခံတွေဟာ သူတို့သခင်မလေးရဲ့ ပြောင်းလဲသွားတဲ့ပုံစံကြောင့် သူတို့ သခင်မလေးတွေအပေါ်မှာ ချစ်စိတ်တွေ ပျော်ဝင်လာတော့တယ်။
   "ဒါဆို ကျမတို့ ကြိုးစားပြီး သခင်မလေး အရသာတွေ့အောင် လုပ်ပေးမှာပါ။''ရီနာက ဆိုလာတယ်။
  "ကျမတို့လည်း သခင်မလေး အရသာတွေ့အောင် နှပ်နည်းအသစ်တွေ ကြိုးစားပြီး လုပ်မှာပါ''တခြားအစေခံမလေးကလည်း ပြောလာတယ်။နောက်ဆုံးတော့ သူတို့ဟာ ဘယ်လို လက်ဖက်ရည်မျိုး လုပ်မယ်ဆိုတာကို သူတို့အချင်းချင်း ဆွေးနွေးနေကြပါရော။ရီနာဟာ အေဒီရာကို သူမနှစ်သက်တဲ့ အရသာမျိုးရှိပါသလားလို့ မေးလာတယ်။ကျန်တဲ့သူတွေဟာလည်း အဖြေကို သိချင်စိတ်ကြောင့် ရပ်နေကြတယ်။
    အမှန်တကယ် သူမရဲ့ အရင်ဘဝမှာ ထရီတန်ဟာ ကော်ဖီကို ကြိုက်နှစ်သက်ကြောင်း ပြောတဲ့ချိန်ကစလို့ လက်ဖက်ရည်ကို ဖြတ်ခဲ့တယ်။သူ့အကြိုက်ကို လိုက်လုပ်နိုင်ဖို့ရာ ပြင်းရှတဲ့အနံ့နဲ့ အရသာကို သည်းခံပြီး ကော်ဖီကို သောက်ခဲ့ရတယ်။
   "ငါက အနံ့မွှေးပြီး ချိုတဲ့ အရသာမျိုးကိုကြိုက်တယ်''
  သူတို့သခင်မလေးရဲ့ တောင်းဆိုချက်ကြောင့် သူတို့ဟာ ထပ်ပြီး ခေါင်းဆိုင် ဆွေးနွေး နေကြပြန်တယ်။အေဒီရာဟာလည်း သူတို့ကို ပြုံးပြီး ကြည့်နေခဲ့တယ်။
    သူမ သူတို့ကို ပိုပြီး ဂရုစိုက်ရမယ်။သူမကြောင့်ထပ်ပြီး သူတို့တွေ မခံစားစေရဘူး။
  "သခင်မလေး''လီဖာဟာ ဆူညံနေတဲ့အစေခံတွေကို ပြုံးပြီးကြည့်နေတဲ့ သခင်မလေးကို ခေါ်လိုက်တယ်။
  သူမက ပြုံးနေတယ်။သာမန်ကလေး တစ်ယောက်လိုမျိုး။
  အေဒီရာဟာ သူမဘက်ကို လှည့်ကြည့်လာတဲ့ခါမှတော့ သူမက မေးလိုက်တယ်။''ဘာလို့ သခင်ကြီးတို့ မရှိဘူးလို့ ညာလိုက်ရတာလဲ''
     "အမ်...ငါ သူနဲ့ ထပ်ပြီး ချုပ်နှောင်မထားခံရချင်ရုံပါပဲ''
     ထပ်ပြီး?
    "သခင်လေး ဒလယ်ဗားရစ်က ဘာဖြစ်လို့လဲ သခင်မလေး။သူ့ကို မနှစ်သက်ဘူးလား။''
  အေဒီရာဟာ ထိုင်ခုံပေါ်က ထလိုက်ပြီး ဆူညံနေတဲ့ အစေခံတွေကို ဖြတ်ပြီး အခန်းထဲက ထွက်လာလိုက်တယ်။ပြီးတော့ သူမနောက်မှာ ရှိတဲ့ လီဖာကို နူးညံ့တဲ့ အသံလေးနဲ့ ရေရွတ်လိုက်တယ်။
    "ငါလုပ်ပြီးသွားခဲ့ပြီ။ငါတို့ကြားမှာရှိတဲ့ အရာကမကောင်းဘူး။ဒီလိုမျိုး နောက်တခါ ရင်မဆိုင်ရဖို့ မျှော်လင့်မိတာပါပဲ။''

She become a passive villainess-not(trans)Where stories live. Discover now