The One Meant to lead

805 132 3
                                    

     The one meant to lead

        အေဒီရာဟာ ထောင့်လေးမှာဘဲ ထိုင်နေရင်း လီယွန်ဟာ သိပ်စကားမပြောတာကို သတိထားမိတယ်။သူက စကားပြောရတာ မကြိုက်တဲ့သူပဲဟု သူမမှတ်ယူထားလိုက်သည်။
        နူးညံ့ပြီး ခပ်မြူးမြူးသီချင်းသံဟာ ခန်းမထဲမှာ ပျံ့လွန့်လာခဲ့တယ်။
       အာ ကခုန်ရမယ့်အချိန်ပဲ
       အေဒီရာဟာ ကေဆီမီရာအနေနဲ့ တွဲကဖော်လိုနေမည်ဖြစ်တာကို တွေးလိုက်မိပြီး သူ့ဆီသွားဖို့ ထရပ်လိုက်တယ်။ဒါပေမယ့် သူမ သူ့ကိုမြင်လိုက်တဲ့အချိန်မှာတော့ သူက ကပွဲအလယ်မှာ အိုင်းရစ်လက်ကိုတွဲကာ ကဖို့ရောက်နှင့်နေပြီးဖြစ်နေခဲ့တယ်။
       လီယွန်ဟာ သူမရဲ့ ရပ်တန့်သွားမှုကြောင့် သူပါရပ်ပြီးကြည့်လိုက်တဲ့အခါမှာတော့ ဒီအခြေအနေကိုတွေ့သွားတယ်။သူက သူ့ခေါင်းကို မြန်မြန်အလုပ်ပေးလိုက်ပြီး သူမစိတ်အခြေအနေကိုကောင်းမွန်စေနိုင်မည့်တစုံတခုကို စဉ်းစားလိုက်ပြီး နောက်တော့ သူဟာ စားသောက်စင်ကနေ အချိုမုန့်မျိုးစုံကို သွားယူလိုက်တယ်။
       အေဒီရာဟာ သူမနေရာမှာ ရပ်နေပြီး ကေဆီတို့ကို ကြည့်နေလိုက်တယ်။
       ကြည့်ရတာ ဘယ်ဘဝမှာဘဲဖြစ်ဖြစ် ငါက တုတ်ချောင်းအတိုကိုပဲ ရနေမြဲပါလား။
        သူတို့က လိုက်ဖက်နေကြတယ်။ဒါပေမယ့် အိုင်းရစ်ကပဲ တကယ့် ဇာတ်လိုက် တကယ့် တိုင်းပြည်ဦးဆောင်သူ ဖြစ်ခဲ့တာ မင်းသားရဲ့။
       သူမတွေးနေဆဲမှာ သူမပခုံးကို ထိတွေ့လာမှုကြောင့် လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ နေရက်ခက်စွာနဲ့ ရှက်ရွံ့နေသောမျက်နှာနဲ့လီယွန်ဟာ သူမကို အချိုမုန့်ပန်းကန်ကို ကမ်းပေးလာတယ်။
             "စားလိုက်ပါ။အချိုစားတာက စိတ်ကို ပျော်ရွှင်စေတယ် သခင်မလေး"
        ကိတ်မုန့်ပေါ်ကနေ တစ်စိမ့်စိမ့်စီးကျနေတဲ့ ချောကလက်ရည်တွေက သူမစိတ်အာရုံကို ယူသွားနိုင်ခဲ့တယ်။
               "ကျေးဇူးပါ သခင်လေး"
         စကားနည်းကာ တည့်တို့ဆန်လှပေမယ့် လီယွန်ဟာ သူမအား ဂရုတစိုက်ရှိတာကိုတော့ သူမခံစားမိသည်။
         သူမဟာ ပန်းကန်ကို သူ့လက်ထဲကနေယူလိုက်ပြီး မုန့်အပေါ်မှာဘဲ အာရုံကို အလုံးစုံပို့ထားလိုက်တော့တယ်။သူမစားနေရင်းနဲ့ နှုတ်ခမ်းဖျားမှာ ပေသွားသော ချောကလက်တွေကိုလည်း လက်နဲ့သုတ်ပြီး စားလိုက်တယ်။
         တကယ်ကို ချောကလက်က သူမရဲ့ စိတ်ချမ်းမြေ့မှုလေးပဲ။
              "လက်ဖက်ရည် သောက်လိုက်ပါဦး သခင်မလေး။အီတာတွေ လျော့သွားတာပေါ့"
         အေဒီရာဟာ သူ့ရဲ့ ဂရုစိုက်မှုကြောင့် ပြုံးလိုက်မိတယ်။သူဟာ တကယ်ကို လီဖာလိုမျိုးပဲ။
               "ကျေးဇူးပါပဲ"
        သူမဟာ ဒီလိုနဲ့ ကေဆီတို့ကို ကြည့်နေရင်းမှာဘဲ သူမခေါင်းထဲက မူးဝေမှုနဲ့အတူ သူမနှလုံးသားဆီကထိုးတက်လာတဲ့ ပူလောင်မှုတွေကို ခံစားလိုက်ရတယ်။
        သူမဟာ သူမရင်ဘက်ကို လက်နဲ့ဖိလိုက်မိရင်း ခန္ဓာကိုယ်ဟာ ယိုင်နဲ့သွားခဲ့တယ်။
               "သခင်မလေး!"
         သူမရဲ့ အပြုအမူကြောင့် လီယွန်ဟာဟသူမကို ကူညီဖို့ လက်လှမ်းလိုက်ပေမယ့် သူမကို မထိရသေးခင်မှာဘဲ သူမက သူ့လက်ကို ဖယ်ထုတ်လိုက်တယ်။
                "ကျွန်မ အ....ဆင်ပြေမှာပါ...သခင်လေး ရေအိုနာ..ကျေးဇူးပြုပြီး...ကျွန်...ကျွန်မကို ခွင့်..... ခွင့်ပြုပါဦး"
       သူမဟာ အသက်ရှုသံ ပြင်းပြင်းနဲ့ ပြောလိုက်တယ်။
       သူမ ထရပ်လိုက်တဲ့အချိန်မှာ ယိုင်ထိုးသွားတာကြောင့် လီယွန်ဟာ သူမကို ထပ်ပြီး ကူညီဖို့ လက်လှမ်းလိုက်တယ်။ဒါပေမယ့် သူမက သူ့ကို စူးရှုတဲ့ အကြည့်တွေနဲ့ ကြည့်ကာ ထပ်ပြီး ဖယ်ထုတ်လိုက်တယ်။
         သူမရဲ့ အသက်ရှုသံတွေဟာ ပြင်းလွန်းနေပြီး ဖြူလျော့နေတဲ့ မျက်နှာနဲ့ သူမဟာ ဒီကပွဲဆီကနေ ထွက်ဖို့လုပ်လိုက်တယ်။ဒါပေမယ့် သူမဟာ သူမကို ဖိတ်ခေါ်နိုင်ဖို့ သခင်လေးရဲ့ စောင့်ကြည့်နေမှုအောက်နေ ထွက်လာတဲ့အချိန်ကို စော    င့်နေကြသော လူတွေဆီမှာ ပိတ်မိသွားတယ် ။
             "သခင်မလေး ဆလယ်ဗားရစ် ကျွန်တော်......."
              "သခင်မလေး ဆလယ်ဗားရစ် ကျွန်တော်နဲ့...."
               "သခင်မလေး......"
               "သခင်မလေး ဆလယ်ဗားရစ်........"
     သူတို့ရဲ့ စုပြုံပြောနေကြတဲ့အသံတွေဟာ သူမနားထဲကို အစုလိုက်ဝင်ရောက်လာပြီး သူမကို ပို၍ မွန်းကျပ်လာစေတယ်။
             "အား လုံးပဲ...ကျွန်မ အပြင်မှာ လုပ်...လုပ်စရာရဇိနေသေလို့..ကျေးဇူးပြုပြီး  ခွင့်..ခွင့်ပြုပါဦး"
       လူအားလုံးဟာ သုမရဲ့ ဆွဲဆောင်မှုပြင်းလှတဲ့ အသံနဲ့ အနီးကပ်အလှတရားကြောင့် မိန်းမောသွားကြတယ်။
        သူတို့ ခုလိုဖြစ်နေချိန်ကို အခွင့်ကောင်းယူကာ အေဒီရာဟာ သူတို့ကြားကနေ ထွက်လာလိုက်တယ်။
        ခုလိုချိန်မှာ သူမ အားလုံးနဲ့ ဝေးဝေးမှာ နေရမယ်။
        အဲ့ဆေး ဒါက အဲ့ဆေး ကာမအားတိုးဆေး ပဲ ဟုတ်တယ်
      သူမဟာ သူမခန္ဓာကိုယ်အတွင်းက သေတော့မတတ် ပူလောင်မှုတွေကြောင့် သူမကို အေးစေနိုင်မည့် တစုံတခုကို ရှာဖွေရင်း လျှောက်လာလိုက်တယ်။
           တစုံတခု ငါ့ဆန္ဒတွေကို ဖြည့်တည်းပေးနိုင်မယ့် တစုံတယောက်.. ဟုတ်တယ်..ကေဆီ..ကေဆီကတော့ ကူညီနိုင်မှာပဲ
       သူမဟာ ကျောက်တိုင်တွေကို အမှိသဟဲပြုရင်း ယိုင်ထိုးစွာ ရှေ့ဆက်သွားဖို့ လုပ်လိုက်တယ်။သူမ ပူလောင်နေပြီး သူမကို အေးစေနိုင်မဘ့် တစုံတရာ ဒါမှမဟုတ် သုမရဲ့ အမှောင်ဆန္ဒကို ငြိမ်းအေးစေနိုင်မယ့် တစုံတယောက်ကို လိုအပ်တယ်။
       သူမဟာ ယိုင်ထိုးစွာနဲ့ မိနစ်အနည်းငယ် လျှောက်ပြီးချိန်မှာတော့ ရှေ့ဆက်ဖို့ လုပ်စဉ်မှာဘဲ တစုံတယောက်နဲ့ တိုက်မိကာ ဒူးညွှတ်ကျသွားတယ်။
             "အေဒီရာ!"
       ကံကောင်းစွာနဲ့ ထရီတန်ဟာ အချိန်မှီ သူ့လက်တွေနဲ့ ထူလိုက်တယ်။   
            "ကူညီပါ..ပူတယ်...ကေ..ကေဆီကို ခေါ်ပေးပါ  ကျေး...ကျေးဇူးပြုပြီး"
       သူမက သုမကို ဖမ်းမိလိုက်သူကို အကူအညီတောင်းလိုက်တယ်။
              "မင်း တကိုယ်လုံး ပူချစ်နေတာပဲ။ဘာဖြစ်ခဲ့တာလဲ"
        ထရီတန်ဟာ သတိအနေအထားဖြစ်သွားပြီး မေးလိုက်တယ်။
        သူမက ပူချစ်နေတာပဲ။
         သူမ ဖျားနေတာလား။
                "အာ. ထရီတန် ရှင်ပဲကိုး..ကျွန်မ ချစ်ရသူလေး...ဘာကြောင့် သူမကိုလဲ။ဘာလို့ သူမကိုမှ ရွေးခဲ့ရတာလဲ။"
        ဆေးအရှိန်ကြောင့် သူမ ခေါင်းတခုလုံးဟာ မူးဝေနေအြီး သူမစိတ်တွေဟာ အရင်ဘဝဆီကို ရောက်သွားလေတယ်။သုမစိတ်တွေဟာ အရင်ဘဝဆီက အိုင်းရစ်နဲ့ သူ့ကို တွေ့ခဲ့တာဆီကို ရောက်သွားခဲ့တယ်။
             "မင်း ဘာပြောလိုက်တာလဲ။ကိုယ်ဘယ်သူ့ကို ရွေးချယ်ခဲ့လို့လဲ"
              "အင်ပါယာမှာ အနူးညံ့ဆုံးအမျိုးသမီး ရှင်ချစ်ရတဲ့ တဦးတည်းသောမိန်းကလေး အိုင်းရစ် လက်တီဖိုလီရာပေါ့"
               "အဓိပ္ပယ်မရှိတာ။ကိုယ် တခါမှ သူမကို မချစ်ခဲ့ပါဘူး။ကိုယ့်တို့ကြားမှာ ဘာမှ မရှိကြောင့် မင်းကို ပြောခဲ့ဖူးသားပဲ။ကိုယ်သူမကို မရွေးဘူး။ကိုယ် မင်းကိုပဲ ရွေးချယ်ခဲ့တာ အေဒီရာ။ကိုယ်မင်းကို အမြဲချစ်နေခဲ့တာ။ဒါပေမယ့် မင်းဘဲ တခြားတယောက်ကို ရွေးချယ်ခဲ့တာ"
        အခြေအနေ အချိန်အခါတွေကြောင့် မပြောဖြစ်ခဲ့သောစကားတွေကို ထရီတန်ဟာ ဖွင့်ဟ ဝန်ခံလိုက်တယ် ။
      အလွန်ဝမ်းနည်းကြေကွဲပြီး နာကျင်ရတဲ့ မျက်နှာနဲ့ အေဒီရာဟာ ထပ်ပြောလိုက်တယ်။
           "ရှင်သာ ကျွန်မကို အစကတည်းက ငြင်းခဲ့ရင်"
         ရှင် ကျွန်မကို သတ်ခဲ့တယ်။
         ငါ ဘာတွေ ပြောနေမိပါလိမ့်။အားးး ဆေးက ငါ့စိတ်ကို ရှုပ်ထွေးစေနေတာပဲ။
        အေဒီရာဟာ ထရီတန်ကို ရုတ်ရက်ဆန်စွာဘဲ တွန်းထုတ်လိုက်ပြီး တောင်းပန်စကားဆိုလိုက်တယ်။
            "ကျွန်မတောင်းပန်ပါတယ်။ကျွန်မ ဂရုမပြုမိဘဲ ပေါက်ကရတွေ ပြောမိသွားတယ် သခင်လေး ဒလယ်ဗားရစ်"
            "ထရီတန် ..ကိုယ့်ကို ထရီတန်လို့ပဲ ခေါ်ပါ။နောက်ပြီး ဒါတွေ ပေါက်ကရစကားတွေလို့ ကိုယ်မခံစားမိဘူး"
            "ကျေးဇူးပြုပြီး   ရှင်မြင်တဲ့ အတိုင်းပဲ ကျွန်မ သိပ်နေလို့ မကောင်းဘူး။ပြီးတော့..အမ်..ကျွန်မကို ခွင့်ပြုပါဦး"
      အေဒီရာဟာ ပြောပြီးတာနဲ့ သု့ကို ချန်ထားခဲ့လိုက်ပြီး ထွက်လာလိုက်တယ်။
       သူ့ကို ကျော်လာပြီး ဥယာဉ်ထဲက ရေပန်းဆီကို ရောက်သွားချိန်မှာတော့ အေဒီရာဟာ နှစ်ခါ စဉ်းစားမနေတော့ဘဲ ရေတွေအောက်ကို ဝင်နေလိုက်တယ်။
       အေဒီရာရဲ့ နောက်ကို လိုက်လာတဲ့ ထရီတန်ဟာ ရေတွေထဲမှာ သူမလေးကို မြင်လိုက်ရပြီး ထိတ်လန့်သွားတယ်။
             "Shit!မင်းကိုယ်မင်း အေးခဲပြီး သေအောင်လုပ်နေတာလား"
       သူက ပြောလိုက်ပြီး ရေထဲက သူမကို ဆွဲထူဖို့ လုပ်လိုက်တယ်။
             သူမက သူ့ကို မျှော်လင့်ချက်အကြည့်နဲ့ကြည့်လာပြီး သူ့ကို မြင်လိုက်တဲ့အချိန်မှာတော့ စိတ်ပျက်သွားသလိုဖြစ်သွားခဲ့တယ်။
             "ကျွန်မ အဆင်ပြေပါတယ် သခင်လေး ဒလယ်ဗားရစ်။ဒီလိုလုပ်တာက အပူငြိမ်းစေလို့ ဒါက လုံးဝအဆင်ပြေပါတယ်။"
       သူမ သူ့ကိုကြည့်လာတဲ့ချိန်တုန်းက သူမပုံစံဟာ သူ့ကို ခုန်အုပ်တော့မယ့် နတ်ဆိုးမလေးလိုမျိုးပဲ။သူဟာ အခြေအနေကို သဘောပေါက်လိုက်ပြီး သူမလေးကို တင်းကျပ်စွာ ဖက်ထားလိုက်တယ်။
             "ဘာကြောင့် ကိုယ်မဖြစ်ရတာလဲ။ကိုယ့်ကို ရွေးချယ်လိုက်ပါ။ကိုယ့်အပိုင်ဖြစ်ပေးပါ။Please"
       သူက သူမနားလေးကိုကပ်ပြီးပြောလိုက်တယ်။
        အေဒီရာ အနေနဲ့ အခုတော့ သူမနှစ်ပေါင်းများစွာ ရှုပ်ထွေးလာခဲ့သော မေးခွန်းဟာ အဖြေထွက်သွားခဲ့တယ်။
        သူမ ထရီတန်အပေါ် လုံးဝခံစားချက်မရှိတော့ဘူး။အခု သူမတွေ့ချင်နေတာက ကေဆီမျက်နှာတခုတည်းပင်။သူမ သူ့လက်မောင်းကြားမှာဘဲ ရှိနေချင်တော့တာ။
                "သခင်လေး ဒလယ်ဗားရစ်"
         သူမစကားတွေဟာ ထရီတန်ရဲ့ သူမမျက်နှာကို သူနဲ့ အနီးဆုံးကို ဆွဲယူလိုက်ချိန်မှာ ရပ်တန့်သွားတယ်။
              သူ ဘာလုပ်မလို့လဲ?
                  "ရပ်လိုက်"
         အဖြစ်အပျက်တွေဟာ လျင်မြန်စွာဘဲ ဖြစ်ပျက်သွားခဲ့တယ်။သူမ ထရီတန်ရဲ့ အပြုအမူကြောင့် ကြောင်နေစဉ်မှာ ထရီတန်ကို တစုံတယောက်က ဆွဲဖယ်လိုက်တယ်။သူကတော့ ဒေါသမီးတို့ ဆူပွက်နေတဲ့ ကေဆီမီရာပဲ ဖြစ်တယ်။
               "ကေဆီ"
        သူမက တိုးတိုးလေးခေါ်လိုက်ပေမယ့် သူက ကြားလေတယ်။အေဒီရာ မျက်နှာဟာ အကြောင်းအရင်းမရှိ နီရဲနေပြီး ဒါက ထရီတန်ကြောင့် မဟုတ်တာကို သူသိတယ်။ထရီတန်ကို သူဆွဲမဖယ်ခင်မှာဟသူမ သူ့ကို ငြင်းတာကို သူတွေ့တယ်။သူမက အတော်တုန်ရီနေတယ်။
               "မင်း သူ့ကို ဘယ်လို ထိရဲရတာလဲ"
                "မင်းကရော သူ့ကို ဘယ်လို ထားခဲ့ရတာလဲ။မင်း တခြားမိန်းကလေးတယောက်နဲ့ရှိနေချိန်မှာ ဒီမှာရှိတဲ့သူမက နေမကောင်းနေဘူး။မင်းသူ့ကို မစောင့်ရှောက်နိုင်ဘူးဆိုရင်လည်း သူမကို ငါ့ကိုပေးလိုက်။ဒါဆို မင်းသူမကို ဂရုပြုစရာတောင်မလိုဘဲ တခြားမိန်းကလေးတွေအများကြီးနဲ့ တွေ့လို့ရလိမ့်မယ်။သေချာပေါက် မင်း သခင်မလေး လက်တီဖိုလီရာနဲ့ ရှိနေတုန်းကလည်း သူမကို ဂရုမပြုမိဘူးမို့လား"
        ကေဆီမီရာဟာ ခဏလောက်တောင့်တင်းသွားခဲ့တယ်။တကိုယ်လုံးစိုရွဲနေပြီး အေးနေတဲ့အချိန်မှာ သူအခု ထုတ်လွှင့်လိုက်တဲ့ အအေးဓာတ်က သူမကို ပိုပြီး အေးသွားစေမိပြီလား။
              "မင်း ငါပိုင်တဲ့အရာကို  ထိဖို့ ခွင့်ပြုမထားဘူး"
              "ကေဆီ...ကျေးဇူးပြုပြီး...ကျွန်မကို ကူပါ"
       ထရီတန်ဟာ ကေဆီမီရာ့ စကားကို ပြန်ပြောတော့မယ့် အချိန်မှာဘဲ အေဒီရာဟာ ရေပန်းကြားကနေ ယိုင်ထိုးစွာ ထွက်လာတာကြောင့် ကေဆီမီရာဟာ လျင်မြန်စွာဘဲ လှမ်းထိန်းလိုက်တယ်။
                "မင်း ဘယ်လို ဒီလောက် ပူချစ်နေရတာလဲ"
                "ကေဆီ...တစ်ယောက်ယောက်...တစ်ယောက်ယောက်က ကျွန်မကို ဆေးခတ်တယ်"

She become a passive villainess-not(trans)Where stories live. Discover now