IRAATROMWPWMC(1)

23.5K 1.5K 53
                                    

[Unicode]

ညသန်းခေါင်ယံအချိန် ရန်မြို့တော်၊ ဟုန်ကုခရိုင် ဆင်ခြေဖုံးရပ်ကွက်ရှိ No.(95), Building Aတွင်ဖြစ်သည်။

ရေကူးကန်နံဘေးမှာ အင်္ကျိတွေ စီးကရက်ခွက်နဲ့ ဝိုင်ပုလင်းအမြောက်အများတို့ ပြန့်ကျဲနေတာဟာ မကြာသေးခင်က ဒီနေရာမှာဘယ်လိုပွဲတော်မျိူးဖြစ်ပျက်ခဲ့တယ်ဆိုတာကိုဖော်ပြနေသယောင်။

ဒုတိယထပ်ရှိMaster bedroomတွင်ဖြစ်သည်။

ရှုပ်ထွေးများပြားလှတဲ့ ပရိဘောဂတွေဟာ ဒီ ဗီလာရဲ့ဇိမ်ခံပစ္စည်းတွေဖြစ်တယ်။ တံခါးကနေအိပ်ရာအထိ ဂျာကင်အင်္ကျီတွေ အတွင်းခံဘောင်းဘီတွေနဲ့ ရှပ်အင်္ကျီတို့ လမ်းတစ်လျှောက် ဟိုတစ်စဒီတစ်စ ပြန့်ကျဲနေတယ်။ လေထုထဲမှာလဲ ပုံမှန်မဟုတ်ပဲချိူ အီနေတဲ့ရနံ့တစ်ခုရှိနေတယ်။

ကုရိရှင်းကသူ့ရဲ့မျက်လုံးတွေကိုဖွင့်လိုက်တယ်။ သူ့ရဲ့ကိုယ်ပေါ်မှာ ပုံမှန်မဟုတ်တဲ့အလေးချိန်တစ်ခုရှိနေတာကို ခံစားမိခဲ့ပြီးနောက်အဲ့ဒီအရာကို အောက်ဘက်သို့ကျအောင်တွန်းချလိုက်တယ်။

တစ်စက္ကန့်အကြာ သူကဒီကမ္ဘာရဲ့အချက်အလက်တွေအားလုံးကို လက်ခံရရှိခဲ့တယ်။

ဒါက ချမ်းသာကြွယ်ဝတဲ့နောက်ခံအင်အားတွေပါတဲ့ Danmei novelတစ်ခုဖြစ်တယ်။ သူရောက်နေတဲ့ ဒီခန္ဓာကိုယ်က ဝတ္ထု ရဲ့အမြှောက်စာနေရာမှာဖြစ်နေတယ်။ ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ နာမည်ကလည်း ကုရိရှင်းပဲဖြစ်တယ်။ အောက်ဘက်ကိုပြုတ်ကျတာတောင်ဆက်ပြီးအိပ်နေသေးတဲ့ ချောမောတဲ့လူက အရပ်၁.၉မီတာ ရှိတဲ့ ဗီလိန် လုမင်ရှီ။

မူလဇာတ်ကြောင်းမှာ လုမင်ရှီကအဓိကဇာတ်ကောင်အပေါ်မေတ္တာသက်ဝင်မိပြီး အချစ်စိတ်မွှန်ရင်းဘာကိုမှမမြင်နိုင်အောင်ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် အဓိကဇာတ်ကောင်၏ လှည့်ကွက်တွင်ပိတ်မိခဲ့ပြီး ရာဇဝတ်မှုကျူးလွန်ခဲ့ရာမှ ထောင်ကျခဲ့လေသည်။

အမြှောက်စာကောင်လေး ကုရိရှင်း၏ဘဝသည် သူ့ထက်ပင်ဆိုးရွားလေသည်။ သူက လုမင်ရှီကို ဆေးတစ်ချိူ့ ပေးခဲ့ပြီး သူဆန္ဒရှိခဲ့တဲ့အတိုင်း ကိုယ်ဝန်ရခဲ့သည်။ ကလေးမွေးပြီး တစ်နှစ်ကြာတဲ့အခါ သူက လုမင်ရှီရဲ့လက်အောက်ခံတွေဆီမှာ ကစားခံရဖို့အပေးခံခဲ့ရသည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now