IRAATROMWPWMC(13)

5.4K 958 30
                                    

[Unicode]

ကုရိရှင်းက TVပလပ်ကိုဆွဲဖြုတ်လိုက်တယ်။

ဖုန်းခေါ်နေတဲ့လူတွေဆီက တစ်ချက်ပြီးတစ်ချက်အချက်ပေးသံတွေထွက်လာပြီး ခရီးသည်နားနေခန်းထဲမှာဆူညံလာတော့သည်။

ဓာတ်ပုံရိုက်ပြီးအဖမ်းခံရတဲ့ကြေကွဲဖွယ်ဖြစ်ရပ်ကို မျက်လုံးထဲမှာပါမြင်ယောင်လိုက်မိသွားသည်။

လူတွေက မစ္စတာလုကိုအရင်ဆုံးဆက်သွယ်ခဲ့ကြလေသည်။ သူထုတ်ထားတဲ့ဆုငွေကအများဆုံးပဲလေ။

ထို့နောက်...

ဖုန်းမအားသေးပါ။

"လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ လတ်တလောမအားသေးပါသဖြင့် ဆက်သွယ်၍မရနိုင်ပါ။ နောက်တစ်ကြိမ်မှထပ်မံခေါ်ဆိုပါ"

အဲ့ဒီအခါ ဒုတိယအများဆုံးဆုငွေထုတ်ထားတဲ့ မစ္စတာလင်းဆီကို ပြောင်းဆက်ကြပြန်သည်။

တူညီစွာပဲ...

သူ့ဖုန်းလဲမအားသေးပါ။

"လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ လတ်တလောမအားသေးပါသဖြင့် ဆက်သွယ်၍မရနိုင်ပါ။ နောက်တစ်ကြိမ်မှထပ်မံခေါ်ဆိုပါ"

* * *
ကုရိရှင်း ရုတ်တရက်နားလည်သွားသည်။ ဒီနေရာမှာရှိနေတဲ့လူတိုင်းက သူတို့ကိုယ်တိုင်သူတို့ အရူးလုပ်နေကြတာပဲ။ တူညီတဲ့နေရာမှာရှိနေတဲ့ လူ၃၀၀ကျော်လောက်ကတူညီတဲ့နံပါတ်ကို တစ်ချိန်တည်းမှာပြိုင်တူဖုန်းခေါ်နေကြတယ်လေ။ အဲ့ဒီတော့ သတင်းပေးဖို့နာရီဝက်အတွင်းဖုန်းဆက်နေကြပေမယ့် ဘယ်ဖုန်းမှဝင်မသွားတာ အထူးအဆန်းတော့မဟုတ်ပါဘူး။

ကုရိရှင်းက ခါးပတ်ခေါင်းကိုလက်တစ်ဖက်နဲ့တွန်းလိုက်တယ်။ တခြားလူတွေဖုန်းခေါ်ရင်းအလုပ်ရှုပ်နေတဲ့အချိန် သူကလက်မှတ်ဂိတ်ထဲတိတ်တိတ်လေးဝင်သွားလိုက်တယ်။

နားနေခန်းထဲမှာကျန်ခဲ့တဲ့ခရီးသည်တွေက သူတို့ရမယ့််ဆုငွေကိုစိတ်ကူးယဉ်ထားကြပြီး သူတို့ဒီနေရာကိုလာရတဲ့တကယ့်အကြောင်းပြချက်ကိုတောင်မေ့နေကြပြီ။

တစ်နာရီခွဲကြာပြီးနောက် တစ်စုံတစ်ယောက်က ဟေးချဲ့ရဲ့ဖုန်းနံပါတ်ဆီကိုဆက်လို့ရသွားခဲ့သည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now