IRAATROMWPWMC(16)

5.2K 939 9
                                    

[Unicode]

ကုရိရှင်းက မီတာရှစ်ဆယ်လောက်ဝေးဝေးအထိရောက်အောင် ပြေးထွက်သွားခဲ့သည်။ လေးညို့ကနေအရှိန်ပြင်းပြင်းပစ်ထုတ်လိုက်တဲ့မြှားလိုအရှိန်နှုန်းနဲ့ပေါ့။

သူကဘိလပ်မြေအရည်ဖျော်စက်တွေအပေါ်ကနေခုန်ပျံကျော်လွှားခဲ့သေးသည်။ ပြေးနေရင်း သူ့ကိုဖြတ်ပြီးတိုက်ခတ်နေတဲ့လေကိုခံစားနိုင်ဖို့ ခေါင်းကိုလဲမော့ထားသေးသည်။

ဒီဆောက်လုပ်ရေးလုပ်ငန်းခွင်က ဒီမြို့မှာအကြီးဆုံးလုပ်ငန်းခွင်ဖြစ်တဲ့အတွက် အပြင်ရောက်အာင်ထွက်ဖို့ကအချိန်ခဏလေးအတွင်းမှာမဖြစ်နိုင်ဘူး။ သူက၁၅မိနစ်နီးပါးလောက်ကြာအောင်ပြေးခဲ့ရပြီးမှ ဂိတ်တံခါးဝကိုရောက်ခဲ့တယ်။ သူကလက်ကိုမြှောက်တင်လိုက်ပြီး မြင်နေရတဲ့Taxiကိုလှမ်းတားလိုက်တယ်။

"ဘယ်သွားမလဲ?"

"ကားဂိတ်"

လုမင်ရှီက သူဒီမှာရှိနေမှန်းဘယ်လိုလုပ်ပြီးသိသွားတာလဲ?
ကုရိရှင်းက ဒီပဟေဠိကိုစဉ်းစားရင်းသူ့မေးစေ့ကိုပွတ်လိုက်တယ်။

သူကအချိန်အတန်ကြာအောင်ပြေးခဲ့ရတဲ့အတွက် အနည်းငယ်မငြိမ်မသက်ဖြစ်သလိုခံစားနေရတယ်။ ပြီးတော့ တစ်ခုခုကိုလဲမေ့နေသလိုပဲ။

စဉ်းစားနေရင်းကုရိရှင်းက ကားပြတင်းပေါက်မှန်ကနေ လမ်းတစ်လျှောက်မြင်နေရတဲ့အရာတွေကိုကြည့်နေလိုက်တယ်။
လယ်သမားဈေး, ကလေးကစားကွင်းငယ်လေးတွေ, အဟောင်းပစ္စည်းအရောင်းဆိုင်တွေ...

ဒီမြို့လေးကတော်တော်သေးတာပဲ။ ကားဂိတ်ကိုရောက်ဖို့ မိနစ်၂၀လောက်ပဲမောင်းလိုက်ရတယ်။

ကုရိရှင်းကကားသမားကိုကျေးဇူးတင်ကြောင်းပြောပြီး ကားပေါ်ကဆင်းလိုက်တယ်။

ကားသမားကစိတ်ရှုပ်ထွေးစွာပဲပြောလိုက်တယ်။
"ခင်ဗျား ငွေမပေးရသေးဘူးလေ Bro!!"

ကုရိရှင်းက သူ့အင်္ကျီအိတ်ကပ်ကိုထိလိုက်တယ်။
နောက်ဆုံးတော့ သူဘာမေ့နေလဲဆိုတာသိလိုက်ပါပြီ။
သူ့ရဲ့ခက်ခက်ခဲခဲရှာထားရတဲ့ပိုက်ဆံလေးတွေကိုမှ မေ့ထားခဲ့ရလေခြင်း!!!

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now