IRAATROMWPWMC(9)

6.3K 1.1K 36
                                    

[Unicode]

ကုရိရှင်းက လင်းယွဲ့ကိုမှတ်လောက်အောင်သင်ခန်းစာပေးပြီးတဲ့နောက်မှာ သူ့တင်ပါးကိုပုတ်လိုက်ပြီး အခန်းထဲကထွက်သွားခဲ့တယ်။

အိပ်ရာပေါ်တွင်၂နာရီခန့်ကြာအောင်လှဲနေခဲ့ပြီးနောက် လင်းယွဲ့ကခက်ခက်ခဲခဲနဲ့ထထိုင်လိုက်တယ်။ ၄နာရီလောက်ကြာအောင်ဆက်ထိုင်နေခဲ့တယ်။

ဘုရားသခင်! လင်းယွဲ့သက်ပြင်းချလိုက်တယ်။

သူကအစေခံတွေကို သူ့အိပ်ရာဆီကိုပဲ စားစရာယူလာခဲ့ဖို့မှာလိုက်တယ်။ အာဗြဲနဲ့အော်ငိုထားရတဲ့အတွက် ဗိုက်ဟာနေပြီဖြစ်ကာ ဘာမှမကျန်အောင် အကုန်စားလိုက်တယ်။

ပန်းကန်လာသိမ်းတဲ့အစေခံက လင်းယွဲ့ရဲ့အခြေအနေကိုမြင်သွားတယ်။ သူ့ပုံစံကအလွန်ရှုပ်ထွေးနေပြီး ကိုယ့်ကိုယ်ကိုသတ်သေတော့မလိုပုံစံဖြစ်နေခဲ့သည်။

ထို့နောက် အစေခံတွေကစုဝေးလိုက်ပြီး တီးတိုးပြောဆိုလိုက်ကြတယ်။

"သခင်က မူမမှန်သလိုဖြစ်နေတယ်"

"အဲ့ကိစ္စလုပ်ပြီးတော့ သခင်ကခေါ်လာတဲ့ကလေးကို အပြုံးနဲ့နှုတ်ဆက်နိုင်မယ်ထင်လို့လား?"

"မဟုတ်တာတွေမပြောနဲ့နော်..နင်တို့ပြောသလိုဆိ်ု ဒီတစ်ကြိမ် သခင်က....???"

သေစမ်း! ဒါဘယ်လိုလျှို့ဝှက်ချက်ကြီးလဲ!!!

သတင်းကထိုနေရာမှာစတင်ခဲ့တယ်။ ပြီးတော့ပျံ့သွားတယ်။ အတင်းအဖျင်းပုံစံပါပြောင်းသွားတယ်။

အိမ်မှာရှိတဲ့အစေခံတွေက အကူအညီလိုနေပြီးခိုကိုးရာမဲ့နေသူများဖြစ်ကာ ထိုလူများကိုအလုပ်ပေးရန်အတွက် စည်းကမ်းတကျလေ့ကျင့်ပေးပြီးမှ တာဝန်ထမ်းဆောင်စေခဲ့တာဖြစ်တယ်။ ထိုအစေခံတွေက တခြားချမ်းသာတဲ့အိမ်တော်တွေကအစေခံတွေနဲ့ မာကျောက်ကစားတဲ့အခါ တံခါးတွေရဲ့နောက်ကွယ်မှာကစားလေ့ရှိပြီး သူတို့သိလာတဲ့ထူးဆန်းသတင်းအချက်အလက်တွေကိုလဲပြောရင်း ကစားလေ့ရှိကြတယ်။ အဲ့လိုနဲ့ လင်းယွဲ့ရဲ့သတင်းတဖြစ်လဲ အတင်းအဖျင်းက လူသိထင်ရှားဖြစ်သွားတော့သည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now