IRAATROMWPWMC(62.2)

2.4K 359 27
                                    

[Unicode]

ပထမဆုံးအကြိမ်အဖြစ် နမ်းနေစဉ်အတွင်း လုမင်ရှီအာရုံမစိုက်နိုင်ပဲဖြစ်နေတယ်။ သူ့လက်ထဲကပေါက်စကိုသာ ထိတ်လန့်တကြားစိုက်ကြည့်နေမိတယ်။

ကလေးငယ်ကလည်း စူးစမ်းလိုစိတ်အပြည့်ဖြင့် သူတို့အပြုအမူကို ခေါင်းအသာစောင်းပြီးကြည့်နေတယ်။

သူ့ဘေးနားမှာရှိတဲ့အရာဝတ္ထုနဲ့လူတွေကို ရှင်းရှင်းလင်းလင်းမမြင်ရပေမယ့် ဒီရင်းနှီးပုံရတဲ့အရွယ်ရောက်လူကြီးနှစ်ယောက်က အကျွမ်းတဝင်ရှိတဲ့တစ်စုံတစ်ရာကိုပြုလုပ်လိုက်တဲ့အခါ နွေးထွေးတဲ့ခံစားချက်ထဲနစ်မြုပ်သွားသလို သူ့ကိုအမြဲသတိတရဖြစ်သွားစေတယ်။

ဒါကြောင့် သူပျော်ရွှင်စွာလက်တွေဝှေ့ယမ်းလိုက်တယ်။

"....."
လုမင်ရှီမျက်လုံးတို့ အံ့သြတကြီးဖြင့်ပြူးကျယ်သွားတယ်။
"သူ့ကိုကြည့်စမ်းပါဦး အချစ်ရေ!"

ဘယ်လောက်ပျော်စရာကောင်းနေပါစေ တိတ်ဆိတ်ငြိမ်သက်နေတဲ့ကလေးပေါက်စဟာ လုမင်ရှီရဲ့လက်ဖဝါးထဲမှာ ကိုယ်ပိုင်လှုပ်ရှားမှုနဲ့တလှုပ်လှုပ်ကနေတယ်။

ကုရိရှင်း ခေါင်းလှည့်ကြည့်လိုက်တယ်။

ဒါပေမယ့် သူတို့ရဲ့နှုတ်ခမ်းတွေကွာသွားတာနဲ့ ကလေးကိုအပျော်လွန်ကဲအောင်လုပ်ပေးနေတဲ့လေထု ပျောက်ကွယ်သွားတယ်။

ပြီးတော့ ကလေးရဲ့လက်တွေကလည်း လေထဲမှာတန်းလန်းရပ်တန့်သွားတယ်။

ကလေးက ငြိမ်သက်သွားတယ်။

ကုရိရှင်းက ပြန်တိတ်ဆိတ်သွားတဲ့ကလေးကိုကြည့်ရင်း ခေါင်းထဲမှာမေးခွန်းတွေတန်းစီထွက်လာတယ်။

"ဘာဖြစ်သွားတာလဲ?"

လုမင်ရှီ စဉ်းစားရင်းပြောတယ်။
"အခုလေးတင် သူအရမ်းလှုပ်လှုပ်ရှားရှားဖြစ်နေတာပါ"

အခုနဲ့ဒီမတိုင်ခင် တစ်စက္ကန့်အတွင်း ဘာတွေကွာခြားသွားလို့လဲ?

လုမင်ရှီမှာ ဥက္ကဌတစ်ယောက်ရဲ့အထူးထောက်လှမ်းရေးကျွမ်းကျင်မှုတွေရှိတယ်။ ဂျူ နီယာအထက်တန်းကျောင်းမှ ရူပဗေဒတွင်ဖော်ပြထားသော ထိန်းချူ ပ်ခြင်းပြောင်းလဲနည်းကို အသုံးပြုခြင်းဖြင့်အဖြေကိုချက်ချင်းရှာတွေ့သွားသည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now