IRAATROMWPWMC(64)

2.8K 341 27
                                    

[Unicode]

အိမ်ထဲကစာအုပ်တွေကိုနေရာရွေ့ဖို့ အလုပ်သမားတွေကိုဖုန်းဆက်ခေါ်မယ်ဆိုရင် အချိန်နဲ့အားစိုက်မှုလိုပြီး အိမ်ကိုလည်းဆူညံစေလိမ့်မယ်။

ဒါပေမယ့် ကုရိရှင်းကိုငှားလိုက်တာက အဲ့ဒီအခြေအနေနဲ့တခြားစီပဲ။ သူက ထုပ်ပိုးထားတဲ့စာအုပ်တွေအကုန်လုံးကို တစ်ကြိမ်တည်းနဲ့အောက်ထပ်ဆီသယ်နိုင်ပြီး ခရီးစဉ်တစ်ခုလုံးကငါးမိနစ်ထက်ပိုကြာမည်မဟုတ်ပေ။

အဲ့ဒီတော့ လုမင်ရှီရဲ့ချီးကျူးမှုက တကယ်ကိုစိတ်ရင်းအမှန်ဖြစ်တယ်။ ဒါကြောင့် သူ့စကားကိုကြားရတာ စိတ်ချမ်းသာစေတယ်။

လုမင်ရှီရဲ့အားပေးစကားကြောင့် ကုရိရှင်းအလွန်စိတ်လှုပ်ရှားပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ဒါကြောင့် သူအပေါ်ထပ်ကိုတစ်ဖန်ပြန်တက်ပြီး ပိုများတဲ့စာအုပ်တွေကိုသယ်နေပြန်သည်။

သူတို့တွေဘာလို့ စာအုပ်တွေဖတ်ဖို့အပေါ်ထပ်ကနေအောက်ထပ်အထိပြောင်းရွေ့နေကြရတာလဲ?

ပြသနာမှာ လုအိမ်၏စာကြည့်ခန်းကိုဖွဲ့စည်းတည်ဆောက်ထားသည့်ပုံကြောင့်ဖြစ်သည်။

လုမိသားစုလိုချမ်းသာကြွယ်ဝတဲ့မိသားစုအတွက် စာကြည့်ခန်းဆိုတာလည်း သာမန်အခန်းလေးတစ်ခန်းဟုတ်မနေခဲ့ပေ။

ဝမ်ယုယန့်မိသားစုမှာ လန်ယွိကောင်းချီးနယ်မြေဟုခေါ်တွင်သည့်စာကြည့်ခန်းရှိကာ၊ မုရုန်ဖူမိသားစုမှာ ဟွမ်ရှစ်ဟုခေါ်သည့် ရေပတ်လည်ဝန်းရံလျက်ရှိသောစာကြည့်ဆောင်ရှိပြီး လုမင်ရှီမိသားစုမှာလည်း ဇီကျန့်စာကြည့်တိုက်ရှိလေ၏။

(T/N : စာကြည့်ခန်း၊ စာကြည့်ဆောင်၊ စာကြည့်တိုက် မည်သည်တွင်မဆို ကဗျာ၊အလင်္ကာနှင့်ပစ္စည်းများစုဆောင်းထားသည့်အခန်း၊ ထိုအထဲတွင် Wuxiaပုံပြင်ကိုနာမည်များဖြင့်စီထားကာ အမတမျိူးနွယ်နှင့် ဒဏ္ဌာရီအကြောင်းအရာတို့ဖြင့်ဖွဲ့စည်းထားသည့် စာကြည့်တိုက်များဖြစ်သည်။)

လုမိသားစုရဲ့စာကြည့်ခန်းဟာ သာမန်မြို့စာကြည့်တိုက်တစ်ခုထက်ပို၍ကြီးသည်။ စာကြည့်ခန်းထဲတွင် စာအုပ်Collectionများစွာရှိပြီး အမျိူးအစားစုံလင်လှသည့်စာအုပ်ပေါင်းစုံကြွယ်ဝရာနေရာဖြစ်နေသည်။ စာအုပ်တွေကို သူ့အကန့်နှင့်သူသေသေသပ်သပ်စီရီ၍သိမ်းဆည်းထားသေးသည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now