IRAATROMWPWMC(54)

2.3K 404 18
                                    

[Unicode]

လုမင်ရှီသည် အိမ်တွင်တီဗီကြည့်နေခဲ့သည်။ စီးပွားရေးသတင်းများပြီးဆုံးသည့်နောက် လိုင်းများစွာကိုပြောင်းလိုက်ပြီး တစ်နေရာအရောက်တွင်ရပ်တတန့်လိုက်သည်။

လုမင်ရှီသည် သူတစ်ခါမှမကြည့်ခဲ့ဖူးသည့် ဖျော်ဖြေရေးချန်နယ်အရောက်တွင်ရပ်တန့်လိုက်ပြီး သူအမြဲတွေ့ချင်နေခဲ့သည့်မျက်နှာကို ထပ်မံကြည့်ရှုနေခဲ့သည်။

"နာမည်ကျော်ဒါရိုက်တာဝမ်ဝေ့ဝေ့သည် ထောင်ပေါင်းများစွာသောမိန်းကလေးများအကြား လူကြိုက်များရေပန်းစားခဲ့သော ချောမောသည့်ရုပ်ရှည်ဖြင့် စိတ်သဘောထားပြည့်ဝသည့်သရုပ်ဆာင်အသစ်တစ်ယောက်၏ ပွဲဦးထွက်ကိုပံ့ပိုးကူညီပေးခဲ့သည်"

လုမင်ရှီက တီဗီကိုစိုက်ကြည့်နေခဲ့သည်။ စတူဒီယိုနောက်ခံပေါ်တွင် ရိုက်ကူးရေးပစ္စည်းများကိုပြသလျက် အစီအစဉ်တင်ဆက်သူများက သရုပ်ဆောင်အသစ်ကို မျက်နှာတည်များဖြင့်မိတ်ဆက်ပေးနေကြသည်။

"ဒီနှစ်ရဲ့ နံပါတ်တစ် အင်တာနက်ပေါ်ကလူကြိုက်များကျော်ကြားသူကိုရွေးချယ်ရန် အွန်တိုင်းပေါ်မှနေ၍ ပြီးပြည့်စုံသောမစ္စတာဝူမောင့်နှင့်စံပြအလုပ်သမားတို့အကြားရွေးချယ်လိမ့်မည်။ အနိုင်ရရှိသူမှာ ဆုကြေးငွေ ယွမ်၂သန်းရရှိမည်ဖြစ်ပြီး xxx ကုမ္ပဏီ၊ xx records ၏ xx ရုပ်ရှင်များ၊ xx TV seriesများ၊ xx ကြော်ငြာများနှင့် မဂ္ဂဇင်းရိုက်ကူးရေး အစရှိသည့် ဖျော်ဖြေရေးလုပ်ငန်းတွင် အချိူ့ စီမံကိန်းများကိုပါဝင်ရမည်ဖြစ်သည်"

လုမင်ရှီ စတင်ဝမ်းနည်းရပြီ။

ငါ့ရဲ့အိမ်ထောင်ဖက်က အရမ်းရေပန်းစားနေပေမယ့် တခြားလူတွေကတော့ သူဟာငါ့ရဲ့အပိုင်ဖြစ်တယ်ဆိုတာကိုမသိကြဘူး။

နောက်ပိုင်းတွင် သူတွေးမိခဲ့သည်က

ဘာလို့ ဒီxx ကုမ္ပဏီနာမည်ကိုအရမ်းရင်းနှီးနေတာလဲ?

လောင်းကစားဘုရင်ရဲ့ မိသားစုပိုင်ကုမ္ပဏီလို့တောင်ထင်ရတယ်။

အန်းလျိူ ယူရဲ့အဖေ...

လောင်းကစားဘုရင်၏နာမည်ကိုစဉ်းစားကြည့်ရာ လုမင်ရှီသွေးဆုတ်သွားရသည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now