IRAATROMWPWMC(49)

2.7K 434 44
                                    

[Unicode]

ကုရိရှင်းသည် ပြသနာအမြောက်အများနှင့်တွေ့ကြုံခဲ့ရသည်။

သူတို့ရုပ်ရှင်ရိုက်နေစဉ် သူ့ကိုတွေ့ဖို့လာတဲ့ပရိတ်သတ်အုပ်စုတွေအများအပြားရှိခဲ့သည်။

သူတို့ကကြည့်ရုံပဲရောက်လာဆိုရင် အဆင်ပြေသေးသည်။

သို့သော် သူတို့ကသူ့ကိုတောင် ထိရဲကိုင်ရဲဖြစ်နေကြသည်။

ကုရိရှင်းသည် သရုပ်ဆောင်များနောက်ကိုတကောက်ကောက်လဲမလိုက်ဖူးသလို တစ်ခါမှလည်းဒီလိုအလိုက်မခံရဖူးတဲ့အတွက် သေချာဖွဲ့စည်းထားတာမဟုတ်တဲ့အချိူ့ သောပရိတ်သတ်တွေရှိနေမယ်လို့ သူတကယ်မသိခဲ့ပေ။ ရလဒ်အနေနဲ့ သူလမ်းထွက်လျှောက်လိုက်တာနဲ့ အဲ့ဒီဘာမှမတော်စပ်သေးတဲ့ ယောင်းမ/ခယ်မလေးတွေက ဓာတ်ပုံတွေရိုက်ကြကာအော်ဟစ်နေကြသည်။
"ဝိုး!! သူအရမ်းမိုက်တယ်"
ကောင်မလေးတစ်ယောက်ဆို သူမရဲ့လက်ကိုသတ္တိရှိရှိဆန့်ထုတ်ပြီး သူ့ကိုထိမိလိုက်တဲ့အခါ စိတ်လှုပ်ရှားမှုကြောင့်မျက်ရည်ပင်ကျနေတော့သည်။

"ငါ ဝူမောင့်ကောကောကိုထိမိလိုက်တယ်! ဝူမောင့်ကောကောရဲ့အသားအရည်က အရမ်းကောင်းတာပဲ!"

သတ္တိရှိတဲ့ဦးဆောင်သူကြောင့် တခြားလူတွေကပါ သူ့ရှေ့ကိုပြေးဝင်လာကြတော့သည်။

ကုရိရှင်းအလွန်ထိတ်လန့်သွားရသည်။

သူနဲ့ 'ထွက်ပြေးခြင်း' ဆိုတာတို့က အမှန်တကယ်ကို ကြာရှည်တည်တံ့နေမယ့်ဆက်ဆံရေးတစ်ခုရှိနေတာဖြစ်ရမည်။

* * *
သဘာဝကျစွာပင် ကောင်မလေးများအနေဖြင့်ခြေနှစ်ချောင်းသုံးကာ ကုရိရှင်းကိုလိုက်ရမ်းရန်မှာ မဖြစ်နိုင်သော်လည်း သူတို့ကငွေစိုက်ထုတ်ခဲ့ပြီး တက္ကစီဖြင့်တကောက်ကောက်လိုက်နေကြလေသည်။

သေချာပေါက် ဒါကအလွန်အန္တရာယ်များလွန်းသည်။ ဒီတော့ လိမ္မာတဲ့ကလေးတွေက ဒီအကျင့်တွေကိုမသင်ယူထားသင့်ဘူးနော်။

ကုရိရှင်းသည် မြို့လယ်ခေါင်ရှိပန်းခြံထဲတွင် အပြေးလေ့ကျင့်ခန်းလုပ်နေခဲ့သည်။ တက္ကစီအဖွဲ့သည် မီးပွိုင့်အလှည့်အပြောင်းတို့ကိုအလျင်အမြန်ကျော်တက်ပြီး သူ့နောက်သို့လိုက်နေကြပြန်သည်။ ထိုအဖွဲ့မီးပွိုင့်မိနေချိန်တွင် ကုရိရှင်းလည်းသူ့ရဲ့အရှိန်ကိုမြှင့်တင်လိုက်ရတော့သည်။ သို့သော် မီးစိမ်းသွားသည်နှင့်တပြိုင်နက် သူတို့ကြားကအကွာအဝေးကတဖြည်းဖြည်းနီးကပ်လာတော့သည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now