IRAATROMWPWMC(46)

3K 460 37
                                    

[Unicode]

ကုရိရှင်းသည်အချိန်အတော်ကြာသည်အထိကိုယ်ကိုကိုင်းထားခဲ့ပြီး ပတ်ဝန်းကျင်ကပုံမှန်ထက်ပိုတိတ်ဆိတ်နေတယ်လို့သူခံစားလိုက်အခါ ရှုပ်ထွေးစွာခေါင်းမော့ကြည့်လိုက်တယ်။

သူပေါ်လာသည့်အချိန်မှစ၍ များပြားတဲ့ဥက္ကဌတို့သည် 'ရပ်နေ' ဆိုသည့်ခလုတ်ကိုအနှိပ်ခံလိုက်ရသကဲ့သို့ တုံ့ပြန်မှုလုံးဝမရှိခဲ့ကြပေ။

မတ်တပ်ရပ်နှုတ်ဆက်တော့မည့်လုမင်ရှီသည် 'အိ'အသံထွက်အောင်ပြန်ထိုင်ချလိုက်သည်။ ထို့အပြင် သူကဟိုင်ချီရဲ့ခြေထောက်ပေါ်ကိုတက်နင်းလုမတတ်ပင်ဖြစ်သွားခဲ့သည်။

လင်းယွဲ့၏မျက်နှာပေါ်တွင်ကြိုတင်မခန့်မှန်းနိုင်သောအမူအယာတစ်ခုနှင့်အတူ သူဘာတွေးနေလဲဆိုတာမသိတော့ပဲ လက်ချောင်းအရိုးတို့ကို လျှို့ဝှက်စွာဆုပ်ကိုင်ထားပြီးဖြစ်သည်။

ဟေးချဲ့က ကုရိရှင်းကိုနေရာတိုင်းမှာဘာလို့မြင်နေရပါလိမ့်ဟုတွေးမိကာ သူ့မျက်လုံးတို့ကိုမယုံကြည်နိုင်စွာပွတ်လိုက်သည်။

ဝေ့ကျန်ရှန်ကအမြန်ဆုံးဖြစ်သည်။ သူကကုရိရှင်းပေါ်မလာခင်ကတည်းက လှေကားထိပ်ကိုရောက်နှင့်ပြီးဖြစ်သည်။

ကုရိရှင်းကသူ့ရှေ့မှာမတ်တပ်ရပ်နေတဲ့ဝေ့ကျန်ရှန်ကိုအရင်တွေ့လိုက်ရသည်။ လူတိုင်းကခမ်းနားကြီးကျယ်သောဥက္ကဌဝေ့အကြောင်းပြောနေကြသော်လည်း သူသည်အချိန်ကြာမြင့်စွာပေါ်မလာပဲဖြစ်နေခဲ့သည်။

ထိုအချိန်တွင် စိတ်ဖိစီးလာခဲ့ပြီးအိမ်သာသွားမလိုဟန်ဆောင်ကာ အလျင်အမြန်ထွက်လာတဲ့ဝေ့ကျန်ရှန်က သူ့ပါးစပ်ကို ဘဲဥအလုံးလိုက်ထိုးထည့်လို့ရနိုင်တဲ့အထိကျယ်လောင်စွာဖွင့်လိုက်မိသည်။

ကုရိရှင်းကမေးလိုက်သည်။
"မစ္စတာဝေ့လား? ခင်ဗျားက ဒါရိုက်တာဝမ်ပြောတဲ့ညီအစ်ကိုတွေထဲကတစ်ယောက်လား?"

ဝေ့ကျန်ရှန်ကပါးစပ်ကိုဖြည်းညှင်းစွာပြန်ပိတ်လိုက်သည်။
"မင်းကဒါရိုက်တာဝမ်ပြောတဲ့ ခေါင်းဆောင်မင်းသားဆိုတာလား?"

ကုရိရှင်းခေါင်းညိမ့်လိုက်သည်။

ဝေ့ကျန်ရှန်ကစိတ်အနှောင့်အယှက်ဖြစ်ပြီးဝမ်းနည်းသွားရသည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now