IRAATROMWPWMC(25)

3.9K 629 4
                                    

[Unicode]

မေမေလုက ကုရိရှင်းရဲ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။

"ဘာလို့ဒီလောက်ပိန်နေတာလဲ ကလေးရယ်? ဒီတလော အစားရောကောင်းကောင်းစားရရဲ့လား?"
မေမေလုကစိုးရိမ်တကြီးမေးလိုက်သည်။

ဂူရီရှင်းကသတိမထားမိလိုက်ပဲ သူ့ဗိုက်သူထိလိုက်မိတယ်။ မကြာခင်ကပဲစားသောက်ဆိုင်မှာ အများကြီးစားခဲ့ပြီး ဗိုက်ကပိုတောင်ကျယ်လာသေးတယ်လေ။

ကုရိရှင်းကရှက်ဝဲဝဲလေးပြောလိုက်တယ်။
"တစ်ခါတလေ ကျွန်တော့်ရဲ့အစားအသောက်အကျင့်တွေကသိပ်မကောင်းဘူး"

သူကအလွန်အကျွံစားသောက်တာကို အကျင့်ဖြစ်နေပြီ။

ဖေဖေလုနဲ့မေမေလုတို့က ကုရိရှင်းရဲ့လှုပ်ရှားမှုသေးသေးလေးကအစသတိထားမိခဲ့ကြတယ်။ အဲ့လိုမြင်ရတဲ့အခါ သူတို့ရဲ့နှလုံးသားလေးအရမ်းပျော်ရွှင်ခဲ့ရလေသည်။

မေမေလုကသူ့ကိုပြောလိုက်တယ်။
"အရသာရှိတဲ့အစားအစာတွေကိုစားရမယ်လေ။ မင်းစားချင်တဲ့ဟာကို ချက်ပေးဖို့တစ်ယောက်ယောက်ကိုပြောလို့ရပါတယ်။ ပိုက်ဆံသုံးရမှာကိုမကြောက်နဲ့။ ငါတို့မိသားစုကပိုက်ဆံမရှိတာလဲမဟုတ်ဘူး။ အရေးကြီးတာက မင်းဗိုက်ဆာလာရင် ကိုယ့်ကိုယ်ကိုထိန်းဖို့မလို..."

သူမက ကလေးကိုဆာလောင်နေအောင်မထားသင့်ဘူးလို့ပြောချင်ခဲ့တာပါ။ ဒါပေမယ့် သူတို့လင်မယားက ကလေးကိုပဲတန်ဖိုးထားပြီး ချွေးမကိုတော့စိတ်မပူဘူးလို့ အထင်ခံရမည်စိုးသောကြောင့် သူမ ထိုသို့မပြောမိခင်အမြန်ရပ်လိုက်သည်။

သူမက စကားလုံးပြောင်းပြောလိုက်သည်။
"မင်း ကိုယ့်ကိုယ်ကိုတော့ အစာငတ်မခံသင့်ဘူး"

လုမင်ရှီ သူ့မျက်လုံးတွေကိုပင် လှည့်လိုက်မိသည်။

ကုရိရှင်းကပြောလိုက်တယ်။
"ကျွန်တော် ကိုယ့်ကိုယ်ကိုအငတ်မခံပါဘူး။ အစားအသောက်လည်းဂျီးမများတတ်ဘူး"

"အစားအသောက်ဂျီးမများတတ်တာကောင်းတာပေါ့။ လုမင်ရှီဆိုရင် ကလေးဘဝကတည်းက ဟိုဟာမစား ဒီဟာမစားနဲ့ တအားဂျီးဂျောင်ကလောင်တွေသိပ်များ..."

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now