IRAATROMWPWMC(39.2)

3.3K 565 57
                                    

[Unicode]

သူ့ဘက်မှကြည့်လျှင် လုမင်ရှီ၏လှုပ်ရှားမှုသည်ပုံမှန်အားဖြင့်ဦးနှောက်မှဖြတ်ထွက်လာခြင်းမဟုတ်ပဲ ထိုအပြုအမူသည်အလွန်ထိတ်လန့်ဖွယ်ရာပင်ဖြစ်သည်။

ကုရိရှင်းရဲ့မရေမရာအတွေးထဲတွင်တော့ ဒီနေ့ကထိတ်လန့်စရာကောင်းတဲ့နေ့ပဲ!!

ပထမဆုံးအနေနဲ့ သူကယ်တင်ခဲ့တဲ့မိန်းမငယ်လေးက အမှန်တကယ်တွင်မိန်းကလေးအဝတ်အစားဝတ်ထားသည့်လူထွားကြီးဖြစ်နေခဲ့သည်။ ထိုလူသည် ဝေ့ကျန်ရှန်ထက်ပင် ပို၍ကြက်သီးထဖွယ်ကောင်းသောကောက်ချက်ချမှုတွေလုပ်တတ်သည့် အမျိူးသမီးအဝတ်အစားထဲမှလူထွားကြီးလည်းဖြစ်နေသေးသည်။

ထို့နောက် ရန်မြို့်တော်ရှိဇိမ်ခံရုံးခန်းထဲတွင် လေအေးပေးစက်အောက်၌အေးအေးလူလူထိုင်နေရမည့်လုမင်ရှီသည် ရုတ်တရက်သူ့ရှေ့၌ပေါ်လာခဲ့သည်။ အဆုံးတွင် ရေခဲတုံးမျက်နှာပေါ်တင်ထားသည့်သူဌေး လုမင်ရှီသည် အမျိူးသမီးအဝတ်အစားဖြင့်လူထွားကြီးကို သတ်မလိုဖြတ်မလိုကြည့်ခဲ့ပြီးမောင်းထုတ်လိုက်ကာ အပိုင်သိမ်းလိုက်....

သူ့ပေါင်ကိုအပိုင်သိမ်းလိုက်ပြီ!!

ကုရိရှင်းသည်သူ၏စိတ်ကိုအေးအေးသက်သာဖြစ်စေရန်အတော်ကြိုးစားလိုက်ရသည်။

လုမင်ရှီကသူ့ပခုံးတွေပေါ်မှာမှီထားသည်။ သူကမဖြစ်နိုင်တဲ့အရာတစ်ခုကိုလုပ်နေသကဲ့သို့ သူ့ရဲ့ရှည်လျားတဲ့အရပ်ကြီးဖြင့် ကုရိရှင်း၏လက်မောင်းကြားထဲတိုးဝင်ရန်ကြိုးစားနေခဲ့သည်။ ဒါကအရမ်းကိုကိုင်တွယ်ရခက်တဲ့အခြေအနေကြီးဖြစ်နေပြီ။

ရှုပ်ထွေးနေတဲ့လုမင်ရှီသည်ခုံပေါ်သို့ဒူးတင်လိုက်ပြီး ကုရိရှင်း၏ပေါင်ပေါ်သို့ခြေထောက်တစ်ဝက်တင်ထားရင်းထိုင်လိုက်သည်။ သူ့လက်တွေကကုရိရှင်းရဲ့ခေါင်းဘေးဘက်တွင်ရှိနေပြီး လက်သီးဆုပ်တွေကရုံးသုံးထိုင်ခုံရဲ့ပျော့အိပြီးကျုံ့နိုင်ဆန့်နိုင်တဲ့ခေါင်းမှီနေရာထဲသို့နစ်ဝင်နေသည်။

(ခုံပေါ်မှာကုရိရှင်းထိုင်နေတဲ့ပေါ်ကို လုမင်ရှီကမျက်နှာချင်းဆိုင်တက်ခွတဲ့ပုံစံပါ ခြေတံရှည်နေတော့ ခြေခေါက်ထိုင်သလိုဖြစ်သွားပြီးဒူးထိပ်ပိုင်းတွေကခုံပေါ်ရောက်နေတာ)

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now