IRAATROMWPWMC(6)

6.8K 1.1K 20
                                    

[Unicode]

လင်းယွဲ့က ကုရိရှင်းရဲ့ ဖုန်းနံပါတ်ကိုလိုချင်ခဲ့ပေမယ့် သူမရခဲ့ဘူး။

ဆက်သွယ်ဖို့နည်းလမ်းမရှိဘူးဆိုရင် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးတိုးတက်လာဖို့ ခက်ခဲလိမ့်မည်။

လင်းယွဲ့က ကုရိရှင်းကိုသူ့အိမ်ကိုလိုက်ဖို့ဖိတ်ခေါ်ခဲ့တယ်။ အဲ့ဒီအိမ်က လင်းမိသားစုရဲ့အိမ်မဟုတ်ပေမယ့် သူ့အတွက်အထူးသီးသန့်ထားထားတဲ့ အချစ်မြှင့်တင်ပေးရာအပန်းဖြေအိမ်တစ်လုံးဖြစ်တယ်။

ကုရိရှင်းအချိန်ခဏလောက် အံ့သြပြီးစဉ်းစားနေမိတယ်။ အရင်ကအဖြစ်အပျက်တွေနဲ့အတွေ့အကြုံတွေကို ပြန်အမှတ်ရသွားပြီး သူကသတိတရနဲ့မေးလိုက်တယ်။
"လင်းရှောင်က အပေါ်ကလား အောက်ကလား?"

လင်းယွဲ့က အံ့သြမှုကြောင့် ကြောင်အသွားတယ်။ သူက ငွေကိုယောကျာ်းတွေနဲ့ကစားတဲ့နေရာမှာ သုံးတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် ဒီလိုမေးခွန်းမျိူးကရှိနိုင်လို့လား? ကုရိရှင်းရဲ့မေးခွန်းက လှည့်ကွက်တစ်ချိူ့ ပါနေပုံရသည်။ ဒါကြောင့် သူကဟာသနှောပြီးပြန်ဖြေလိုက်တယ်။

"သမင်က 1?"

ခေါင်းညိတ်လိုက်တယ်။

လင်းယွဲ့ကသူ့ကိုလှည့်စားဖို့ဆုံးဖြတ်လိုက်တယ်။ သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် နူးညံ့သိမ်မွေ့တဲ့ပန်းပွင့်လို နှစ်လိုဖွယ်ကောင်းအောင်ပြုံးထားခဲ့ပြီးပြန်ဖြေလိုက်တယ်။
"အဲ့လိုဆို ကျွန်တော်ကအောက်ကတစ်ယောက်"

ကုရိရှင်းကပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံလိုက်တယ်။
တစ်နာရီကြာပြီးနောက် သူတို့နှစ်ယောက်ဟာ ဆင်ခြေဖုံးရပ်ကွက်မှာရှိတဲ့ လင်းယွဲ့ရဲ့ဗီလာဆီကိုရောက်လာခဲ့ကြတယ်။
ကုရိရှင်းကဘေးပတ်ဝန်းကျင်ကို စူးစမ်းလိုက်တယ်။
ဒီနေရာကရင်းနှီးနေသလိုခံစားချက်ရနေသလိုပဲ။ မဟုတ်မှလွဲ သူဒီကမ္ဘာကိုစရောက်တဲ့နေ့က နိုးလာခဲ့တဲ့နေရာများလား??

* * *
လုမင်ရှီ သူ့လူတွေရဲ့ အစီရင်ခံချက်တွေကိုနားထောင်နေခဲ့တယ်။ မည်သို့ပင်ဆိုစေကာမူ လုမင်ရှီရဲ့အရသာခံအာရုံက တော်တော်ဆိုးဝါးနေပြီ။ လင်းယွဲ့ရဲ့လက်ထဲကို ကုရိရှင်းရောက်ရှိသွားကတည်းက သူ့ကံကြမ္မာကစိတ်မချမ်းမြေ့စရာအတိပင်။ လင်းယွဲ့ရဲ့ မျက်နှာဟာ ဘယ်လိုလူလဲဆိုတာ အတိအကျမဝေခွဲနိုင်တဲ့မျက်နှာဖြစ်တဲ့အတွက် ထိုအရာတစ်ခုထဲကိုကြည့်ပြီး ပုံသေမဆုံးဖြတ်သင့်ဘူး။ တကယ်တမ်း ထိုလူက မကောင်းဆိုးဝါးနှင့်မခြားနားပေ။ သူ့ဝါသနာက အလွန်ကြမ်းတမ်းလွန်းတယ်။ Adult Toolတွေသုံးရတာ အလွန်နှစ်သက်သူဖြစ်သည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now