IRAATROMWPWMC(17.2)

5.4K 919 34
                                    

[Unicode]

ကုရိရှင်းက ကားထဲဝင်ဖို့ဖိအားပေးခံခဲ့ရတယ်။ သူကအထုပ်ငယ်လေးတစ်ထုပ်ကို ရအောင်သယ်ခဲ့သေးသည်။ ကားနောက်ခန်းမှာ သူ့ကိုယ်သူဘောလုံးလေးလိုကွေးပြီးထိုင်လိုက်တယ်။ ပြတင်းပေါက်ကနေ လမ်းတစ်လျှောက်အပြင်ဘက်ကိုဝမ်းနည်းစွာကြည့်နေလိုက်တယ်။

ငါ့ရဲ့အုတ်ခဲသယ်ပြီးပျော်ခဲ့ရတဲ့နေ့ရက်လေးတွေ၊ ပိုက်ဆံရေတွက်ခဲ့ရတာတွေ နဲ့ အတင်းအဖျင်းအငြင်းပွားမှုတွေနားထောင်ခဲ့ရတဲ့နေ့ရက်လေးတွေရေ နှုတ်ဆက်လိုက်ပါတယ်...
(ပြန်မလာတော့ဘူးကွယ်...ကိုယ်ထွက်သွားတော့မယ် ဆိုတဲ့ဆိုဒ်နဲ့ပေါ့)

သူက လုမင်ရှီရဲ့ရေရှည်ဝန်ထမ်းအဖြစ်နေဖို့ ကိုယ်ပိုင်အားလပ်ချိန်တွေကိုစွန့်လွှတ်ခဲ့ရတယ်။ အုတ်ခဲပြန်သယ်ခွင့်ရဖို့ငြင်းခုံအပြီးမှာတော့ ကုရိရှင်းက ကလေးထိန်းအလုပ်အပြင် အုတ်ခဲသယ်တဲ့အလုပ်လုပ်ဖို့ပါ ခွင့်ပြုချက်ရသွားခဲ့တယ်။

ကားကအရမ်းယိမ်းထိုးခုန်ပေါက်နေခဲ့တယ်။ လုမင်ရှီက မသက်မသာခံစားနေရပြီး ကုရိရှင်းကတော့ အဲ့ဒါကိုသတိမထားမိခဲ့ဘူး။ သူ့ပါးစပ်ကိုပိတ်ထားဖို့ လုမင်ရှီကအသည်းအသန်ကြိုးစားနေရတယ်။

ကားသမားက လုမင်ရှီကိုသတိထားမိသွားပြီး ရေဒီယိုဖွင့်လိုက်တယ်။ မိခင်နှင့်ကလေးများလိုင်းကိုပြောင်းလိုက်ပေမယ့် ပုံမှန်နားထောင်နေကျထူးဆန်းတဲ့ဆူညံသံတွေပဲထွက်လာတယ်။ ဒီအသံတွေကို သူဌေးဘာလို့ကြိုက်ခဲ့လဲဆိုတာတော့သူမသိခဲ့ဘူး။

ကားသမားအခုသိတာက ဒီအချိန်ကမိခင်နှင့်ကလေးချန်နယ်အတွက်အချိန်မဟုတ်ဘူး။ ဒီတော့ ရေဒီယိုကနေ တခြားသီချင်းသံတွေပဲထွက်လာတယ်။

လုမင်ရှီက အရမ်းကိုမခံမရပ်နိုင်အောင်ဖြစ်နေခဲ့တယ်။ သူထူးဆန်းနေတာတွေကို ကုရိရှင်းသိသွားမှာလဲမလိုချင်ပြန်ဘူး။ ကံဆိုးတာက သူဆက်ပြီးမထိန်းနိုင်တော့ဘူး။ သူက ကားရပ်ဖို့ကားသမားကိုပြောလိုက်တယ်။ ကားနောက်ခန်းမှာအသင့်ပြင်ထားတဲ့စက္ကူ အိတ်ကိုယူပြီးကားထဲကထွက်ဖို့လုပ်လိုက်တယ်။ လုမင်ရှီ ကားတံခါးကို မတည်မငြိမ်နဲ့တွန်းလိုက်ပြီး ကားထဲကထွက်လိုက်တယ်။ ပြီးတော့ ကုရိရှင်းကိုကျောပေးနေရင်းပဲ ဆိုးဆိုးဝါးဝါးအန်တော့သည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now