IRAATROMWPWMC(45.2)

2.8K 463 27
                                    

[Unicode]

ရက်အနည်းငယ်ကြာပြီးနောက် ဒါရိုက်တာကကုရိရှင်းကို ဆင်ခြေဖုံးရပ်ကွက်ဆီသို့ကားဖြင့်တင်ခေါ်လာခဲ့သည်။
"ရှောင်ကု ဒီနေ့ကတရားဝင်ပါတီအသေးလေးပါပဲ။ ဒါကြောင့် ဒီလူတွေရှေ့မှာမင်းဘာမှသတိထားနေစရာမလိုဘူးနော်။ သူတို့အားလုံးက ငါ့ရဲ့တူတော်မောင်တွေချည်းပဲ... ငါ့မျက်နှာကြောင့်ပဲ သူတို့အားလုံးကသဘာဝကျကျပြုမူကြလိမ့်မယ်။ မင်းကိုကူညီပေးမယ်လို့ကတိပေးခဲ့ပြီးသားဆိုတော့ မင်းကိုလည်းစိတ်အနှောင့်အယှက်မဖြစ်စေချင်ဘူး"

ကုရိရှင်းကအလျင်အမြန်ပြန်ဖြေလိုက်တယ်။
"ဒါရိုက်တာကြီး ကျွန်တော်စိတ်မလှုပ်ရှားပါဘူး။ ဒီကားကိုမြင်ရတော့ နည်းနည်းရင်းနှီးနေသလိုခံစားမိရုံလေးပါ..."

ကားကဂိတ်တံခါးတစ်ခုထဲကိုမောင်းဝင်သွားတဲ့အခါ ကုရိရှင်းသည်သူ့စိတ်ထဲတွင်စတင်ငိုကြွေးနေခဲ့ပြီဖြစ်သည်။ ဒါကြီးကရင်းနှီးတယ်ဆိုတာထက်ပိုတယ်! ဒီဗီလာကြီးက ဟုန်ကုခရိုင်ကဗီလာမဟုတ်ဘူးလားဟ?!

[T/N: ဟုန်ကုခရိုင်မှာ အသိမိတ်ဆွေပေါများသူလေးကုရိရှင်း မြွေတွင်းထဲလက်နှိုက်မိပါပြီ ~~လက်ခုပ်တီးemoji]

* * *
ဒုတိယထပ်ရှိ အစည်းအဝေးခန်း နံပါတ်၈၈တွင်ဖြစ်သည်။ ထိုအစည်းအဝေးနေရာကို ဒါရိုက်တာဝမ်ကိုယ်တိုင်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဒါရိုက်တာဝမ်နှင့်ကုရိရှင်းတို့မရောက်ခင် ထိုအခန်းတွင်ဧည့်သည်အချိူ့ ကိုလက်ခံခဲ့သည်။

ပထမဆုံးရောက်လာသူမှာလုမင်ရှီဖြစ်သည်။ သူ့ရဲ့ဗိုက်ကမဖုံးနိုင်မကွယ်နိုင်ဖြစ်လာတဲ့အထိမဟုတ်သော်လည်း ပိုပြီးသိသာထင်ရှားဖြစ်လာသောကြောင့် ဘယ်နေရာကိုမဆိုသွားရမည်ဖြစ်စေ ဦးဆုံးရောက်နေသူပဲဖြစ်နေရမည်။ ဒါမှသာဝင်လာတဲ့သူတိုင်းရဲ့ အာရုံစိုက်ခံရမှုကိုရှောင်ရှားနိုင်မည်ဖြစ်သည်။ လုမင်ရှီကဘေးဘီကိုလှည့်ပတ်ကြည့်ရှုနေလိုက်တယ်။ သူကအခန်းထောင့်တွင်ကြီးမားတဲ့ဆိုဖာတစ်ခုကိုတွေ့လိုက်တဲ့အခါ ထိုအပေါ်မှာထိုင်ချလိုက်ကာ သူ့ခန္ဓာကိုယ်ကိုဖုံးကွယ်ဖို့သတင်းစာကိုယူလိုက်သည်။ ထို့နောက် ဒါရိုက်တာဝမ်နှင့် သူပြောထားသည့်မိတ်ဆက်ပေးမည်ဆိုသောကောင်လေးကို တိတ်ဆိတ်စွာထိုင်စောင့်နေလိုက်သည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now