IRAATROMWPWMC(19)

4.8K 830 20
                                    

[Unicode]

ရေချိူးပြီးဝတ်ထားတဲ့Bathrobeရဲ့ခါးစည်းကြိုးက လျော့တိလျော့ရဲလေးချည်ထားခဲ့တာ။

လျှောကျ....

ကုရိရှင်းကအောင်အောင်မြင်မြင်ကြီးအချွတ်ခံလိုက်ရတော့သည်။

လုမင်ရှီကသူ့လက်ထဲပါလာတဲ့အရာကိုကိုင်ထားပြီး အံ့သြတကြီးရပ်နေမိသည်။ သူဘာလို့ဒါကိုရည်ရွယ်ချက်ရှိရှိလုပ်လိုက်မိတယ်လို့ခံစားနေရတာလဲ နားမလည်ဘူး။

ရိုင်းစိုင်းတဲ့လူတစ်ယောက်ပုံစံဖြစ်မသွားချင်တဲ့အတွက် လုမင်ရှီက ကုရိရှင်းရဲ့ဝတ်စုံကိုချက်ချင်းပြန်ဝတ်ပေးဖို့လုပ်ခဲ့သည်။

ဒါပေမယ့် လှုပ်လိုက်တာနဲ့မူးနေတဲ့အတွက် သူကကုရိရှင်းရဲ့လက်မောင်းထဲကိုရောက်သွားလေသည်။

ကုရိရှင်း : . . .
ဒါဘယ်လိုလှည့်ကွက်အသစ်လဲ?

ကလေးထိန်းတစ်ယောက်ရဲ့တာဝန်အရ သူကလုမင်ရှီကို အိပ်ခန်းထဲရောက်အောင်ကူညီပေးခဲ့တယ်။ လုမင်ရှီနှုတ်ခမ်းတွန့်ထားတာကိုမြင်လိုက်တဲ့အခါ ကုရိရှင်းထင်လိုက်တာက မစ္စတာလုအရမ်းပင်ပန်းနေလို့ဖြစ်မှာပါ...

ထို့နောက် အိပ်ပျော်သွားသည်။

ကုရိရှင်းက တစ်ခါမှကလေးထိန်းမလုပ်ဖူးပေမယ့် လုမင်ရှီကသူ့ကိုလေ့ကျင့်ရေးသင်တန်းပေးမသွားခဲ့ဘူး။

သူကအိပ်ရာဘေးမှာဒူးထောက်ချလိုက်ပြီး ခဏစဉ်းစားလိုက်တယ်။ ဦးဆုံးအနေနဲ့ လုမင်ရှီရဲ့အင်္ကျီကြယ်သီးတွေကိုဖြုတ်လိုက်ပြီး ခါးပတ်ကိုလဲဘာမှစဉ်းစားမနေတော့ပဲ ချွတ်လိုက်တယ်။

ကုရိရှင်းက ဒီလှုပ်ရှားမှုတွေမှာအတော်အသင့်လိမ္မာပါးနပ်တဲ့လူဖြစ်တယ်။ ရုတ်တရက် လုမင်ရှီမျက်လုံးတွေကဖြည်းဖြည်းချင်းပွင့်လာတယ်။ သူကတစ်ခုခုကိုပြောချင်နေတဲ့ပုံဖြစ်နေပေမယ့် အသီးဗန်းကိုင်ပြီးတံခါးဝမှာမတ်တပ်ရပ်နေတဲ့ မဒမ်ချမ်းကိုမြင်လိုက်ရတယ်။

မဒမ်ချမ်းက ပါးစပ်အဟောင်းသားနဲ့သူတို့ကိုကြည့်နေခဲ့လေသည်။

လုမင်ရှီရဲ့ရပ်တန့်နေတဲ့အကြည့်တွေကို ကုရိရှင်းတွေ့လိုက်တဲ့အခါ နောက်ဘက်ကိုချက်ချင်းလှည့်ကြည့်လိုက်တယ်။ ဘာမှရှိမနေပါဘူး။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now