IRAATROMWPWMC(57)

2K 359 52
                                    

[Unicode]

မူလတန်းကျောင်းဝင်ခွင့် စံသတ်မှတ်ချက်အချိူ့ အရ မြို့တော်အားကစားသင်တန်းကျောင်းကိုသွားခဲ့ခြင်းဖြစ်ကြောင်း ကုရိရှင်းကသူ့ကိုပြောပြခဲ့သည်။

ကုရိရှင်းအပြောကိုကြားလိုက်တဲ့အခါ လုမင်ရှီဝမ်းသာပီတိဖြစ်သွားရသည်။

ဒီနတ်သားလေးက ငါ့ကောင်လေးဘယ်လိုဖြစ်လာတာလဲ?

လုမင်ရှီက သူ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ဆက်လက်ထောက်ပံ့ပေးဖို့ဆုံးဖြတ်လိုက်တယ်။

ဒါပေမယ့် သူ့မှာမေးစရာမေးခွန်းတစ်ခုရှိနေတုန်းပဲ။

"မင်းရဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာရော အလုပ်ဆက်လုပ်နေဦးမှာလား?"

ကုရိရှင်းအခိုင်အမာခေါင်းညိမ့်ပြလိုက်သည်။

"အဲ့ဒီကိုလည်း ကျွန်တော်သွားဖို့အရေးကြီးတယ်"

ဘယ်လိုပဲဖြစ်ဖြစ် တစ်နေ့လျှင်၂နာရီသာ သူလေ့ကျင့်ဖို့လိုအပ်သည်။

ကျန်တဲ့အချိန်တွေမှာ သူ့ကိုယ်ပိုင်ကိစ္စရပ်တွေကိုဆက်လုပ်ဆောင်နိုင်သေးသည်။

သို့သော် အန်းရှောင်၏ဆေးဘက်ဆိုင်ရာအကြံပြုချက်ကို ကုရိရှင်းပြန်စဉ်းစားမိသွားသည်။

လုမင်ရှီနဲ့ သူ့ရဲ့ကလေးတို့က သူ့ကိုလိုအပ်နေမှာဖြစ်တဲ့အတွက်...

"ဒါပေမယ့် လတ်တလောတော့ကျွန်တော်မသွားသင့်သေးဘူး"

ဗိုက်ကိုရောက်နေတဲ့သူ့အကြည့်တွေကိုသတိထားမိသွားတဲ့လုမင်ရှီက သူဘာကိုဆိုလိုချင်မှန်းသိသွားခဲ့သည်။

"ရပါတယ်"
လုမင်ရှီက ရှင်းပြသည်။
"အန်းရှောင်ဖြစ်စေချင်တာက ငါတို့ကိုတစ်နေ့လုံးအတူရှိနေစေချင်ပြီး အဲ့လိုရှိနေရင်းနဲ့လည်းနမ်းနေတာမျိူးတို့ တခြားဘာမှမလုပ်ပဲအချင်းချင်းထိနေတာမျိူးတို့မှ..."

ထိုအကြောင်းတို့ကိုပြောပြနေစဉ် လုမင်ရှီ၏မျက်နှာအနည်းငယ်ရဲနေတော့သည်။

"အဲ့ဒီတော့..."

"ငါဘာပြောချင်လဲဆိုတာ မင်းသိတယ်မလား?"

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now