IRAATROMWPWMC(43.2)

3.1K 528 39
                                    

[Unicode]

ဤရှုထောင့်မှကြည့်လျှင် သူကိုယ်တိုင်ကိုယ်ဝန်ဆောင်နိုင်ခြင်းသည်တကယ့်ကိုအကျိူးရှိခဲ့သည်။

လုမင်ရှီကအတွေးထဲမှာလမ်းပျောက်နေခဲ့သည်။

ထိုအရာက သူ့ကိုကုရိရှင်းချန်ထားခဲ့၍ခံစားရသည့်နာကျင်မှုကို ယာယီမေ့မေ့ပျောက်ပျောက်ဖြစ်စေခဲ့သည်။

ပျော်ရွှင်တဲ့လူနှစ်ယောက်မှသာလျှင် သူတို့အတူရှိတဲ့အချိန်မှာ ပိုပျော်ရွှင်နိုင်တယ်လို့သူပြောခဲ့ရသည်။ နာကျင်မှုခံစားနေရတဲ့လူနှစ်ယောက်အတူရှိနေလျှင် တစ်ယောက်ကနာကျင်မှုလျော့နည်းလာနိုင်သော်လည်း နောက်တစ်ယောက်ကတော့ပိုနာကျင်လာနိုင်သည်။

လုမင်ရှီသည်အတွေးအခေါ်ပိုင်းဆိုင်ရာပြသနာအရပ်ရပ်ကိုစဉ်းစားနေခဲ့သည်။ ရုတ်တရက် မနီးမဝေးမှပုံရိပ်တစ်ခုက တဖြည်းဖြည်းသူ့ဆီကိုနီးကပ်လာခဲ့တယ်။

လုမင်ရှီသည် လှည့်ပြန်လာသောကုရိရှင်းကိုတွေ့လိုက်ရသည်။

မျှော်လင့်ခြင်းနှင်းဆီဖူးများ သူ့စိတ်ထဲတစ်ဖန်ပွင့်လန်းလာခဲ့သည်။

* * *
ကုရိရှင်းကဧည့်ခန်းထဲမှာ မတ်တပ်ရပ်နေခဲ့သည်။ သူကဘေးပတ်ပတ်လည်ကိုလိုက်ကြည့်ရင်း လုမင်ရှီကိုရှာနေခဲ့ပေမယ့် မတွေ့ခဲ့ဘူး။ ဒါကြောင့် အနားကဖြတ်သွားတဲ့ကောင်မလေးတစ်ယောက်ကိုတားလိုက်ပြီး ယဉ်ကျေးစွာမေးလိုက်တယ်။
"တစ်ဆိတ်လောက်ဗျ  ဒီနားမှာ မင်းတွေ့မိမ..."

သူပြောလို့မဆုံးခင်မှာပဲ ကောင်မလေးကအံ့သြတကြီးခေါင်းမော့ကြည့်လာခဲ့သည်။
"ဝိုး!!! ရှင်ကကုရိရှင်းလား? ကျွန်မရှင့်ကိုအရမ်းကြိုက်တာ!! ကျွန်မကိုအမှတ်တရလက်မှတ်လေးထိုးပေးနိုင်မလား?"

ကုရိရှင်းရဲ့ဦးရေပြားတွေ ကျိန်းစပ်တင်းမာသွားခဲ့ရသည်။ သူကတည်ငြိမ်စွာနေနိုင်ဖို့ကြိုးစားခဲ့ရသည်။

"ကျွန်တော်ကမင်းသိတဲ့လူနဲ့အတော်တူနေလို့ လူမှားတာပဲဖြစ်ရမယ်! ကျွန်တော်ကဘယ်လိုလုပ် လူတွေကိုသတ္တိရှိရှိကယ်တင်ခဲ့တဲ့သူရဲကောင်းဖြစ်နိုင်မှာလဲ? ဘယ်လိုလုပ်ကုရိရှင်းလို သူ့အလုပ်ကိုသူချစ်တဲ့စံပြအလုပ်သမားဖြစ်မှာလဲ?"

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now