IRAATROMWPWMC(60-1)

2.5K 369 34
                                    

[Unicode]

လုမင်ရှီဘဝတစ်လျှောက်လုံး ဒီလိုနာကျင်မှုမျိူးတစ်ခါမှမခံစားခဲ့ဖူးချေ။ မနက်ပိုင်းတစ်ခုလုံး သူကောင်းကောင်းအလုပ်လုပ်နိုင်နေတုန်းဖြစ်ပြီး အခုနေ့လည်ပိုင်းမှာ ဆေးရုံတွင်နာကျင်မှုခံစားနေသည်။

သူရှိနေတဲ့နေရာကို အန်းရောက်မြန်မြန်ရောက်လာလို့တော်သေးသည်။

ပထမဦးစွာ သူတို့သည်ဆေးရုံအရေးပေါ်ကားထဲတွင် နာကျင်မှုခံနိုင်ရည်ရှိစေရန် လုမင်ရှီကိုဆေးတစ်လုံးထိုးပေးခဲ့ကြသည်။

ဖြူ ဖပ်ဖြူ ရော်ဖြစ်ကာ ချွေးတွေစိုရွှဲနေသည့်လူက အန်းရှောင်ကိုလှမ်းကြည့်လိုက်ပြီး အသက်ရှူ မရသည့်ပုံဖြင့်တစ်ခုခုကိုပြောခဲ့သည်။

သို့သော် အန်းရှောင်မကြားနိုင်ခဲ့ပေ။

သူစိုးရိမ်တကြီးဖြင့် ခါးကုန်း၍နားစိုက်ထောင်ရင်းမေးသည်။
"Boss ကျွန်တော့်ကိုဘာပြောချင်လို့လဲ?"

လုမင်ရှီသည် ပါးစပ်ကိုထပ်ဖွင့်ဖို့ ရှိသမျှအားအကုနမထုတ်သုံးခဲ့သော်လည်း သူ့အသံထွက်မလာပဲသေးပေ။

အန်းရှောင်က လုမင်ရှီထံလေးနက်စွာကြည့်လိုက်ပြီး bossကအသံမထွက်ပဲစကားပြောဆိုဆက်သွယ်ခဲ့တဲ့အတွက် သူဘာကိုဆိုလိုချင်တယ်ဆိုတာ ငါအနီးစပ်ဆုံးဖြစ်အောင်ပဲခန့်မှန်းရတော့မယ်။

ဖြူ ဖော့နေသောမျက်နှာဖြင့်လုမင်ရှီသည် အသက်မျှင်မျှင်လေးရှူ နေပြီး သူ့အသွင်အပြင်မှာတကယ်ကိုစိတ်မသက်မသာဖြစ်နေသည့်ပုံရိပ်ကိုဖော်ပြနေခဲ့သည်။

အမြဲတမ်းခွန်အားကြီးမားတဲ့အရှိန်အဝါတွေနဲ့ ကြီးမြတ်လွန်းတဲ့bossတစ်ယောက် အခုတော့ရုတ်တရက်ကြီးသနားဖို့ကောင်းသွားရပြီ။

အန်းရှောင် သူ့နှာခေါင်းမှရှိုက်သံထွက်နေခြင်းကိုမထိန်းနိုင်ခဲ့ပေ။

လုမင်ရှီ၏လက်ကို အန်းရှောင်ဆုပ်ကိုင်လိုက်သည်။ မျက်ရည်စက်လက်ကျနေသည့်မျက်လုံးတို့ဖြင့် သူကပြောသည်။
"Boss ခင်ဗျားကအရမ်းကံကောင်းတဲ့လူပဲ။ ခင်ဗျားသေချာပေါက်အဆင်ပြေသွားမှာပါ နောက်ဆုံးစကားလုံးတွေချန်ထားနေဖို့မလိုပါဘူးဗျာ!"

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now