IRAATROMWPWMC(22)

4.3K 730 11
                                    

[Unicode]

လုမင်ရှီကသူနဲ့အတူအိပ်ဖို့ ကုရိရှင်းကို ဖိတ်ခေါ်ခဲ့သည်။ အိပ်ပျော်သည်ဖြစ်စေ အိပ်မပျော်သည်ဖြစ်စေ ဒါကပြသနာတစ်ခုပင်ဖြစ်သည်။ ကုရိရှင်းရဲ့ကိုယ်ကျင့်တရားနဲ့သမာဓိအတွက်တော့ ဒါကပြသနာလုံးဝမဟုတ်ဘူး။ သူအိပ် ကိုယ်အိပ်လုပ်ရုံပဲပေါ့။ အနည်းဆုံးတော့ သူတို့နှစ်ယောက်လုံးပျော်ခဲ့ကြရတာပါပဲ။

* * *
ဒါပေမယ့် လုမင်ရှီပြောခဲ့တာက "ဒီည"အတွက်မဟုတ်ပဲ "နေ့တိုင်း" အတွက်ပြောခဲ့တာဖြစ်သည်။ ထိုကိစ္စကိုတော့ သေချာသုံးသပ်ဖို့လိုသည်။

ကုရိရှင်းက အနည်းငယ်တောင့်တင်းနေတဲ့သူ့လက်ဖဝါးကိုမြှောက်လိုက်ပြီး လုမင်ရှီရဲ့နောက်ကျောမှာသွားကပ်လိုက်သည်။

"မစ္စတာလုက အမြဲတမ်းခန့်မှန်းလို့မရတဲ့လူမျိူးပဲ"

လုမင်ရှီကပြောလိုက်သည်။
"မင်း အဲ့ဒီအကြောင်းတွေးနေတုန်းပဲ။ ပိုက်ဆံကပြသနာမဟုတ်ဘူး"

ကုရိရှင်း အံ့သြသွားခဲ့သည်။
"ဒီကိစ္စက ပိုက်ဆံနဲ့ဘာဆိုင်လို့လဲ?"

လုမင်ရှီ မျက်တောင်ခတ်လိုက်သည်။
မင်းက ပိုက်ဆံကိုကြိုက်တာမဟုတ်ဘူးလား? ကုရိရှင်းက သူ့စရိုက်ပုံစံတွေကိုများ ပြောင်းလဲတာလား? မနေ့ကပဲ သူ့အချိန်တွေကို တစ်နာရီ ၁၀၀၀၀နဲ့ငှားခဲ့သေးတယ်မဟုတ်လား?

လုမင်ရှီကအဲ့ဒီအကြောင်းတွေစဉ်းစားနေတုန်း ကုရိရှင်းရဲ့ အလေးအနက်ထားပြီးပြောနေတဲ့အသံကိုကြားလိုက်သည်။

"မစ္စတာလု ကျွန်တော်ထပ်ပြောမယ်နော်...ကျွန်တော်ကအရမ်းထူးခြားတဲ့လူပါ...ကျွန်တော်လုပ်သမျှက ငွေနဲ့ဘာမှမဆိုင်ဘူး"

သူ့အသံမှာအနည်းငယ် စိတ်ထိခိုက်သွားပုံပေါ်နေသည်။

လုမင်ရှီကစိတ်ရှုပ်ထွေးသွားပြီးမေးလိုက်သည်။
"ဒါဆို မင်းကပိုက်ဆံလုံးဝမလိုဘူးလို့ ဆိုလိုချင်တာလား?"

ကုရိရှင်းကစိတ်ရှည်လက်ရှည်ရှင်းပြလိုက်တယ်။
"အဲ့လိုဆိုတိုင်းလည်း 'ပိုက်ဆံမပေးရင်တောင် မင်းလုပ်နိုင်တယ်' ဆိုတာနဲ့မတူဘူးလေ"

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now