IRAATROMWPWMC(42.1)

3.3K 534 24
                                    

[Unicode]

သန္ဓေသားသည်လည်းသူမိဘများ၏စိတ်လှုပ်ရှားမှုများကိုခံစားမိပုံရကာ ဗိုက်ထဲတွင်လှုပ်လှုပ်ရှားရှားဖြင့်နိုးလာခဲ့သည်။

ထို့နောက်သူသည် "ပိရု~" ဆိုပြီးလုမင်ရှီကိုအတွင်းမှကန်လိုက်သည်။

အနမ်းထဲတွင်နစ်မြုပ်နေသည့်လုမင်ရှီမှာ ရုတ်တရက်အေးခဲသွားသည်။

ကုရိရှင်းလည်းထိတ်လန့်သွားပုံရသည်။

"အခုလေးတင် ကလေးလှုပ်သွားတယ်!"

လုမင်ရှီကသူ့ဗိုက်ပေါ်ကိုလက်တင်လိုက်သော်လည်း သူ့သန္ဓေသားသည်လေတစ်ချက်အဝှေ့တွင်ပျောက်ကွယ်သွားပြီးသူ့ကိုအထဲမှကန်ခဲ့ကာထပ်မံလျစ်လျူ ရှုသွားပြန်သည်။

လုမင်ရှီဆက်၍ပင်မရီနိုင်တော့ပေ။

ကုရိရှင်းသည်အိပ်ယာပေါ်တွင်ခြေချိတ်ထိုင်နေခဲ့ပြီး သူ့ကိုမျက်တောင်မခတ်စိုက်ကြည့်နေခဲ့သည့်အတွက် ရင်ထဲတွင်အနည်းငယ်နာကျင်သွားရသည်။

ကုရိရှင်းကခေါင်းမော့လိုက်ပြီး လုမင်ရှီကိုမသိမသာပြန်ခိုးကြည့်နေလိုက်သည်။ လုမင်ရှီကိုကြည့်ရင်းခိုးရီခဲ့ပြီးနောက်တွင် သူသည်လက်ချောင်းတွေကိုဆန့်ထုတ်လိုက်ပြီး လုမင်ရှီဗိုက်ကိုတိတ်တဆိတ်ခိုးထိလိုက်သည်။

အလွန်ကိုညင်သာစွာထိတယ်ဆိုရုံလေးဖြင့် အားလည်းအရမ်းမသုံးရဲခဲ့ပေ။

ထို့နောက်ကုရိရှင်း၏မျက်လုံးတွေပြူးကျယ်သွားခဲ့ရသည်။

အထဲကပိစိကသူ့ကိုထပ်ကန်ပြခဲ့လေသည်။

ရူးသွပ်နေတဲ့ဖခင်နှစ်ယောက်တို့သည်ရုတ်တရက်စိတ်လှုပ်ရှားသွားပြီး လှုပ်လှုပ်ရှားရှားပင်ဖြစ်သွားကြသည်။

သူတို့ကတစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေခဲ့ကြပြီး စိတ်လှုပ်ရှားစွာဖြင့်အချင်းချင်းဖက်လိုက်ကြသည်!

* * *
နောက်တစ်နေ့တွင် ကုရိရှင်းသည်အိမ်တွင်ထိုင်နေချင်စိတ်မရှိတော့သည့်အတွက် အလုပ်သို့သွားခဲ့သည်။ သူကတခြားနေ့တွေမှာလည်း အချိန်ကိုပဲအမြဲကြည့်နေခဲ့သည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now