IRAATROMWPWMC(20)

5.2K 861 73
                                    

[Unicode]

လုမင်ရှီအေးအေးချမ်းချမ်းအိပ်မပျော်ခဲ့တာ အချိန်အတော်ကြာခဲ့ပြီ။ သူကကျေနပ်စွာမျက်လုံးဖွင့်လိုက်ပေမယ့် ကုရိရှင်းရဲ့လက်မောင်းတွေကြားထဲရောက်နေမှန်းသိလိုက်ရသည်။ ဒါ့အပြင် သူတို့ကြားမှာနေရာလွတ်မရှိတဲ့အထိ လုမင်ရှီကတင်းတင်းကြပ်ကြပ်အဖက်ခံထားရသည်။

သူ့လည်ချောင်းထဲက ရှဉ့်အော်သံလိုမျိူးတောင်ထွက်မိလိုက်သည်။

လုမင်ရှီက ကုရိရှင်းလက်မောင်းကြားထဲရောက်နေတဲ့သူ့ကိုယ်သူဆွဲထုတ်ဖို့ကြိုးစားလိုက်သည်။ သူ့ရဲ့လက်တွေကိုထုတ်ဖို့ကြိုးစားခဲ့ပေမယ့် ခြေထောက်တွေကအဖိခံထားရသည်။ နာရီဝက်ကြာအောင်ရုန်းကန်ခဲ့ရပြီး မအောင်မြင်တဲ့အပြင် ပင်ပန်းပြီးချွေးပါထွက်နေသည်။

ကုရိရှင်းကသူကိုင်ထားတဲ့အရာကရုန်းကန်နေတယ်လို့ခံစားလိုက်ခဲ့ရတယ်။ သူကစိတ်အနှောင့်အယှက်ဖြစ်ခဲ့ပြီး လုမင်ရှီရဲ့တင်ပါးကိုနှစ်ကြိမ်ရိုက်လိုက်တယ်။ ပြီးတော့ မျက်လုံးဖွင့်မကြည့်ပဲ လုမင်ရှီကိုဆူလိုက်သေးသည်။
"စကားနားထောင်ပြီး ကောင်းကောင်းအိပ်"

ရုတ်တရက်တင်ပါးကိုအရိုက်ခံလိုကရတဲ့လုမင်ရှီက ကြက်သေသေသွားတယ်။ သူကအိပ်ရာခင်းကိုဆုပ်ကိုင်ထားရင်း ရဲနေတဲ့မျက်လုံးတွေနဲ့ပြတင်းပေါက်အပြင်ဘက်မှာနေထွက်လာတာကို ဝမ်းနည်းစွာစောင့်ကြည့်နေလိုက်ရသည်။

သူအစည်းအဝေးသွားရဦးမယ်...
ကုရိရှင်းမျက်နှာကို လုမင်ရှီစိုက်ကြည့်လိုက်တယ်။

လုမင်ရှီနက်နက်နဲနဲအတွေးတွေထဲကျရောက်သွားသည်။ သူကသက်ပြင်းရှည်တစ်ချက်ချလိုက်တယ်။ အားအပြည့်နဲ့သူ့ကိုယ်သူဆွဲထုတ်လိုက်ပြီး ကုရိရှင်းရဲ့နားရွက်နားကပ်ပြီးအော်လိုက်တယ်။
"အလုပ်__သွား__မယ်___"

နောက်တစ်စက္ကန့်အတွင်းမှာပဲ ကုရိရှင်းကငုတ်တုပ်ထထိုင်လိုက်တယ်။ အကာအကွယ်မဲ့နေတဲ့လုမင်ရှီက အိပ်ရာပေါ်ကနေဗုန်းခနဲပြုတ်ကျသွားတော့သည်။

. . .
တစ်နာရီကြာပြီးနောက် ရုံးတွင်ဖြစ်သည်။

အတွင်းရေးမှူးကလုမင်ရှီရဲ့နှာခေါင်းမှာရှိနေတဲ့ဆေးဂွမ်းလုံးနှစ်ခုကိုမြင်ပြီးမေးလိုက်တယ်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now