IRAATROMWPWMC(2)

9.5K 1.3K 74
                                    

[Unicode]

ကုရိရှင်းထွက်ပြေးလာခဲ့တယ်။

ပြေးပြီဆိုတာနဲ့ စေ့စေ့စပ်စပ်ပြေးဖို့လိုတယ်။ မဟုတ်ရင်တစ်ဝက်တစ်ပျက်နဲ့တင် အဖမ်းခံရပြီး ဝတ္ထု ထဲကအတိုင်း ကလေးရသွားလိမ့်မယ်။

T/L: ကလေးရသွားမယ်ဆိုတာ သူကမူလဇာတ်ကြောင်းထဲမှာပါသလို လုမင်ရှီနဲ့အိပ်မိပြီးကိုယ်ဝန်ရသွားတာကိုပြောတာပါ။

သူကယောကျာ်းတစ်ယောက်ဖြစ်နေပေမယ့် လိင်တူစိတ်ဝင်စားသူလဲဖြစ်တယ်။ အဲ့ဒါနဲ့ပဲ ကလေးရသွားတယ်ဆိုတာဖြစ်နိုင်လို့လား? ဒီဘဝမှာ တကယ်အဲ့လိုဖြစ်နိုင်တာလား? အဲ့ဒါဆိုဘာလို့ယောကျာ်းတွေက ကလေးရနိုင်ကြတာလဲ?

ကုရိရှင်းကပြေးနေတဲ့လမ်းမှာ အဲ့လိုတွေစဉ်းစားမိရင်း တအံ့တသြဖြစ်နေတယ်။

မနက်စောစောဖြစ်နေတဲ့အတွက် လမ်းမှာလူသူကင်းရှင်းနေပြီး သန့်ရှင်းသပ်ရပ်နေတဲ့အပြင် လမ်းပေါ်မှာ အကွာအဝေးဘယ်လောက်ထိရှိမယ်မသိရတဲ့ကျောက်တုံးလေးတွေက မနက်ခင်းအလင်းရောင်ကြောင့် တောက်ပနေသည်။

ကုရိရှင်း ဗိုက်ဆာလာသည်။
သူ့ရဲ့ဗိုက်ကိုထိလိုက်တဲ့အချိန်မှာ ဗိုက်ထဲကထွက်လာတဲ့ အသံကျယ်ကျယ်တစ်ခုကိုကြားလိုက်ရတယ်။

ကုရိရှင်းက သူစားဖို့အတွက်တစ်ခုခုဝယ်ရန်ဆုံးဖြတ်လိုက်သည်။ သူ့ရဲ့အင်္ကျီထဲက ပိုက်ဆံအိတ်ကိုထုတ်လိုက်တယ်။ ကိုင်လို့ကောင်းတဲ့ အမဲရောင်သားရေပိုက်ဆံအိတ် ဆိုတော့အထဲမှာပိုက်ဆံအတော်များများတော့ပါနိုင်လောက်ပါရဲ့...

သေချာတာက ဒီပိုက်ဆံအိတ်က လုမင်ရှီရဲ့ဟာပါ။ အဲ့လိုမှမဟုတ်ရင် ဘယ်လိုလုပ်ပြီး လုမင်ရှီအင်္ကျီထဲရောက်နေမှာလဲ။

ကုရိရှင်းကသူထွက်မပြေးခင်မှာ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့အင်္ကျီတွေကိုရှာတွေ့ခဲ့ပေမယ့် အကုန်ပြဲနေပြီဖြစ်သည်။ ထို့နောက် သူကလုမင်ရှီရဲ့ ဂျာကင်အင်္ကျီကိုဝတ်ဖို့ပဲရှိတော့တယ်။

သူဌေးသားဘောစိလေးရဲ့ပိုက်ဆံအိတ်ထဲမှာဘာတွေများရှိမလဲ?

ဒါပေါ့ အကုန်လုံးကပိုက်ဆံတွေချည်းပဲ။

မဟုတ်သေးဘူး။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now