IRAATROMWPWMC(50)

2.9K 417 21
                                    

[Unicode]

ပန်းသီးအရသာ အစိမ်းရောင်သကြားလုံးတစ်လုံး...

လုမင်ရှီရဲ့လျှာပေါ်ရောက်ခါစက သကြားလုံးသည်ဘာအရသာမှမရှိသေးပဲဖြစ်နေသည်။

အံ့သြတကြီးပါးစပ်မပိတ်နိုင်ဖြစ်နေတဲ့ လုမင်ရှီကိုမြင်တဲ့အခါ သူ့ရဲ့မေးကိုကိုင်ဖို့ ကုရိရှင်းလက်ဆန့်ထုတ်လိုက်တယ်။

"ကလောက်"
လုမင်ရှီ၏အပေါ်/အောက်သွားတို့ ကြိတ်ဝါးသံထွက်လာပြီး မာကျောတဲ့ပန်းသီးအရသာသကြားလုံးလေးသည် လုမင်ရှီ၏ပါးစပ်ထဲတွင်အစိတ်စိတ်ကွဲသွားခဲ့သည်။

လုမင်ရှီကခက်ခက်ခဲခဲမေးလိုက်တယ်။
"ဒါပေမယ့် ဘယ်လိုလုပ်ဖြစ်နိုင်မှာ..."

ကုရိရှင်းကအပြစ်ကင်းတဲ့ပုံနဲ့ပြန်ပြောလိုက်တယ်။
"ခင်ဗျား ကျွန်တော့်ကိုချစ်တယ်ဆိုတဲ့အကြောင်းပြောနေပေမယ့် ညစ်ပတ်နေတဲ့မျက်နှာကိုတောင်မမှတ်မိဘူး"

လုမင်ရှီဆွံ့အပြီး ရှက်သွားရသည်။
"ငါအဲ့လိုပြောမိလို့လား?"

ကုရိရှင်းက ဖုန်းမျက်နှာပြင်ကိုပုတ်လိုက်တယ်။
"ငါ့ယောကျာ်းက အရမ်းချောတယ်။ သူ့ကိုမြင်တဲ့အခါတိုင်း ငါ့မျက်လုံးတွေ သူ့ဆီကအကြည့်မလွှဲနိုင်ဘူး။ ညတိုင်း သူ့ကိုဖက်အိပ်ရတာအရမ်းသဘောကျတယ်။ ငါမနက်နိုးလာတိုင်း သူ့ကိုနမ်းချင်..."

လုမင်ရှီသည် ပင်အပ်ဖျားပေါ်ထိုင်နေရသလိုပင် ခံစားလာရသည်။ ဖုန်းကိုဆွဲယူဖို့ကြိုးစားလိုက်သော်လည်း ကုရိရှင်းကသူ့လက်ထဲကဖုန်းကိုအမြန်ဆုပ်ကိုင်လိုက်တယ်။

"မလှုပ်နဲ့"
ကုရိရှင်းကပြုံးလိုက်တယ်။
"အရှက်အကြောက်မရှိတဲ့ယောကျာ်းကို ကျွန်တော်ကြိုက်တာ"

လုမင်ရှီ : ". . ."
ဒီတော့ သူဘယ်နှခါလောက် 'ငါ့ယောကျာ်း'လို့ သတိလက်လွတ်ခေါ်မိလိုက်ပြီလဲ?

သူ့စိတ်ထဲမှာ အတော်ရှက်ပြီး ထပ်ခါထပ်ခါအော်ဟစ်နေမိတယ်...

လုမင်ရှီက သူ့မျက်နှာကိုကာလိုက်တယ်။

ကုရိရှင်းက လုမင်ရှီ၏ပါးကိုထိလိုက်ပြီး
"အဲ့စကားလေးတွေ ထပ်ကြားခွင့်ပေးပါဦးလား?"

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now