IRAATROMWPWMC(36)

3.2K 540 20
                                    

[Unicode]

သူ့ရဲ့စိတ်လှုပ်ရှားနေတဲ့နှလုံးခုန်နှုန်းတွေကို ရေကျသံတွေကဖုံးလွှမ်းသွားခဲ့သည်။ လုမင်ရှီရဲ့ဝိုးတဝါးပုံရိပ်ကို ကုရိရှင်းကစိုက်ကြည့်နေခဲ့ရင်းအကျိူးရှိတဲ့အရာတစ်ခုခုကိုလုပ်နေပြီး အဲ့အရာကသူ့ဘဝရဲ့အကြီးမားဆုံးစည်းချက်ကျမှုတစ်ခုလည်းဖြစ်သည်။ ဒါပေမယ့် လုမင်ရှီကတော့ ထိုအကြောင်းကိုမသိခဲ့ဘူး။

လုမင်ရှီကဘာတွေလုပ်နေတာတုန်း? သူကခန္ဓာကိုယ်ကိုအနည်းငယ်ကုန်းလိုက်ပြီးမျက်နှာထပ်သစ်နေသည်။

ဒါကပုံမှန်အတွေးအနေနဲ့ပါ

ဒါပေမယ့်သူကုန်းလိုက်တဲ့အခါ သူဝတ်ထားတဲ့အိမ်နေရင်းအဝတ်တွေကတင်းကြပ်သွားပြီး ဆွဲဆောင်မှုရှိတဲ့လိုင်းတွေကအထင်းသားပေါ်လာခဲ့သည်။

ကုရိရှင်းအသက်ပြင်းပြင်းရှူ လိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကိုငုံ့ကြည့်လိုက်သည်။ သူ့ရဲ့စိတ်အားထက်သန်နေတဲ့ညီလေးနဲ့ဆွေးနွေးဖို့ကြိုးစားလိုက်တယ်။

"မင်း ကောင်းကောင်းနေမှာလား...မင်းအပြင်ထွက်ရင်အရမ်းကြာလွန်းတယ်"

ကိုယ့်နေရာကိုယ်သိလေနော် ဟုတ်ပြီလား?

သို့သော်သူ၏ညီငယ်လေးကခေါင်းမာစွာမတ်တပ်ထရပ်လိုက်ပြီးခေါင်းထောင်ကြည့်နေသည်။

ကုရိရှင်းကသူ့ညီလေးကိုစိုက်ကြည့်နေခဲ့ပြီး ထိုအရာကလည်း သူ့ကိုပြန်စိုက်ကြည့်နေခဲ့လေသည်။

ကုရိရှင်းကထိုအရာကိုအောက်ဘက်သို့ရိုက်ချလိုက်သည်။

ညီငယ်လေးကဘေးကိုကပ်သွားပြီး သံပတ်ပေးထားသည့်အတိုင်းခေါင်းမာစွာတစ်ဖန်ပြန်လှည့်လာပြန်သည်။

ထိုကဲ့သို့အကြိမ်ကြိမ်လုပ်ပြီးသည့်နောက်တွင် ကုရိရှင်းလက်လျှော့လိုက်သည်။ ထို့နောက် ရေအေးဖြင့်ရေချိူးလိုက်သည်။

ရေချိူးခန်းကရေကို ရေခဲရေနီးပါးအဖြစ်ညှိလိုက်ပြီး သူ့ရဲ့အဓိကနေရာကိုချိန်ထားကာရေဖွင့်ချပြီး ထိုနေရာသို့အတိအကျပစ်လိုက်သည်။

* * *
ရေချိူးခန်းအပြင်ထွက်ထွက်ချင်း ကုရိရှင်းတစ်ကိုယ်လုံးတုန်ရင်နေခဲ့သည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now