IRAATROMWPWMC(66)

2.5K 332 24
                                    

[Unicode]

လုမင်ရှီနှင့် ဝေ့ကျန်ရှန်တို့နှစ်ယောက်သား မျက်လုံးအဝိုင်းသားဖြင့် အချင်းချင်းစိုက်ကြည့်နေကြသည်။

ဝေ့ကျန်ရှန်သည် အလွန်အမင်းကို မကျေမနပ်ဖြစ်သွားသည်။

အစတည်းက သူအရမ်းမပျော်မရွှင်ဖြစ်နေပြီးသား။ ဒါပေမယ့် အခုတော့ သူလုံးဝစိတ်ပျက်သွားပြီ။

"မင်းနိုင်ပါတယ်"

ဝေ့ကျန်ရှန်သည် သူ့စိတ်ထဲမှအော်ဟစ်နေသော်လည်း တကယ်တမ်းတွင် ဘာတစ်ခွန်းမှမပြောပဲ သူလှည့်ထွက်လိုက်သည်။

ငါလည်း မြန်မြန်ဆန်ဆန်ချစ်သူတစ်ယောက်ရှာပြီး လုမင်ရှီရဲ့ကလေးထက် အဆ၁၀၀၀၀ပိုချစ်ဖို့ကောင်းတဲ့ကလေးတစ်ယောက်ကို ရအောင်မွေးပစ်ဦးမယ်!

လုမင်ရှီရဲ့အနိုင်ယူမှုဘောင်အပြင်ဘက်မှာ ငါမနေချင်ဘူး! ငါဘယ်တော့မှ သူ့ကိုရှုံးမှာမဟုတ်ဘူး!

လုမင်ရှီသည် သူ၏ကလေးကိုအောင်ပွဲခံပွေ့ဖက်ထားပြီး အရှုံးဖြင့်ထွက်ပြေးသွားသူဝေ့ကျန်ရှန်၏ရှားပါးမြင်ကွင်းကို ကြည့်နေလိုက်သည်။

အကယ်၍ ဝေ့ကျန်ရှန်သာ နောက်ထပ်မိနစ်အနည်းငယ်လောက်ဆက်နေဦးမည်ဆိုလျှင် လုမင်ရှီ သူ့ကိုပိုပြီး ရန်စနေမိဦးမည်ဖြစ်သည်။

သူ ဒီလိုစကားလုံးတွေကိုသုံးဖြစ်လိမ့်မယ်။
"ဒီကလေးက ငါတစ်ယောက်တည်းရဲ့ကလေးမဟုတ်ဘူး။ ဒါပေမယ့် သူ့ကို ငါတစ်ယောက်တည်းကသာမွေးခဲ့ရတာ"

ဒါကြောင့်လည်း ဝေ့ကျန်ရှန်သည် သူ့မျက်နှာသူကယ်တင်နိုင်ဖို့ ထွက်ပြေးခဲ့ရုံမဟုတ်ပဲ လုမင်ရှီရဲ့ကျိူးကြောင်းဆီလျော်နိုင်စွမ်းကိုပါ ကယ်တင်ရန်ဖြစ်သည်။

ချမ်းမားသည် သူမသခင်လေး၏ မြင်ရခဲလှသောကလေးဆန်သည့်ပုံစံက်ိုမြင်တွေ့လိုက်ရသည့်အခါ သူမအပြုံးတွေကိုမထိန်းချူ ပ်နိုင်တော့ပေ။

"သခင်လေး...သခင်ငယ်လေးကို အောက်ချထားပါဦး"

ချမ်းမားက ခေါင်းမော့ကြည့်ရင်းဆိုသည်။
"သူ့ကိုချီထားရတာ ပင်ပန်းပါတယ်"

အစပိုင်းတွင် ကုရိရှင်းသည် ဝေ့ကျန်ရှန်ရောက်လာပြီးနောက်ပိုင်းတွင် အခြားလူများအားလုံးလည်း ရောက်နှင့်ပြီးဖြစ်သည်ဟု သူထင်လိုက်မိသည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now