IRAATROMWPWMC(55)

2.4K 378 23
                                    

[Unicode]

သူတို့နှစ်ယောက်က ချစ်ကြည်နူးစွာအချင်းချင်းကြည့်နေကြသည်။

ထိုစဉ် တံခါးကရုတ်တရက် "ဘန်း"ခနဲပွင့်သွားပြီး အလွန်တက်ကြွရွှင်လန်းနေပုံရသည့် အမျိူးသားနှင့်အမျိူးသမီးတို့၏အသံဟာလည်း တံခါးပေါက်မှထွက်ပေါ်လာသည်။

"ကိုယ်တို့ပြန်ရောက်ပြီ~...အချစ်ကလေးတို့ ~...."

မေမေလု၏ ဒက်ဆီဘဟ်လ်အဆင့်အသံမှာ အလွန်ချိူ ပြီး သံစဉ်လေးဖြင့်နှုတ်ဆက်သည်။

ကုရိရှင်းသည် ဆိုဖာပေါ်တွင်အုပ်မိုးနေရာမှ အနောက်ဘက်သို့နောက်ပြန်ရွေ့သွားကာ မူလနေရာတွင်ပုံစံတကျထိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုနေရာတွင်တိတ်ဆိတ်စွာထိုင်နေစဉ် အလွန်အမိန့်နာခံနေပုံပေါက်သည်။

လုမင်ရှီက ပေါ့ပေါ့ပါးပါးဖြစ်စေရန် ချောင်းဟန့်လိုက်သည်။

သူ၏ပွင့်ဟနေသောအိမ်နေရင်းအင်္ကျီကို လျင်မြန်စွာပြင်လိုက်သည်။ ဆိုဖာပေါ်တွင်လဲလျောင်းနေရင်း သူ့အကြည့်တို့ကို မျက်လုံးထောင့်တွင်ရုတ်တရက်ပေါ်လာသည့် သူ့မိဘထံပို့လွှတ်လိုက်သည်။

ထိုဇနီးမောင်နှံအတွဲသည် ဆန့်ကျင်ဘက်သို့ပြောင်းရွေ့ကာ တံခါးနောက်ဘက်တွင်ရပ်နေသော အထုပ်သယ်အလုပ်သမားတို့ကိုဝင်လာဖို့ လမ်းဖွင့်ပေးခဲ့သည်။

တူညီဝတ်စုံများဖြင့် ထိုအလုပ်သမားတို့၏လက်ထဲတွင် သေတ္တာကြီးများ၊ လက်ဆွဲခရီးဆောင်အိတ်များနှင့် Toolbox ဘူးများကိုသယ်လာကြသည်။ မေမေလု၏မှာကြားချက်များအပြီးတွင် သူတို့ကအစဉ်လိုက်ဝင်လာကြပြီး နေရာလွတ်များတွင်ပစ္စည်းတို့ကို ဂရုတစိုက်နေရာချထားပေးကြသည်။

ထို့နောက် သူတို့ပြန်လှည့်သွားကြကာ စက်ရုပ်များကဲ့သို့ လှုပ်ရုံသာလက်မောင်းတို့ကိုလွှဲယမ်းလျက်ထွက်သွားကြသည်။

ပထမဆုံးအကြိမ်အဖြစ် လုမိသားစု၏ကျယ်ဝန်းလှသောပန်းချီခန်းတွင် ပစ္စည်းများစွာပြည့်ကြပ်နေခဲ့သည်။

ကုရိရှင်းနှင့်လုမင်ရှီတို့သည် ဆိုဖာပေါ်တွင်ထိုင်နေရင်း တောင်ကဲ့သို့အပုံလိုက်ဖြစ်နေသည့်သေတ္တာအထပ်လိုက်နှင့်မျက်နှာချင်းဆိုင်နေရသည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now