IRAATROMWPWMC(12)

5.6K 1K 37
                                    

[Unicode]

ကုရိရှင်း နောက်တစ်ခေါက်ထွက်ပြေးလာရပြန်သည်။

သူကဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုရောက်လာခဲ့ပြီး ဒီရက်၂၀အတွင်းရခဲ့တဲ့ ယွမ်၂သိန်းကိုထုတ်ယူလိုက်တယ်။ ယွမ်၂သိန်းကို သေးငယ်အောင်သေချာထုတ်ပိုးကာကျောပေါ်တင်ပြီးထွက်လာလိုက်သည်။

ကုရိရှင်း ဒီကမ္ဘာကို လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကရောက်ရှိခဲ့တယ်။ ဒါကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ သူ့အတွက်အရေးတကြီးဖြစ်တဲ့အရာတွေ များများစားစားမရှိပါဘူး။ သူ့ကိုခေါင်းကိုက်စေတဲ့တစ်ခုတည်းသောအရာကတော့ လုမင်ရှီရဲ့ဝတ်စုံပင်။

ဒီဝတ်စုံကသူ့အတွက်အသုံးမလိုတော့ဘူး။ ပိုက်ဆံအိတ်ထဲမှာလဲ ကဒ်တွေပဲရှိတယ်။ ပါလာတဲ့ပိုက်ဆံဆိုလို့ ယွမ်၂၀ပင်ဖြစ်ကာ အဲ့ဒါကလည်းသူသုံးလို့ကုန်သွားပြီ။

ကုရိရှင်းကယွမ်၂၀ကိုထုတ်လိုက်ပြီး ပိုက်ဆံအိတ်ထဲထည့်လိုက်တယ်။ ပြီးတော့ပိုက်ဆံအိတ်ကိုယူလိုက်ပြီး သူ့ရဲ့မြွေရေခွံအိတ်ထဲကိုထည့်လိုက်တယ်။ ထို့နောက် အခန်းကိုမူလပိုင်ရှင်ဆီပြန်ပေးဖို့ သူနဲ့အိပ်ခန်းတူတဲ့ရှောင်ကျောက်ကို တောင်းဆိုလိုက်သည်။

ကုရိရှင်းက သူ့ရဲ့ယွမ်၂သိန်းနဲ့အတူကားဂိတ်ကိုထွက်လာခဲ့တယ်။

လမ်းတစ်လျှောက်မှာရှိသမျှလူတွေက ကုရိရှင်းကိုပဲလိုက်ကြည့်နေကြသည်။ သူသွားရမယ့်နေရာနဲ့နီးလာလေ အကြည့်တွေကပိုများလာလေ...

မူလကိုယ်ပိုင်ရှင်ရဲ့အသားအရည်ကောင်းနေမှုက တကယ်ကိုဘေးထွက်ဆိုးကျိူးပဲ။ ကုရိရှင်းကသူ့မျက်နှာကိုထိလိုက်ပြီး မျက်နှာဖုံးနဲ့ကွယ်ဖို့တောင် စဉ်းစားမိလိုက်သည်။

ကုရိရှင်းကလက်မှတ်ဝယ်ဖို့တန်းစီနေတုန်း သူ့မျက်ခုံးတွေချက်ချင်းတွန့်ချိူးသွားသည်။ ရုတ်တရက် သူ့နောက်ကျောကအထုတ်က ပေါ့သွားသည်။

ဒီခံစားချက်မျိူးကို သူရင်းနှီးနေပါသည်။

ကုရိရှင်းက သူခိုးရဲ့လက်ကောက်ဝတ်ကို သူ့လက်တစ်ဖက်နဲ့ချက်ချင်းပဲလှည့်ဖမ်းလိုက်သည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now