IRAATROMWPWMC(24)

3.8K 696 17
                                    

[Unicode]

လုမင်ရှီက နိုးလာဖို့အတွက်သူ့ကိုယ်သူလှုပ်ရမ်းလိုက်သည်။

မကြာခင်မှာယောက္ခမဖြစ်တော့မယ့်သူ့ရဲ့လှပတဲ့အမေက သူကလေးဘဝတုန်းက နို့မတိုက်ခင်ကလေးမြူ ခဲ့တဲ့အသံနဲ့သူ့ကိုနူးနူးညံ့ညံ့မေးလိုက်တယ်။

"ငါ့သား ဘယ်မတုန်းငါ့ရဲ့ချွေးမလေး?"

ဒါကအိပ်မက်တစ်ခုဖြစ်ရမယ်လို့ လုမင်ရှီတွေးမိတယ်။ သူ့အမေကဘယ်လိုလုပ်ပြီး ဒီလိုနူးနူးညံ့ညံ့လေးစကားပြောနိုင်မှာလဲ?

လုမင်ရှီကဟိုဘက်လှည့်ပြီးပြန်အိပ်လိုက်တယ်။

မေမေလုကအံ့သြသွားတယ်။ သူမက ဖေဖေလုကိုအကူအညီမဲ့စွာလှမ်းကြည့်ပြီးပြောလိုက်တယ်။
"ကျွန်မသားလေး ပင်ပန်းပြီးဖျားနေတာများလား? မဟုတ်ရင် သူ့ကိုနှိုးဖို့ဘာလို့ဒီလောက်ခက်နေတာလဲ?"

ဖေဖေလုက သူ့ဇနီးရဲ့အကူအညီလိုနေတဲ့အကြည့်တွေကိုလက်ခံရရှိအပြီးမှာ ယောကျာ်းတစ်ယောက်အနေနဲ့လုပ်ရမယ့်အပြုအမူတွေ ချက်ချင်းထုတ်ဖော်လိုက်သည်။ လက်နှစ်ဖက်က လုမင်ရှီရဲ့ပခုံးကိုဆွဲကိုင်လိုက်ပြီး နစ်ဝင်နေအောင်အိပ်နေတဲ့စောင်ပုံကြားထဲက သူ့ကိုဆွဲထုတ်လိုက်တယ်။ လုမင်ရှီ သူ့မျက်လုံးတွေကိုအံ့သြတကြီးဖွင့်ကြည့်လိုက်တယ်။

သူ့အဖေက စိတ်ပူနေတဲ့အကြည့်တွေနဲ့သူ့ကိုကြည့်နေခဲ့တယ်။

"မင်ရှီ ဒါဘယ်လောက်လဲ?"
ဖေဖေလုက ဂရုတစိုက်လက်ညှိုးတစ်ချောင်းထောင်ပြီးမေးလိုက်တယ်။

လုမင်ရှီ သူ့အဖေကိုစိုက်ကြည့်လိုက်တယ်။ သူ့ခြေထောက်တွေကိုခက်ခက်ခဲခဲ ထုတ်လိုက်တယ်။

"အဲ့ဒါက....၄?"

ဖေဖေလုနဲ့မေမေလုတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတယ်။

"မြန်မြန်သူ့ကိုအဝတ်လဲပေးပြီး ဆေးရုံသွားမယ်"
ဖေဖေလုက သူ့ဇနီးသည်ကိုပြတ်ပြတ်သားသားပြောလိုက်တယ်။ သူကအဝတ်တွေရှာနေချိန်မှာလည်း သူ့ကိုယ်သူအပြစ်တင်နေခဲ့သေးသည်။
"ဒါ ငါတို့အချိန်တော်တော်ကြာတဲ့အထိ သူ့ကိုတွေ့ဖို့ပြန်မလာခဲ့ကြလို့ဖြစ်ရတာ။ နောက်ဆုံးတော့ မင်ရှီမိန်းမရပြီး ကလေးလဲရခဲ့ပြီ။ သူသဘောမကျတဲ့အရာတွေကိုအတိတ်မေ့သွားတဲ့အထိ အရမ်းပျော်နေတာဖြစ်မယ်..."

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now