IRAATROMWPWMC(40)

3.8K 586 58
                                    

[Unicode]

"ငါကိုယ်ဝန်ရှိနေပြီ...ငါနဲ့ပြန်လိုက်ခဲ့ပါ"

သိပ်ကောင်းတယ်! အခုတော့တစ်ကမ္ဘာလုံးဆိုင်ရာပြသနာနဲ့ကုရိရှင်းရင်ဆိုင်လိုက်ရပြီ။ ဒီလိုလူတွေကသူတို့ပါတနာတွေရဲ့စကားလုံးတွေနဲ့ရင်ဆိုင်ရတဲ့အခါ အမှိုက်သရိုက်လိုလူဘယ်နှယောက်လောက် ခါးခါးသီးသီးငိုကြွေးခဲ့ကြပြီး နောင်တရစိတ်နဲ့သူတို့မိသားစုဆီပြန်သွားကြမလဲဆိုတာသူမသိခဲ့ဘူး။

...တစ်ဖက်လူအပေါ်ဆက်ဆံပုံတွေပြောင်းလဲသွားပြီး ပုံမှန်ထက်ပိုတဲ့အလိမ်အညာတွေနဲ့ တစ်ဖန်ပျက်ယွင်းသွားပြန်လိမ့်သည်။

သို့သော် ကုရိရှင်းသည်ထိုကဲ့သို့အမှိုက်သရိုက်ကောင်မဟုတ်သည့်အပြင် လုမင်ရှီသည်လည်းသူ၏မူလပါတနာမဟုတ်ခဲ့ပေ။

ထို့အပြင်အခြေအနေတွေက သူတို့ပုံမှန်လမ်းကြောင်းအတိုင်းမဟုတ်ကြတော့ဘူး။

ကုရိရှင်းကလုမင်ရှီကိုခိုးကြည့်လိုက်တယ်။

လုမင်ရှီကသူ့ကိုမျက်တောင်မခတ်စိုက်ကြည့်နေခဲ့ပြီး သူ့မျက်လုံးတွေကလည်း ကုရိရှင်းငြင်းတာနဲ့ချက်ချင်းကျလာတော့မည့်မျက်ရည်အပြည့်ဖြင့်ကြည့်နေခဲ့သည်။

တကယ်လို့မူလပိုင်ရှင်(ကုရိရှင်း)သာဒီနေရာမှာရှိနေရင် ချက်ချင်းအသည်းခွဲမယ့်အဖြေမျိူးပေးလိုက်မိမှာအမှန်ပင်ဖြစ်သည်။ နောက်ဆုံးတွင်တော့ မူလပိုင်ရှင်ဖြစ်သူသည် လုမင်ရှီကိုအရမ်းချစ်ခဲ့တဲ့အတွက်အန္တရာယ်ထဲသို့စွန့်စားခဲ့သည်။ သူကတစ်စုံတစ်ယောက်ကိုမူးယစ်ဆေးပေးခဲ့ပြီး သူချစ်ရတဲ့လူကိုအရယူဖို့စက်ဆုပ်ဖွယ်ရာနည်းကိုပင်သုံးခဲ့သည်။

ကုရိရှင်းရဲ့မျက်လုံးအရောင်တွေပြောင်းသွားခဲ့သည်။ သူကမူလစာအုပ်ထဲကလုမင်ရှီရဲ့ပြောင်းလဲမှုတွေအကြောင်းသတိရသွားတယ်။ မူလလုမင်ရှီသည် shouဇာတ်လိုက်ကြောင့် ဘာကိုမှမမြင်နိုင်အောင်ဖြစ်ခဲ့ပြီး နောက်ဆုံးတွင်ဒီဝတ္ထု၏အဆိုးသွမ်းဆုံးဗီလိန်ဖြစ်လာခဲ့သည်။ ထိုအရာသည်လုမင်ရှီ၏ပင်ကိုယ်စရိုက်ဖြစ်သည့် အချစ်ကြောင့်မျက်ကန်းဖြစ်သွားခြင်းနှင့် ကွဲပြားခြားနားသောလူတစ်ယောက်အဖြစ်ပြောင်းလဲသွားခြင်းတို့ကိုဖော်ပြနေသည်။ ယခုလုမင်ရှီသူ့ကိုထုတ်ဖော်ပြနေသောဘက်သည် ကိုယ်ဝန်ဆောင်ချိန်ဖြစ်သည့်အကျိူးသက်ရောက်မှုကြောင့်ဖြစ်နေနိုင်မလားဆိုပြီးကုရိရှင်းစိုးရိမ်ခဲ့သည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now