IRAATROMWPWMC(56)

2.2K 358 30
                                    

[Unicode]

ကုရိရှင်းအိပ်ရာကနိုးလာခဲ့သည်။ ထို့နောက် သွားတိုက်၊ မျက်နှာသစ်လုပ်ကာ အင်္ကျီလဲလိုက်ပြီး အားကစားသင်တန်းကျောင်းကိုထွက်လာခဲ့သည်။

လုမင်ရှီအတွက် စာတိုတစ်စောင်ချန်ခဲ့ဖို့ကိုလည်း သူမမေ့ခဲ့ပေ။

လုမင်ရှီနိုးလာချိန်တွင် မနက်၉နာရီပင်ကျော်နေပြီဖြစ်သည်။ သူ့ဘေးတွင်ရှိနေမြဲဖြစ်သည့် ကုရိရှင်းကိုစမ်းလိုက်သည်။

သို့ရာတွင် ဘယ်သူမှရှိမနေပေ။

ထို့ပြင် သူ့ဘေးဘက်မှအိပ်ရာခင်းမှာလည်း အေးစက်နေပြီဖြစ်သည်။

? ?

ရုပ်ရှင်ရဲ့ ထုတ်လုပ်မှုပိုင်းတွေကပြီးသွားပြီမဟုတ်လား? ဒီလိုဆို သူဘာလို့အပြင်ဆက်ထွက်နေသေးတာလဲ?

သူဘယ်ရောက်သွားတာလဲ?

လုမင်ရှီအိပ်ရာက မကြည်မသာထလိုက်ပြီး  အိမ်တစ်ခုလုံးကိုစတင်လှည့်ပတ်ရှာဖွေတော့သည်။ သို့သော် ကုရိရှင်းကို ရှာမတွေ့ခဲ့ပေ။

သူမျက်နှာသစ်လိုက်ပြီး နောက်တစ်ကြိမ်ထပ်စစ်ဆေးခဲ့သော်လည်း အိမ်ထဲတွင် ကုရိရှင်း၏အရိပ်ကိုပင်မတွေ့ခဲ့ပေ။

သူတို့ရဲ့ခွေးလည်း အိပ်ပျော်နေဆဲဖြစ်သည့်အတွက် ဆိုလိုသည်မှာ ကုရိရှင်းသည် ခွေးနှင့်လမ်းလျှောက်ထွက်ခြင်းမဟုတ်။

စိတ်လေးလံစွာဖြင့် ထမင်းစားခန်းထဲကို သူပြန်ဝင်လာခဲ့သည်။ နွားနို့ခွက်ကိုသူလှမ်းယူလိုက်ချိန် ခွက်အောက်တွင်ဖိထားသော မှတ်စုစာတိုတစ်စောင်ကိုသူတွေ့လိုက်ရသည်။

"နေရာတစ်ခုကို အကြောင်းကြားပြီးတာနဲ့ ကျွန်တော်ပြန်လာခဲ့ပါမယ်"

လုမင်ရှီခေါင်းညိမ့်လိုက်သည်။ အာ ဟုတ်တာပေါ့ သူအကြောင်းကြားဖို့သွားတာပဲ။

နေပါဦး! ဘာကိုအကြောင်းကြားမှာလဲ?

သူဘယ်ကိုသွားတာလဲ?

မနက်အစောက ဖြစ်ပျက်ခဲ့သမျှကို သူမေ့သွားခဲ့သည်။

သူတို့တွေပိုက်ဆံနည်းနေတာ မဟုတ်မှန်း ကုရိရှင်းသိပြီးပြီလေဟု လုမင်ရှီတွေးမိလိုက်သည်။ ဒါဆို သူဘာလို့သွားဖို့လိုသေးတာလဲ?

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now