IRAATROMWPWMC(52)

2.4K 399 12
                                    

[Unicode]

ကုရိရှင်းသည် လုမင်ရှီ၏ခါးကိုတိတ်ဆိတ်စွာဖက်လိုက်ပြီး အတည်မေးလိုက်သည်။
"တကယ်လုပ်လို့ရလား?"

သူ၏အသားပြည့်ဝနေသောခါးကို ကုရိရှင်းလာထိနေကြောင်းသတိထားမိသည်နှင့် လုမင်ရှီခေါင်းညိမ့်ပြလိုက်မိသည်။ လုမင်ရှီကိုယ်တိုင်မှာ ဘာမှမတတ်နိုင်တော့ပဲ ထုံထိုင်းသွားသလိုခံစားလိုက်ရသည်။

ဟမ်? ဒါကသူ့ကိုပျော်သွားစေမှာလား?

ထို့နောက် ကုရိရှင်းသည် လုမင်ရှီ၏ခါးတွင်ပတ်ထားသော ခါးပတ်ကိုလျှောချလိုက်သည်။

ဟမ်? ဒါဘယ်လိုတောင်းဆိုမှုမျိူးလဲ?

လုမင်ရှီမှာ ငါးစက္ကန့်လောက်ဆွံအသွားခဲ့သည်။ ကုရိရှင်း၏ဦးဆောင်မှုအောက်တွင် ကုရိရှင်းဘာကိုရည်ရွယ်နေလဲဆိုတာ နောက်ဆုံးတော့ သူသဘောပေါက်သွားခဲ့သည်။

လုမင်ရှီ၏မျက်နှာသည် အနီရောင်ပြောင်းသွားခဲ့သော်လည်း သူကငြင်းဖို့ကြိုးစားနေဆဲဖြစ်သည်။
"အခုထိ မမှောင်သေးဘူးလေ"

ကုရိရှင်းသည် ရီမုခ်တစ်ခုကိုလှမ်းယူလိုက်သည်။ နောက်တစ်စက္ကန့်အကြာတွင် ပြတင်းပေါက်ကို လိုက်ကာစဖုံးကွယ်သွားပြီး ညလင်းမီးတို့ပွင့်လာခဲ့သည်။ ဒီတော့ အခုလေထုက အဲ့ဒီကိစ္စလုပ်ဖို့အသင့်တော်ဆုံးပဲ!

လုမင်ရှီ : "ငါ...ငါ့ရဲ့အခုအခြေအနေနဲ့ ဒီလိုလုပ်ဖို့အဆင်မပြေလောက်ဘူးထင်တယ်နော်?"

ကုရိရှင်းက အရိုးသားဆုံးပြန်ဖြေလိုက်သည်။
"ကျွန်တော်တို့ ဆရာဝန်ရဲ့အကြံပေးချက်အတိုင်း လိုက်နာမှဖြစ်မယ်။ ခင်ဗျားလည်း ဒီကိစ္စလုပ်ဖို့အချိန်ယူနေတာ လအနည်းငယ်တောင်ကြာနေပြီ"

လုမင်ရှီသည် သင့်တော်သည့်အကြောင်းပြချက်ပေးရန် သူ့ဦးနှောက်ကိုအလုပ်ပေးလိုက်သည်။ ကုရိရှင်းကဝမ်းနည်းသွားပြီး စွပ်စွဲပြောဆိုလိုက်တယ်။
"မစ္စတာလု ခင်ဗျားလက်ခံမယ်လို့ ကတိပေးပြီးသားလေဗျာ။ ဂုဏ်သိက္ခာရှိတဲ့ဥက္ကဌတစ်ယောက်အနေနဲ့ ခင်ဗျားပေးထားတဲ့ကတိကို ပြန်မရုတ်သိမ်းသင့်ဘူး"

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now